နေမကောင်းဖြစ်နေတဲ့ဖခင်ဖြစ်သူကို ဆေးရုံစောင့်နေရတယ်လို့ အဖေများနေ့အမှတ်တရလေး ပြောပြခဲ့တဲ့ ခြူးလေး





Read in UNICODE

“နွေလယ်ညရဲ့ ညနေခင်း”ဇာတ်လမ်းတွဲတွေ စိုးစန္ဒာအဖြစ်သရုပ်ဆောင်ရင်းကနေ ခြူးလေးဟာဆိုရင် ပရိသတ်တွေကသတိထားမိရင်း အားပေးဝန်းရံမှုကို ရရှိလာတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ခြူးလေးရဲ့ ဇာတ်လမ်းတွဲတွေဟာဆိုရင် ချစ်ရပါသောနွေ၊ ရွှေဖူးစာဆုံရာမြေ….အစရှိတဲ့ ဇာတ်လမ်းတွဲတွေရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့

မင်းသမီးတစ်လက်ဆိုလည်းပါပဲနော်။ သူမကတော့ သရုပ်ဆောင်မှုပိုင်းမှာသာမက ဂီတပိုင်းမှာပါ အောင်မြင်လာတဲ့   အဆိုတော်တစ်လက်ပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းအသစ်တွေကို ထွက်ရှိလာနိုင်အောင်လည်း ကြိုးစားနေလျက်ရှိပါတယ်။ သူမဟာဆိုရင် အမိုက်စား tik tokလေးတွေကို ဆော့ထားတဲ့ ဗီဒီယိုလေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။ ဒီနေ့မှာကျရောက်တဲ့ အဖေများနေ့လေးမှာ ခြူးလေးက “အဖေများနေ့ အမှတ်တရ ဆေးရုံတက်နေတဲ့ အဖေကို စောင့်နေပါတယ်ပေါ့ အဖေဘယ်သွားလဲမသိ ကိုယ်က အိပ်ပျော်လို့”ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ

တင်လာခဲ့တာပဲဖြစ်ပါတယ်။ဒီနှစ်လေးကတော့ ခြူးလေးအတွက် အမှတ်တရလေးဖြစ်သွားခဲ့တာပါပဲနော်။ ပရိသတ်တွေအတွက် ခြူးလေးက ဆေးရုံတက်နေရတဲ့ဖခင်အတွက် အဖေများနေ့လေးမှာ ဆေးရုံစောင့်ပေးနေရပါတယ်ဆိုတဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း ခြူးလေးကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။

Source : Chue Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *