နေမကောင်းဖြစ်နေတဲ့ ဖခင်ကြီးကို လက်လေးကိုင်ပြီး အနားကတစ်ဖဝါးမှမခွာပဲ အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတဲ့ ထက်ထက်မိုးဦး
Read in UNICODE
အနုပညာလောကမှာ တစ်ခေတ်တစ်ခါ ထက်ထက်ရဲ့ ခေတ်လို့ ပြောစမှတ်တွင်အောင်ကို အောင်မြင်မှုတွေများစွာ ရရှိခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ထက်ထက်မိုးဦးပဲ ဖြစ်ပါတယ်။ ထက်ထက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က တီဗီကြော်ငြာများတွင် သူမ မပါရင်မဖြစ်လောက်အောင်ကို လူကြိုက်များခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ထက်ထက်ရဲ့ နာမည်အရင်း
ကတော့ မှုံရွှေရည်လို့ ခေါ်ပြီး အနုပညာအလုပ်တွေကိုတော့ ထက်ထက်မိုးဦးဆိုတဲ့ နာမည်နဲ့ပဲ လုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ထက်ထက်ဟာ ယနေ့ချိန်ထိလည်း ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားနေဆဲ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးများတွင်လည်း ပါဝင်သရုပ်ဆောင်နေရဆဲပဲ ဖြစ်ပါတယ်။ လတ်တလော
ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို ခေတ္တနားထားတာပါ။ ဒါ့အပြင် ဖခင်ဖြစ်သူကလည်း ရုတ်တရက် လေဖြတ်သွားတာကြောင့် ဆေးရုံတင်ထားရတာလည်း ဖြစ်ပါတယ်။မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နေမကောင်းဖြစ်နေတဲ့
ဖခင်ဖြစ်သူရဲ့အနားမှတစ်ဖဝါးမခွာဘဲ ဆေးရုံမှာအနီးကပ်ပြုစုစောင့်ရှောက်နေတဲ့ ထက်ထက်မိုးဦးရဲ့Video လေးပဲ ဖြစ်ပါတယ်။ ထက်ထက်ကလည်း သူမရဲ့ဖေဖေနေအမြန်ကောင်းအောင် ဆုတောင်းပေးကြပါဦးနော် ဆိုပြီးလည်း ပြောကြားထားပါသေးတယ်။ ပရိသတ်တွေအတွက် ထက်ထက်မိုးဦးရဲ့ live Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
Source : Htet Htet Moe Oo’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *