ချစ်ဖို့ကောင်းတဲ့ အမှတ်တရပုံလေးနဲ့ အဖေများနေ့ကို ဂုဏ်ပြုလိုက်ကြတဲ့ မြင့်မြတ်တို့ သားအဖ
Read in UNICODE
သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်ရုပ်မရွေးပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီမင်းသားချော မြင့်မြတ်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်းရိုက်ကူးခဲ့သူဖြစ်ပြီး အနုပညာလောကမှာဆယ်စုနှစ်များစွာ ရပ်တည်အောင်မြင်နေတဲ့
မင်းသားချောတစ်ယောက်ဖြစ်ပါတယ်။မြင့်မြတ်ဟာ သာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကိုလည်းတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသားငယ်လေးမြတ်သူအပြင် နောက်ထပ်ရင်သွေးလေးကိုပါရရှိနေပြီဖြစ်ပါတယ်။ မြတ်သူလေးဟာလည်း မြင့်မြတ်နဲ့ရုပ်ချင်းအရမ်းဆင်တာဖြစ်ပြီး
ဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်စရာလေးပါနော်။ ဒါ့ပြင်မြတ်သူလေးဟာလည်း စကားလေးတွေတီတီတာတာပြောတတ်နေပြီး အသည်းယားစရာလေးပါ။ ဒီနေ့ ဇွန်လ 21ရက်နေ့လေးဟာဆိုရင်လည်း အဖေများနေ့လေးဖြစ်ပါတယ်။ မကြာသေးမီကလည်း
မြင့်မြတ်ရဲ့တပည့်ဖြစ်သူမြတ်ဝေထွန်းဟာ သူ့ရဲ့Facebookစာမျက်နှာတွင် “အဖေများနေ့” ဆိုတဲ့ captionလေးနဲ့ မြင့်မြတ်တို့သားအဖနှစ်ယောက်ရဲ့ပုံလေးတင်ပေးကာ ဂုဏ်ပြုပေးလာပါတယ်။ ကဲ….ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Myat Wai Tun’s Facebook | Reference & Credit : Myanmarload