အဖေဖြစ်သူ စင်ယော်မောင်မောင်ကို အရာရာတိုင်းအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီး အဖေများနေ့မှာ ဂုဏ်ပြုပေးခဲ့တဲ့ မင်းသန့်မောင်မောင်





Read in UNICODE

ဒါရိုက်တာစင်ရော်မောင်မောင်ရဲ့သား မင်းသန့်မောင်မောင်ကလည်း ဖေဖေ့ရဲ့သွေးအပြည့်ပါတာကြောင့် အနုပညာဖန်တီးရတာကိုဝါသနာပါပြီး နိုင်ငံရပ်ခြားမှာ ပညာတွေသင်ကြားလာခဲ့တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ မင်းသန့်မောင်မောင်လည်း ပညာစုံလို့

မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေပြီး ဖေဖေ့ရဲ့အလုပ်တွေကို ကူပေးနေပြီဖြစ်ပါတယ်။ မင်းသန့်မောင်မောင်ရိုက်ကူးထားတဲ့ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေကြားမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး သူရိုက်ကူးခဲ့တဲ့ တစ်ခြားဖန်တီးမှုလေးတွေကလည်း

လက်ရာပြောင်မြောက်ပါတယ်နော်။ပရိသတ်တွေကတော့ မင်းသန့်မောင်မောင်ရဲ့ အနုပညာအရည်အသွေးတွေကို တစ်ခဲနက်ဝန်းရံအားပေးကြပါတယ်။ စင်ရော်မောင်မောင်ကလည်း သားဖြစ်သူကိုအရမ်းချစ်ပြီး လိုလေသေးမရှိအောင်

ဂရုစိုက်စောင့်ရှောက်ပေးတဲ့ ဖခင်ကောင်းတစ်ယောက်ပါ။ဒီနေ့အဖေများနေ့လေးမှာတော့ မင်းသန့်မောင်မောင်က ဖေဖေ့ရဲ့အလုပ်ကြိုးစားမှုနဲ့အရာရာတိုင်းအတွက်ကျေးဇူးတင်ပါတယ်ဆိုပြီး ရေးသားထားကာ ဖခင်နဲ့အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source : Min Thant Mg Mg’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *