သိန္းေပါင္းမ်ားစြာတန္တဲ့ ရတနာပစၥည္းတစ္ဆင္စာကို ခ်စ္ဇနီးေလးအတြက္ ေမြးေန႔စပ႐ိုက္လုပ္ေပးခဲ့တဲ့ စမိုင္းရဲ႕ ခင္ပြန္း

သ႐ုပ္ေဆာင္စမိုင္းလ္ကေတာ့ သူမရဲ႕ေမြးေန႔ေလးမွာ အလႉအတန္းေတြလည္းမ်ားစြာလုပ္ေဆာင္ခဲ့သလို ပရိသတ္ေတြအတြက္လည္း ေပ်ာ္႐ႊင္စရာအစီအစဥ္ေလးေတြကို လုပ္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။စမိုင္းလ္တို႔မိသားစုေလးက အလႉအတန္းဆိုရင္လည္းအရမ္းရက္ေရာၾကတဲ့ မိသားစုေလးျဖစ္လို႔ ပရိသတ္ေတြကေလးစားခ်စ္ခင္ေနၾကတာပါေနာ္။စမိုင္းလ္ကလည္း

ပရိသတ္ေတြအတြက္ထည့္စဥ္းစားေပးၿပီး သူမရဲ႕ေမြးေန႔ေလးကို တမူထူးျခားစြာက်င္းပခဲ့တာျဖစ္ပါတယ္။ စမိုင္းလ္ရဲ႕ခ်စ္ခင္ပြန္း ကိုျပည့္ေမာင္ကလည္း ခ်စ္ဇနီးေခ်ာေလးျဖစ္ခ်င္တဲ့ဆႏၵမွန္သမွ်ကို ျဖည့္ဆည္းေဆာင္႐ြက္ေပးတဲ့ ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္ပါတယ္။စမိုင္းလ္က

အိမ္ေထာင္က်အရမ္းကံေကာင္းတာေၾကာင့္ ေပ်ာ္႐ႊင္ခ်မ္းေျမ့စရာမိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။စမိုင္းလ္တို႔ရဲ႕မိသားစုေလးက စည္းစည္းလုံးလုံးနဲ႔ေႏြးေႏြးေထြးေထြးရွိၾကလို႔ လူအမ်ားကအားက်ေနရတဲ့မိသားစုေလးျဖစ္ပါတယ္ေနာ္။ အခုဆိုရင္လည္း စမိုင္းလ္ရဲ႕ခင္ပြန္း

ကိုျပည့္ေမာင္က ခ်စ္ဇနီးေလးရဲ႕ေမြးေန႔အတြက္ Suprise လုပ္ေပးလိုက္တာျဖစ္ပါတယ္။စိန္ေရာင္ေတြတလက္လက္ေတာက္ပေနတဲ့ ရတနာပစၥည္းတစ္ဆင္စာေလးက ၾကည့္႐ုံနဲ႔တင္ သိန္းေပါင္းမ်ားစြာတန္တယ္ဆိုတာသိသာပါတယ္ေနာ္။စမိုင္းလ္ကေတာ့ “Surprise ေလးေတာ့တိုက္ရမွ Thank you Mg”ဆိုၿပီး ခ်စ္ခင္ပြန္းကို ေက်းဇူးတင္စကားေျပာထားကာ သူမရဲ႕Instagram မွာ မွ်ေဝလာခဲ့တာျဖစ္ပါတယ္ေနာ္။

Read in UNICODE

သရုပ်ဆောင်စမိုင်းလ်ကတော့ သူမရဲ့မွေးနေ့လေးမှာ အလှူအတန်းတွေလည်းများစွာလုပ်ဆောင်ခဲ့သလို ပရိသတ်တွေအတွက်လည်း ပျော်ရွှင်စရာအစီအစဉ်လေးတွေကို လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုလေးက အလှူအတန်းဆိုရင်လည်းအရမ်းရက်ရောကြတဲ့ မိသားစုလေးဖြစ်လို့ ပရိသတ်တွေကလေးစားချစ်ခင်နေကြတာပါနော်။စမိုင်းလ်ကလည်း

ပရိသတ်တွေအတွက်ထည့်စဉ်းစားပေးပြီး သူမရဲ့မွေးနေ့လေးကို တမူထူးခြားစွာကျင်းပခဲ့တာဖြစ်ပါတယ်။ စမိုင်းလ်ရဲ့ချစ်ခင်ပွန်း ကိုပြည့်မောင်ကလည်း ချစ်ဇနီးချောလေးဖြစ်ချင်တဲ့ဆန္ဒမှန်သမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။စမိုင်းလ်က

အိမ်ထောင်ကျအရမ်းကံကောင်းတာကြောင့် ပျော်ရွှင်ချမ်းမြေ့စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။စမိုင်းလ်တို့ရဲ့မိသားစုလေးက စည်းစည်းလုံးလုံးနဲ့နွေးနွေးထွေးထွေးရှိကြလို့ လူအများကအားကျနေရတဲ့မိသားစုလေးဖြစ်ပါတယ်နော်။ အခုဆိုရင်လည်း စမိုင်းလ်ရဲ့ခင်ပွန်း

ကိုပြည့်မောင်က ချစ်ဇနီးလေးရဲ့မွေးနေ့အတွက် Suprise လုပ်ပေးလိုက်တာဖြစ်ပါတယ်။စိန်ရောင်တွေတလက်လက်တောက်ပနေတဲ့ ရတနာပစ္စည်းတစ်ဆင်စာလေးက ကြည့်ရုံနဲ့တင် သိန်းပေါင်းများစွာတန်တယ်ဆိုတာသိသာပါတယ်နော်။စမိုင်းလ်ကတော့ “Surprise လေးတော့တိုက်ရမှ Thank you Mg”ဆိုပြီး ချစ်ခင်ပွန်းကို ကျေးဇူးတင်စကားပြောထားကာ သူမရဲ့Instagram မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source : Smile Maung’s IG | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *