ကြယ္လြန္သြားတဲ့ မိခင္ႀကီးအတြက္ ဘုရားရင္ျပင္ေတာ္ ရည္စူးလွဴဒါန္းတာ ၿပီးစီးသြားၿပီျဖစ္ေၾကာင္း မွ်ေဝခဲ့တဲ့ ဂြမ္းပံု

လြန္ခဲ့တဲ့ရက္ပိုင္းက တကၠသိုလ္ဂြမ္းပုံရဲ႕မိခင္ျဖစ္သူ ဆုံးပါးသြားခဲ့တာ ပရိသတ္ေတြလည္း သိရွိၿပီးျဖစ္မွာပါ။ ပရိသတ္ေတြ ရယ္ေမာေပ်ာ္႐ႊင္ဖို႔ ကိုယ္တတ္ကြၽမ္းတဲ့ဟာသပညာနဲ႔ အၿမဲေဖ်ာ္ေျဖေပးေနသူဂြမ္းပုံအတြက္ ဒီကာလေတြကေတာ့ မရယ္ႏိုင္တဲ့ကာလေတြ

ျဖစ္ေနမွာအမွန္ပါပဲ။ သူကေတာ့ မိခင္အတြက္ရည္စူးၿပီး ရန္ကုန္မွာလည္း အလႉအတန္းေတြလုပ္ေပးခဲ့တဲ့အျပင္ မိခင္ျဖစ္သူရဲ႕ေမြးရပ္ေျမ႐ြာေလးမွာပါ တခုခုလုပ္ေပးႏိုင္ဖို႔ စီစဥ္ခဲ့ပါတယ္။ မိခင္ျဖစ္သူရဲ႕ တစ္လျပည့္အမွီ ႐ြာဦးေက်ာင္းေစတီမွာ ရင္ျပင္ခင္းဖို႔ လႉဒါန္းေပးခဲ့ၿပီး

ဒီေန႔မွာေတာ့ ၿပီးစီးသြားၿပီျဖစ္တဲ့ ရင္ျပင္ေတာ္အလႉေလးကို မွ်ေဝေပးခဲ့ပါတယ္။ လာမယ့္ ဇြန္လ(၂၄) ရက္ေန႔မွာေတာ့ မိခင္ရဲ႕ေမြးရပ္ေျမျဖစ္တဲ့ ရခိုင္ျပည္နယ္၊ ပုန္းညက္႐ြာေလးမွာ တစ္လျပည့္ဆြမ္းေကြၽးဖို႔နဲ႔ ရင္ျပင္ေတာ္အလႉေလးအတြက္ တကၠသိုလ္ဂြမ္းပုံကေတာ့ ေရာက္ရွိေနၿပီျဖစ္ပါတယ္။ တကၠသိုလ္ဂြမ္းပုံကေတာ့

မိခင္ျဖစ္သူအတြက္ ေကာင္းမႈကုသိုလ္ေတြလုပ္ေပးရင္း အေကာင္းဆုံးနလန္ျပန္ထူႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုရမွာပါ။ ေမေမ့အတြက္ ကုသိုလ္ေကာင္းမႈေတြလုပ္ေပးရင္း ေသေသာသူၾကာရင္ေမ့ ဆိုသလို မိခင္ကိုသတိရစိတ္ေတြ ျမန္ျမန္ေမ့ေဖ်ာက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

လွန်ခဲ့တဲ့ရက်ပိုင်းက တက္ကသိုလ်ဂွမ်းပုံရဲ့မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ပရိသတ်တွေ ရယ်မောပျော်ရွှင်ဖို့ ကိုယ်တတ်ကျွမ်းတဲ့ဟာသပညာနဲ့ အမြဲဖျော်ဖြေပေးနေသူဂွမ်းပုံအတွက် ဒီကာလတွေကတော့ မရယ်နိုင်တဲ့ကာလတွေ

ဖြစ်နေမှာအမှန်ပါပဲ။ သူကတော့ မိခင်အတွက်ရည်စူးပြီး ရန်ကုန်မှာလည်း အလှူအတန်းတွေလုပ်ပေးခဲ့တဲ့အပြင် မိခင်ဖြစ်သူရဲ့မွေးရပ်မြေရွာလေးမှာပါ တခုခုလုပ်ပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ တစ်လပြည့်အမှီ ရွာဦးကျောင်းစေတီမှာ ရင်ပြင်ခင်းဖို့ လှူဒါန်းပေးခဲ့ပြီး

ဒီနေ့မှာတော့ ပြီးစီးသွားပြီဖြစ်တဲ့ ရင်ပြင်တော်အလှူလေးကို မျှဝေပေးခဲ့ပါတယ်။ လာမယ့် ဇွန်လ(၂၄) ရက်နေ့မှာတော့ မိခင်ရဲ့မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ပုန်းညက်ရွာလေးမှာ တစ်လပြည့်ဆွမ်းကျွေးဖို့နဲ့ ရင်ပြင်တော်အလှူလေးအတွက် တက္ကသိုလ်ဂွမ်းပုံကတော့ ရောက်ရှိနေပြီဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံကတော့

မိခင်ဖြစ်သူအတွက် ကောင်းမှုကုသိုလ်တွေလုပ်ပေးရင်း အကောင်းဆုံးနလန်ပြန်ထူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုရမှာပါ။ မေမေ့အတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးရင်း သေသောသူကြာရင်မေ့ ဆိုသလို မိခင်ကိုသတိရစိတ်တွေ မြန်မြန်မေ့ဖျောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Goon Sein | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *