ယောင်တတ်လွန်းတဲ့ ကင်မရာမန်းကြီးကို ရှူတင်မှာ လိုက်စရင်း ပျော်နေတဲ့ စိုးပြည့်သဇင်
Read in UNICODE
ကျရာဇာတ်ရုပ်မှာ စိတ်ရောကိုယ်ပါ နစ်ပြီး သရုပ်ဆောင်နိုင်တာကြောင့် စိုးပြည့်သဇင်ကတော့ အသက်ငယ်စဉ်မှာတင် အကယ်ဒမီဆုကြီးတစ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ ဇာတ်ရုပ်မျိုးစုံကို ပြောင်းလဲသရုပ်ဆောင်နိုင်ပေမယ့်
သူမရဲ့ တကယ့်လက်တွေ့ကပုံစံလေးကတော့ ရိုးရှင်းပြီး အေးအေးဆေးဆေးသာ နေထိုင်တတ်သူလေး ဖြစ်ပါတယ်။ အနေအထိုင်သိမ်မွေ့ပြီး ချစ်စရာကောင်းလွန်းတဲ့ စိုးပြည့်သဇင်ကို ပရိသတ်တွေကသာမက အနုပညာအသိုင်းအဝိုင်းကပါ ချစ်ကြတာ
ဖြစ်ပါတယ်။ အနုပညာသမားတစ်ယောက်ပီပီ ရှုတင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ရရင်ကိုပျော်ရွှင်နေတတ်တဲ့ စိုးပြည့်သဇင်က ဒီနေ့မှာလည်း သူမရဲ့ အမှတ်တရဗီဒီယိုလေးတစ်ခုကို ချပြလာပါတယ်။ စိုးပြည့်သဇင်က ာ ယောင်တတ်တဲ့ကင်မရာမန်းကြီးကို စနောက်ပြီးပျော်ရွှင်နေတဲ့
မြင်ကွင်းလေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ စိုးပြည့်သဇင်ကတော့ ကလေးတစ်ယောက်လို လူကြီးတွေကို စနောက်ရရင်ကို ပျော်ရွှင်နေတတ်သူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရိုးရှင်းပြီး ပကာသနကင်းတဲ့ စိုးပြည့်သဇင်ရ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်နော်။
Source : Soe Pyae Thazin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *