(၃၆)ႏွစ္ျပည့္ ေမြးေန႔မွာ ရဟန္း သံဃာေတာ္ေတြအတြက္ မြန္ျမတ္လွတဲ့ အလွဴေလး ျပဳလုပ္ခဲ့တဲ့ စမိုင္းလ္

မင္းသမီး စမိုင္းလ္ ကေတာ့ တစ္ေခတ္တစ္ခါက အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြနဲ႔ အေကာင္းဆုံး ရပ္တည္လာၿပီး ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ရရွိခဲ့တဲ့ မင္းသမီးတစ္ေယာက္ပဲျဖစ္ပါတယ္။ လတ္ရွိမွာေတာ့ မင္းသမီးေခ်ာ စမိုင္းလ္ က အႏုပညာအလုပ္ေတြကို အရင္ကထပ္မလုပ္ေတာ့ေပမယ့္ ပရိသတ္ေတြနဲ႔အဆက္သြယ္မျပတ္သြားေအာင္ ျဖည္းျဖည္းမွန္မွန္နဲ႔သာလုပ္ကိုင္ေနတာ

ကိုေတြ႕ပါတယ္။ စမိုင္းလ္ကေတာ့ စိတ္သေဘာထားျပည့္ဝၿပီး စကားေျပာရင္လည္း ပြင့္ပြင့္လင္းလင္းနဲ႔ ေျပဆိုတက္တဲ့သူပဲျဖစ္ပါတယ္။ ဒါ့အျပင္ စမိုင္းလ္ဟာ သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားၿပီး ခ်စ္စရာေကာင္းတဲ့ သမီးေလးတစ္ေယာက္ကို ေမြးထားကာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ရရွိထားတာျဖစ္ပါတယ္။ အလႉတန္းေတြကိုလည္း

အၿမဲျပဳလုပ္လ်က္ရွိတဲ့ စမိုင္းလ္ ဟာ အသက္ ၃၆ ႏွစ္ျပည့္ ေမြးေန႔အႀကိဳအတြက္ ဇြန္လ ၂၁ ရက္ေန႔ ေမြးေန႔ပါတီေလးကို Online ကေန Game ေတြကစားရင္း ပရိသတ္ေတြအတြက္ ၃၆ သိန္းဖိုးကို ကံစမ္းမဲေဖာက္ေပးခဲ့ကာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ က်င္းပခဲ့တာပဲျဖစ္ပါတယ္။ယေန႔ ဇြန္လ ၂၂ ရက္ကေတာ့ စမိုင္းလ္ ရဲ႕ အသက္ ၃၆ ႏွစ္ျပည့္တဲ့ ေမြးေန႔ေလးျဖစ္တာေၾကာင့္ မြန္ျမတ္လွတဲ့ အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့

ဗီဒီယိုေလးကို ပရိသတ္ေတြအတြက္ တင္ေပးလာခဲ့ပါတယ္။ ဒီ ဗီဒီယိုေလးထဲမွာ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ကေတာ့ ရဟန္း၊ သံဃာေတာ္ေတြကို ေန႔ဆြမ္းကပ္လႉေနၿပီး ေကာင္းမႈကုသိုလ္ေလးကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ကဲ….ခ်စ္ပရိသတ္ႀကီေရး ယေန႔က်ေရာက္တဲ့ ၃၆ ႏွစ္ျပည့္ ေမြးေန႔ေလးမွာ မြန္ျမတ္လွတဲ့ အလႉေလးကိုျပဳလုပ္ခဲ့တဲ့ စမိုင္းလ္ကို ေမြးေန႔ဆုမြန္ေကာင္းေလး ေတာင္းေပးလိုက္ပါဦးေနာ္…..။

Read in UNICODE

မင်းသမီး စမိုင်းလ် ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံး ရပ်တည်လာပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်ရှိမှာတော့ မင်းသမီးချော စမိုင်းလ် က အနုပညာအလုပ်တွေကို အရင်ကထပ်မလုပ်တော့ပေမယ့် ပရိသတ်တွေနဲ့အဆက်သွယ်မပြတ်သွားအောင် ဖြည်းဖြည်းမှန်မှန်နဲ့သာလုပ်ကိုင်နေတာ

ကိုတွေ့ပါတယ်။ စမိုင်းလ်ကတော့ စိတ်သဘောထားပြည့်ဝပြီး စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်းနဲ့ ပြေဆိုတက်တဲ့သူပဲဖြစ်ပါတယ်။ ဒါ့အပြင် စမိုင်းလ်ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို မွေးထားကာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိထားတာဖြစ်ပါတယ်။ အလှူတန်းတွေကိုလည်း

အမြဲပြုလုပ်လျက်ရှိတဲ့ စမိုင်းလ် ဟာ အသက် ၃၆ နှစ်ပြည့် မွေးနေ့အကြိုအတွက် ဇွန်လ ၂၁ ရက်နေ့ မွေးနေ့ပါတီလေးကို Online ကနေ Game တွေကစားရင်း ပရိသတ်တွေအတွက် ၃၆ သိန်းဖိုးကို ကံစမ်းမဲဖောက်ပေးခဲ့ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ယနေ့ ဇွန်လ ၂၂ ရက်ကတော့ စမိုင်းလ် ရဲ့ အသက် ၃၆ နှစ်ပြည့်တဲ့ မွေးနေ့လေးဖြစ်တာကြောင့် မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့

ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။ ဒီ ဗီဒီယိုလေးထဲမှာ ဇနီးမောင်နှံ နှစ်ယောက်ကတော့ ရဟန်း၊ သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူနေပြီး ကောင်းမှုကုသိုလ်လေးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကဲ….ချစ်ပရိသတ်ကြီရေး ယနေ့ကျရောက်တဲ့ ၃၆ နှစ်ပြည့် မွေးနေ့လေးမှာ မွန်မြတ်လှတဲ့ အလှူလေးကိုပြုလုပ်ခဲ့တဲ့ စမိုင်းလ်ကို မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော်…..။

Source : စမိုင္းလ္ Smile’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *