အေဖမ်ားေန႔မွာ အေဖရွိသူတိုင္းကို အားက်တယ္လို႔ေျပာခဲ့ၿပီး ဖခင္နဲ႔ခင္ပြန္းကို ဂုဏ္ျပဳခဲ့တဲ့ အိျႏၵာေက်ာ္ဇင္

အိျႏၵာေက်ာ္ဇင္ကေတာ့ အေဖမ်ားေန႔မွာ သူမရဲ႕ ဖခင္ကို လြမ္းဆြတ္ သတိရေနပါတယ္။ ဒါေၾကာင့္ ခင္ပြန္းျဖစ္သူနဲ႔ သူမရဲ႕ ဖခင္အတြက္ အေဖမ်ားေန႔ အမွတ္တရအျဖစ္ ဂုဏ္ျပဳစကားဆိုခဲ့ပါတယ္။ ” ကြၽန္မ၏ တန္ဖိုးမျဖတ္ႏိုင္ေသာ ေဖေဖ ႏွင့္ ကြၽန္မ၏ တန္ဖိုးရွိေသာ ခင္ပြန္း တို႔အတြက္

ဂုဏ္ျပဳပါသည္။ အေဖရွိေသာသူတိုင္းကို အားက်ပါ၏ ။ “Happy Father’s Day”အေဖမ်ားအားလုံးကို ေလးစားလွ်က္…..” ဆိုၿပီးေတာ့ ဇြန္လ (၂၁) ရက္ေန႔ မနက္ ၁၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အိျႏၵာေက်ာ္ဇင္ဟာ မိခင္ရယ္၊ ခင္ပြန္းရယ္၊ သမီးႀကီး ၊

သားေလးတို႔နဲ႔ အတူ ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူတစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ အႏုပညာနဲ႔ ပတ္သက္လာရင္ သ႐ုပ္ေဆာင္ အလုပ္သာမက ၊ ပန္းခ်ီဆြဲတာ ၊ ဂစ္တာတီးတာ၊ သီခ်င္းဆိုတဲ့ ေနရာမွာပါ ထူးခြၽန္သူ တစ္ေယာက္ျဖစ္ပါတယ္။ ဝါသနာပါတဲ့အရာေလးေတြကိုလည္း

လက္ရွိ Stay Home ကာလမွာ မၾကာခဏ လုပ္ျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။ အိျႏၵာေက်ာ္ဇင္ဟာ ၁၉၉၆ တစ္ခုႏွစ္ထဲမွာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးျဖစ္ခဲ့ဖူးပါတယ္။ သူမဟာ အႏုပညာေလာကထဲမွာ ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ခိုင္မာစြာ ရပ္တည္ေနႏိုင္သူ

တစ္ဦးျဖစ္ၿပီး ၂၀၀၄ ခုႏွစ္မွာ “မ်က္ႏွာမ်ားတဲ့ မိုးေကာင္းကင္” ႐ုပ္ရွင္ဇာတ္ကား၊ ၂၀၁၇ခုႏွစ္မွာ “ရင္ဘက္ထဲကဓား” တို႔နဲ႔ ဇာတ္ေဆာင္ဆုေတြကို ပိုင္ဆိုင္ႏိုင္ခဲ့ သူပါ။ အိျႏၵာေက်ာ္ဇင္ဟာ သ႐ုပ္ေဆာင္ေျပတီဦးနဲ႔ ၂၀၁၁ခုႏွစ္ ဇန္နဝါရီ ၁ရက္ေန႔မွာ လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ အိမ္ေထာင္သက္တမ္း ၉ ႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္ပါတယ္။ သူတို႔မွာေတာ့ ခ်စ္စရာေကာင္းတဲ့ သမီးႀကီး ေျပသုျဒာနဲ႔ ခ်စ္စရာေကာင္းတဲ့ သားငယ္ေလး ေျပဓီရ တို႔ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

Read in UNICODE

အိန္ဒြာကျော်ဇင်ကတော့ အဖေများနေ့မှာ သူမရဲ့ ဖခင်ကို လွမ်းဆွတ် သတိရနေပါတယ်။ ဒါကြောင့် ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့ ဖခင်အတွက် အဖေများနေ့ အမှတ်တရအဖြစ် ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ” ကျွန်မ၏ တန်ဖိုးမဖြတ်နိုင်သော ဖေဖေ နှင့် ကျွန်မ၏ တန်ဖိုးရှိသော ခင်ပွန်း တို့အတွက်

ဂုဏ်ပြုပါသည်။ အဖေရှိသောသူတိုင်းကို အားကျပါ၏ ။ “Happy Father’s Day”အဖေများအားလုံးကို လေးစားလျှက်…..” ဆိုပြီးတော့ ဇွန်လ (၂၁) ရက်နေ့ မနက် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒြာကျော်ဇင်ဟာ မိခင်ရယ်၊ ခင်ပွန်းရယ်၊ သမီးကြီး ၊

သားလေးတို့နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင် အလုပ်သာမက ၊ ပန်းချီဆွဲတာ ၊ ဂစ်တာတီးတာ၊ သီချင်းဆိုတဲ့ နေရာမှာပါ ထူးချွန်သူ တစ်ယောက်ဖြစ်ပါတယ်။ ဝါသနာပါတဲ့အရာလေးတွေကိုလည်း

လက်ရှိ Stay Home ကာလမှာ မကြာခဏ လုပ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ

တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ “မျက်နှာများတဲ့ မိုးကောင်းကင်” ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ “ရင်ဘက်ထဲကဓား” တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ သူပါ။ အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အိမ်ထောင်သက်တမ်း ၉ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သူတို့မှာတော့ ချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒြာနဲ့ ချစ်စရာကောင်းတဲ့ သားငယ်လေး ပြေဓီရ တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *