ကေလးေတြကို ျမန္မာ႐ိုးရာအက သင္ေပးၿပီး ဝင္ေငြတစ္ခုရေအာင္ ႀကိဳးစားေနတဲ့ ျခဴးစစ္ဟန္
|ျခဴးစစ္ဟန္ကေတာ့ ျမန္မာအိုင္ေဒါ Season-4 ရဲ႕ဆန္ခါတင္ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္တဲ့အျပင္ Miss Face Of Beauty Myanmar Title ရရွိထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ အမ်ိဳးသားယဥ္ေက်းမႈ တကၠသိုလ္ေက်ာင္းဆင္းတစ္ေယာက္ပီပီ ျမန္မာအက၊ အဆိုပညာရပ္ေတြကို

ပိုင္ပိုင္ႏိုင္ႏိုင္ကြၽမ္းက်င္တတ္ေျမာက္ထားသူတစ္ေယာက္ပါ။ လတ္တေလာျဖစ္ပြားေနတဲ့ ကိုဗစ္ကပ္ေရာဂါဆိုးေၾကာင့္ ျမန္မာအိုင္ေဒါအဆိုေတာ္တစ္ေယာက္အေနနဲ႔ အခြင့္အလမ္းတခ်ိဳ႕ဆုံးရႈံးခဲ့ရတဲ့ ျခဴးစစ္ဟန္ကေတာ့ သမာအာဇီဝက်က်ရမယ့္ ဝင္ေငြရလမ္းအခ်ိဳ႕ကိုလည္း စဥ္းစားေနသူတစ္ေယာက္ပါ။ အႏုပညာကလြဲၿပီး

ဘာမွမလုပ္တတ္တဲ့ျခဴးစစ္ဟန္ကေတာ့ မၾကာေသးခင္ကမွ သူ႔ရဲ႕ကားနဲ႔ ႀကိဳ၊ ပို႔လုပ္ငန္းေလးကို လုပ္ကိုင္ခဲ့ေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဆင္မေျပခဲ့ပါဘူးတဲ့.. ဒါေၾကာင့္မို႔ ဒီတစ္ေခါက္မွာေတာ့ အႏုပညာအလုပ္နဲ႔ပဲ အသက္ေမြးလို႔ရမယ့္နည္းလမ္းတစ္ခုအေနနဲ႔ အႏုပညာဝါသနာပါသူကေလးေတြအတြက္ ျမန္မာ႐ိုးရာအက၊ Cat Walk ေလွ်ာက္နည္း၊ အဆိုပညာ၊

သ႐ုပ္ေဆာင္ပညာ စတာေတြကို သင္တန္းေလးဖြင့္ၿပီး တတ္ႏိုင္သေလာက္ အေကာင္းဆုံးႀကိဳးစားသင္ေပးသြားပါမယ္တဲ့ ပရိသတ္ႀကီးေရ.. လာမသင္ႏိုင္တဲ့ကေလးေတြအတြက္လည္း အိမ္တိုင္ရာေရာက္ သင္ၾကားေပးမယ့္ အစီအစဥ္ေလးလည္း ျပဳလုပ္သြားမယ့္အေၾကာင္း မွ်ေဝခဲ့ပါတယ္။ ျဖတ္လမ္းနည္းမလိုက္ဘဲ သမာအာဇီဝက်က် ပိုက္ဆံရွာဖို႔ႀကိဳးစားေနတဲ့ ျခဴးစစ္ကိုေတာ့ ေလးစားၿပီးရင္း ေလးစားေနပါၿပီေနာ္။
Read in UNICODE
ခြူးစစ်ဟန်ကတော့ မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့အပြင် Miss Face Of Beauty Myanmar Title ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ပီပီ မြန်မာအက၊ အဆိုပညာရပ်တွေကို

ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်တတ်မြောက်ထားသူတစ်ယောက်ပါ။ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြောင့် မြန်မာအိုင်ဒေါအဆိုတော်တစ်ယောက်အနေနဲ့ အခွင့်အလမ်းတချို့ဆုံးရှုံးခဲ့ရတဲ့ ခြူးစစ်ဟန်ကတော့ သမာအာဇီဝကျကျရမယ့် ဝင်ငွေရလမ်းအချို့ကိုလည်း စဉ်းစားနေသူတစ်ယောက်ပါ။ အနုပညာကလွဲပြီး

ဘာမှမလုပ်တတ်တဲ့ခြူးစစ်ဟန်ကတော့ မကြာသေးခင်ကမှ သူ့ရဲ့ကားနဲ့ ကြို၊ ပို့လုပ်ငန်းလေးကို လုပ်ကိုင်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့ပါဘူးတဲ့.. ဒါကြောင့်မို့ ဒီတစ်ခေါက်မှာတော့ အနုပညာအလုပ်နဲ့ပဲ အသက်မွေးလို့ရမယ့်နည်းလမ်းတစ်ခုအနေနဲ့ အနုပညာဝါသနာပါသူကလေးတွေအတွက် မြန်မာရိုးရာအက၊ Cat Walk လျှောက်နည်း၊ အဆိုပညာ၊

သရုပ်ဆောင်ပညာ စတာတွေကို သင်တန်းလေးဖွင့်ပြီး တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားသင်ပေးသွားပါမယ်တဲ့ ပရိသတ်ကြီးရေ.. လာမသင်နိုင်တဲ့ကလေးတွေအတွက်လည်း အိမ်တိုင်ရာရောက် သင်ကြားပေးမယ့် အစီအစဉ်လေးလည်း ပြုလုပ်သွားမယ့်အကြောင်း မျှဝေခဲ့ပါတယ်။ ဖြတ်လမ်းနည်းမလိုက်ဘဲ သမာအာဇီဝကျကျ ပိုက်ဆံရှာဖို့ကြိုးစားနေတဲ့ ခြူးစစ်ကိုတော့ လေးစားပြီးရင်း လေးစားနေပါပြီနော်။
Source : Chuu Sitt Han | Reference & Credit : Cele Gabar