စိတ္ေတြညစ္ စိတ္ေတြရႈပ္တဲ့အခ်ိန္တိုင္း သမီးေလးေတြနဲ႔အတူ သီခ်င္းေတြဖြင့္ၿပီး ကခုန္ပစ္တယ္ဆိုတဲ့ ခ်စ္သုေဝ

ခ်စ္သုေဝကေတာ့ အဆိုေတာ္ လင္းလင္းနဲ့ အိ္မ္ေထာင္က်ျပီး သာယာေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ခ်စ္သုေဝက အိမ္ေထာင္က်ျပီးေနာက္ပိုင္း သမီးနွစ္ေယာက္အတြက္ မိခင္တာဝန္မပ်က္ေစရသလို၊ အနုပညာအလုပ္၊

ပရဟိတအလုပ္ေတြကိုလည္း ဦးစီးလုပ္ေဆာင္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ စိတ္ထားေလးနူးညံ့ေပမယ့္ သန္စြမ္းထက္ျမက္တဲ့ ခ်စ္သုေဝကို ပရိသတ္ေတြကလည္း ခ်စ္ၾကပါတယ္။ အလုပ္ေတြမ်ားစြာကို လက္မလည္ေအာင္ လုပ္ကိုင္ေနရတဲ့ ခ်စ္သုေဝက

ဒီကေန့မွာေတာ့ သူမစိတ္ညစ္၊ စိတ္ရႈပ္တဲ့အခ်ိန္တိုင္း လုပ္ေလ့ရိွတဲ့ စိတ္ထြက္ေပါက္ေလးတစ္ခုကို မွ်ေဝလာပါတယ္။ ခ်စ္သုေဝက သူမမွာ စိတ္ညစ္ေနတိုင္း သမီးေလးေတြနဲ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကခုန္ေလ့ရိွေၾကာင္း အခုလိုပဲ

ဗီဒီယိုေလးနဲ့တကြ မွ်ေဝလာပါတယ္။ ခ်စ္သုေဝကေတာ့ ဘယ္ေလာက္ပဲ ေအာင္ျမင္မႈေတြကို ပိုင္ဆိုင္ထားပါေစ ပုထုဇဥ္လူသားပီပီ စိတ္ညစ္၊ စိတ္ရႈပ္စရာေတြ ရိွစျမဲပါပဲ။ ပရိသတ္ၾကီးလည္း ခ်စ္သုေဝတို့ မိသားစုေလးရဲ့ ဗီဒီယိုေလးကို သေဘာက်ၾကမယ္လို့ ေမွ်ာ္လင့္ပါတယ္ေနာ္။

Read in UNICODE

ချစ်သုဝေကတော့ အဆိုတော် လင်းလင်းနဲ့ အိမ်ထောင်ကျပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ချစ်သုဝေက အိမ်ထောင်ကျပြီးနောက်ပိုင်း သမီးနှစ်ယောက်အတွက် မိခင်တာဝန်မပျက်စေရသလို၊ အနုပညာအလုပ်၊

ပရဟိတအလုပ်တွေကိုလည်း ဦးစီးလုပ်ဆောင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိတ်ထားလေးနူးညံ့ပေမယ့် သန်စွမ်းထက်မြက်တဲ့ ချစ်သုဝေကို ပရိသတ်တွေကလည်း ချစ်ကြပါတယ်။ အလုပ်တွေများစွာကို လက်မလည်အောင် လုပ်ကိုင်နေရတဲ့ ချစ်သုဝေက

ဒီကနေ့မှာတော့ သူမစိတ်ညစ်၊ စိတ်ရှုပ်တဲ့အချိန်တိုင်း လုပ်လေ့ရှိတဲ့ စိတ်ထွက်ပေါက်လေးတစ်ခုကို မျှဝေလာပါတယ်။ ချစ်သုဝေက သူမမှာ စိတ်ညစ်နေတိုင်း သမီးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကခုန်လေ့ရှိကြောင်း အခုလိုပဲ

ဗီဒီယိုလေးနဲ့တကွ မျှဝေလာပါတယ်။ ချစ်သုဝေကတော့ ဘယ်လောက်ပဲ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပါစေ ပုထုဇဉ်လူသားပီပီ စိတ်ညစ်၊ စိတ်ရှုပ်စရာတွေ ရှိစမြဲပါပဲ။ ပရိသတ်ကြီးလည်း ချစ်သုဝေတို့ မိသားစုလေးရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်နော်။

Source : Chit Thu Wai’s Facebook

Add a Comment

Your email address will not be published. Required fields are marked *