ႏုပိ်ဳေနတဲ့ အေဖျဖစ္သူ ခင္လွိုင္ရဲ႕အေၾကာင္း အေဖမ်ားေန႔မွာ ပရိသတ္ေတြကို ႂကြားလံုးထုတ္ခဲ့တဲ့ သဇင္ထူးျမင့္

အေဖမ်ားေန႔မွာေတာ့ အႏုပညာရွင္ မင္းသားမင္းသမီး ေတြ ေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕ ဖခင္အတြက္ အေဖမ်ားေန႔အမွတ္တရ စာေလးေတြ ေရးသားခဲ့ၾကပါတယ္ ။ အေဖေတြရဲ႕ ဂုဏ္ေက်းဇူးေတြကို ဒီေန႔မွာ တခမ္းတနားေရးသားၿပီး အေဖမ်ားေန႔အတြက္

ဂုဏ္ျပဳခဲ့ၾကတာပါ ။ ဟာသ သ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ ဦးခင္လႈိင္ရဲ႕ သမီးအငယ္ဆုံးေလးျဖစ္တဲ့ သဇင္ထူးျမင့္ကေတာ့ အေဖမ်ားေန႔မွာ Happy Father’s Day ေဖေဖကငယ္ငယ္ကအတိုင္း ခုထိႏုပ်ိဳေနတုန္းပဲ ဆိုတဲ့စာသားေလးနဲ႔အတူ အသက္၄ႏွစ္ျပည့္ေမြးေန႔က

ေဖေဖဦးခင္လႈိင္နဲ႔တြဲ႐ိုက္ထားတဲ့ ပုံရယ္ ဒုတိယပုံကေတာ့ ေဖေဖဦးခင္လႈိင္ရဲ႕ပြဲဦးထြက္႐ုပ္ရွင္ ‘ခ်ိဳး႐ုပ္’Red carpet showေန႔ပုံေလးနဲ႔အတူ ယွဥ္တြဲၿပီး ပရိသတ္ေတြကို ေဖေဖဘယ္ေလာက္ႏုပ်ိဳေၾကာင္း ႂကြားခဲ့တာပဲျဖစ္ပါတယ္ ။ ဦးခင္လႈိင္ကေတာ့ သဲရဲ႕

ပို႔စ္ေအာက္မွာ ေဖေဖရယ္ ေမေမရယ္ မိသားစုႀကီးကို ခ်စ္ေသာ သားေတြသမီးေတြ ဘဝႀကီးတိုးတက္ေအာင္ျမင္ၿပီ းထာဝရေပ်ာ္႐ႊင္ေနႏိုင္ေအာင္ေဖေဖရယ္ေမေမရယ္အၿမဲႀကိဳးစားေနပါ့မယ္ ဆိုတဲ့ ၾကည္ႏူးဖြယ္မွတ္ခ်က္ေလးကို ေရးသားထားတာလည္းေတြ႕ရပါတယ္ ။

Read in UNICODE

အဖေများနေ့မှာတော့ အနုပညာရှင် မင်းသားမင်းသမီး တွေ တော်တော်များများဟာ သူတို့ရဲ့ ဖခင်အတွက် အဖေများနေ့အမှတ်တရ စာလေးတွေ ရေးသားခဲ့ကြပါတယ် ။ အဖေတွေရဲ့ ဂုဏ်ကျေးဇူးတွေကို ဒီနေ့မှာ တခမ်းတနားရေးသားပြီး အဖေများနေ့အတွက်

ဂုဏ်ပြုခဲ့ကြတာပါ ။ ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အဖေများနေ့မှာ Happy Father’s Day ဖေဖေကငယ်ငယ်ကအတိုင်း ခုထိနုပျိုနေတုန်းပဲ ဆိုတဲ့စာသားလေးနဲ့အတူ အသက်၄နှစ်ပြည့်မွေးနေ့က

ဖေဖေဦးခင်လှိုင်နဲ့တွဲရိုက်ထားတဲ့ ပုံရယ် ဒုတိယပုံကတော့ ဖေဖေဦးခင်လှိုင်ရဲ့ပွဲဦးထွက်ရုပ်ရှင် ‘ချိုးရုပ်’Red carpet showနေ့ပုံလေးနဲ့အတူ ယှဉ်တွဲပြီး ပရိသတ်တွေကို ဖေဖေဘယ်လောက်နုပျိုကြောင်း ကြွားခဲ့တာပဲဖြစ်ပါတယ် ။ ဦးခင်လှိုင်ကတော့ သဲရဲ့

ပို့စ်အောက်မှာ ဖေဖေရယ် မေမေရယ် မိသားစုကြီးကို ချစ်သော သားတွေသမီးတွေ ဘဝကြီးတိုးတက်အောင်မြင်ပြီ းထာဝရပျော်ရွှင်နေနိုင်အောင်ဖေဖေရယ်မေမေရယ်အမြဲကြိုးစားနေပါ့မယ် ဆိုတဲ့ ကြည်နူးဖွယ်မှတ်ချက်လေးကို ရေးသားထားတာလည်းတွေ့ရပါတယ် ။

Source : Thazin Htoo Myint’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *