မြန္းၾကပ္မႈေတြနဲ႔ ရန္ကုန္ၿမိဳ႕ျပႀကီးကို ေခတၱေရွာင္ေနၾကတယ္ဆိုတဲ့ ပိုးအိအိခန္႔တို႔ မိသားစု

ျမန္မာ့လက္ေ႐ြးစင္တစ္ေယာက္ျဖစ္တဲ့ ေအာင္သူနဲ႔ သ႐ုပ္ေဆာင္မင္းသီးေခ်ာေလး ပိုးအိအိခန႔္ တို႔ မိသားစုေလးကေတာ့ ပရိသတ္ေတြခ်စ္ခင္အားက်ေနရတဲ့ မိသားစုေလးပဲ ျဖစ္ပါတယ္။ ေအာင္သူကေတာ့ ျမန္မာ့ေဘာလုံးေလာကမွာ ေျခစြမ္းေကာင္းေတြနဲ႔ ထြန္းေတာက္ေနၿပီး ျပည္ပကလပ္ေတြေတာင္သြားေရာက္ ကစားေနတဲ့ ျပည္သူခ်စ္တဲ့

ကစားသမားတစ္ေယာက္ပဲျဖစ္ပါတယ္။ ဒါ့အျပင္ မင္းသမီးေခ်ာေလး ပိုးအိအိခန႔္ ကလည္း အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ရယူၿပီး ေနရာတစ္ေနရာကို ရပ္တည္ထားႏိုင္တဲ့ မင္းသမီးေခ်ာေလးပဲျဖစ္ပါတယ္။ သူတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ကေတာ့ သာယာေပ်ာ္႐ႊင္တဲ့

အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားၿပီး ခ်စ္စရာေကာင္းေလာက္တဲ့ သားေလးတစ္ေယာက္ကို ေမြးဖြားထားတာပဲျဖစ္ပါတယ္။ သားေလး နာမည္ကိုေတာ့ သဲကိုးေလးလို႔ ေပးထားၿပီး ယခုဆိုရင္ ၁၁ လေတာင္ျပည့္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ ဒါ့အျပင္ ေမေမ ပိုးအိအိခန႔္ ကေတာ့ သားေလးရဲ႕ ေန႔စဥ္လႈပ္ရွားမႈပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြအတြက္

သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေဖာ္ျပေပးတာကို ေတြ႕ရပါတယ္။ ယခုတစ္ခါမွာလည္း ပိုးအိအိခန႔္ တို႔ မိသားစုေလးကေတာ့ ရန္ကုန္ၿမိဳ႕ေလးနဲ႔ ေဝးကြားတဲ့ နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕ကို သြားေရာက္အပန္းေျဖရင္းသဘာဝတရားရဲ႕ အလွတရားေတြနဲ႔ ေလေကာင္းေလသန႔္ရရွိတဲ့ေနရာေလးမွာ မိသားစုသုံးေယာက္ ႐ိုက္ထားတဲ့ ၾကည္ႏူးစရာ

ပုံရိပ္ေလးေတြကို ပရိသတ္ေတြ ခ်စ္အားပိုေအာင္ တင္ေပးလာခဲ့ျပန္ပါၿပီေနာ္..။ ဒီပုံေလးေတြနဲ႔လည္း မင္းသမီးေခ်ာေလး ပိုးအိအိခန႔္က ” ရန္ကုန္ၿမိဳ႕ျပရဲ႕ မြန္းက်ပ္မႈေတြနဲ႔ ေခတၱေရွာင္ မိသားစု” ဆိုၿပီး ေရးသားထားပါေသးတယ္။ကဲ..ခ်စ္ပရိသတ္ေတြလည္း သာယာေပ်ာ္႐ႊင္ၿပီး ၾကည္ႏူးစရာေကာင္းေလာက္တဲ့ ပိုးအိအိခန႔္ တို႔ မိသားစုပုံရိပ္ေလးေတြကို ၾကည့္ရႈရင္း အသည္းေလးေတြေပးခဲ့ဖို႔မေမ့ပါနဲ႔ဦးေနာ္..။

Read in UNICODE

မြန်မာ့လက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ အောင်သူနဲ့ သရုပ်ဆောင်မင်းသီးချောလေး ပိုးအိအိခန့် တို့ မိသားစုလေးကတော့ ပရိသတ်တွေချစ်ခင်အားကျနေရတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။ အောင်သူကတော့ မြန်မာ့ဘောလုံးလောကမှာ ခြေစွမ်းကောင်းတွေနဲ့ ထွန်းတောက်နေပြီး ပြည်ပကလပ်တွေတောင်သွားရောက် ကစားနေတဲ့ ပြည်သူချစ်တဲ့

ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးချောလေး ပိုးအိအိခန့် ကလည်း အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို ရယူပြီး နေရာတစ်နေရာကို ရပ်တည်ထားနိုင်တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သာယာပျော်ရွှင်တဲ့

အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းလောက်တဲ့ သားလေးတစ်ယောက်ကို မွေးဖွားထားတာပဲဖြစ်ပါတယ်။ သားလေး နာမည်ကိုတော့ သဲကိုးလေးလို့ ပေးထားပြီး ယခုဆိုရင် ၁၁ လတောင်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် မေမေ ပိုးအိအိခန့် ကတော့ သားလေးရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြပေးတာကို တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ပိုးအိအိခန့် တို့ မိသားစုလေးကတော့ ရန်ကုန်မြို့လေးနဲ့ ဝေးကွားတဲ့ နယ်မြို့လေးတစ်မြို့ကို သွားရောက်အပန်းဖြေရင်းသဘာဝတရားရဲ့ အလှတရားတွေနဲ့ လေကောင်းလေသန့်ရရှိတဲ့နေရာလေးမှာ မိသားစုသုံးယောက် ရိုက်ထားတဲ့ ကြည်နူးစရာ

ပုံရိပ်လေးတွေကို ပရိသတ်တွေ ချစ်အားပိုအောင် တင်ပေးလာခဲ့ပြန်ပါပြီနော်..။ ဒီပုံလေးတွေနဲ့လည်း မင်းသမီးချောလေး ပိုးအိအိခန့်က ” ရန်ကုန်မြို့ပြရဲ့ မွန်းကျပ်မှုတွေနဲ့ ခေတ္တရှောင် မိသားစု” ဆိုပြီး ရေးသားထားပါသေးတယ်။ကဲ..ချစ်ပရိသတ်တွေလည်း သာယာပျော်ရွှင်ပြီး ကြည်နူးစရာကောင်းလောက်တဲ့ ပိုးအိအိခန့် တို့ မိသားစုပုံရိပ်လေးတွေကို ကြည့်ရှုရင်း အသည်းလေးတွေပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်..။

Source : Poe Ei Ei Khant’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *