မင္းေသြးရဲ႕ ေမြးေန႔မွာ အလွဴအတန္းေတြလုပ္ၿပီး ကုသိုလ္ျပဳေပးခဲ့တဲ့ ေနတိုးတို႔ မိသားစု

ေနတိုးကေတာ့ ဇြန္လ(၂၁) ရက္ေန႔မွာက်ေရာက္တဲ့ မင္းေသြးရဲ႕ ေမြးေန႔အတြက္ အလႉအတန္းေတြ လုပ္ရင္း ကုသိုလ္ျပဳေပးခဲ့တယ္လို႔ ဆိုပါတယ္။ မင္းေသြးနဲ႔ ေနတိုးရဲ႕ပရိသတ္ေတြကလည္း ဒီအလႉအတြက္ သာဓု ေခၚဆို ခဲ့ၾကပါေသးတယ္။ “ဒီေန႔ ကြယ္လြန္သူ – သ႐ုပ္ေဆာင္- မင္းေသြး (ခ)

ေနမင္းေအာင္ ( ေခၚ )ညီေလးငယ္အားရည္စူး၍ဆြမ္းဆက္ကပ္ ၿပီးေတာ့ ရခိုင္စစ္ေရွာင္ျပည္သူမ်ားအတြက္ တဲအိမ္(၁၅)လုံးကို အလိုေတာ္ျပည့္ဆရာေတာ္ႀကီးအား ဦးထိပ္ထားလ်က္ ရန္ကုန္ၿမိဳ႕ အလိုေတာ္ျပည့္ေက်ာင္းတိုက္သို႔လႉဒါန္းခဲ့ပါတယ္။ပရိသတ္မ်ားအားလုံးကုသိုလ္အမွ်ရျပပါေစခင္ဗ်ာ” ဆိုၿပီးေတာ့

ေနတိုးရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ဇြန္လ ၂၁ ရက္ေန႔က ေရးသားခဲ့တာ ျဖစ္ပါတယ္။ ေနတိုးတို႔မိသားစုဟာ ကြယ္လြန္သြားၿပီ ျဖစ္တဲ့ မင္းေသြးအတြက္ လစဥ္လတိုင္း အလႉအတန္းေတြ ျပဳလုပ္ေပးခဲ့သလို မင္းေသြး ျဖစ္ခ်င္ခဲ့တဲ့ ဆႏၵမ်ားကိုလည္း ျဖည့္ဆည့္ လုပ္ကိုင္ေပးေနတာ ေတြ႕ရပါတယ္။ မင္းေသြးဟာ ၂၀၁၈ခုႏွစ္၊ ေအာက္တိုဘာ(၃)

ရက္ေန႔က ႐ုတ္တရက္ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ ကြယ္လြန္ၿပီးတဲ့ေနာက္မွာလည္း ပရိသတ္ေတြေရာ၊အႏုပညာရွင္ေတြကပါ ဝမ္းနည္းေၾကကြဲခဲ့ၾကရပါတယ္။ မင္းေသြးကြယ္လြန္ၿပီးတဲ့ေနာက္မွ ႐ုံတင္ခဲ့တဲ့ မုန္းစြဲ ႐ုပ္ရွင္ဇာတ္ကား၊ သတ္ကြင္း ႐ုပ္ရွင္ဇာတ္ကား၊ မဟူရာ ႐ုပ္ရွင္႐ုံ ဆိုတဲ့

႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ကေနတဆင့္လည္း မင္းေသြးကို ပရိသတ္ေတြက သတိရေစခဲ့ျပန္ပါတယ္။ေနတိုးကလည္း မင္းေသြးရဲ႕ ဆႏၵအရ ရခိုင္ျပည္နယ္ မာန္ေအာင္ကြၽန္းမွာ တည္ထား ကိုးကြယ္ခဲ့တဲ့ မာန္ေအာင္ၿမိဳ႕နယ္ သံေက်ာက္ေတာင္ မဟာေဇယ်သိဒၶိမဟာမုနိရွင္ ေတာ္ျမတ္ဘုရာႀကီး ဘုရားအေနကဇာတင္လႉဒါန္းခဲ့ၿပီးျဖစ္ပါတယ္။ မင္းေသြးရဲ႕ တစ္ကိုယ္ေတာ္အေခြကိုလည္း အစ္ကိုျဖစ္သူ ေနတိုးက အၿပီးသတ္ေဆာင္႐ြက္ေပးခဲ့တာ ျဖစ္ပါတယ္။၂၀၂၀ ခုႏွစ္၊ ေအာက္တိုဘာလ (၃)ရက္ေန႔ဆိုရင္ေတာ့ မင္းေသြးကြယ္လြန္တာ (၂) ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္။

Read in UNICODE

နေတိုးကတော့ ဇွန်လ(၂၁) ရက်နေ့မှာကျရောက်တဲ့ မင်းသွေးရဲ့ မွေးနေ့အတွက် အလှူအတန်းတွေ လုပ်ရင်း ကုသိုလ်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ မင်းသွေးနဲ့ နေတိုးရဲ့ပရိသတ်တွေကလည်း ဒီအလှူအတွက် သာဓု ခေါ်ဆို ခဲ့ကြပါသေးတယ်။ “ဒီနေ့ ကွယ်လွန်သူ – သရုပ်ဆောင်- မင်းသွေး (ခ)

နေမင်းအောင် ( ခေါ် )ညီလေးငယ်အားရည်စူး၍ဆွမ်းဆက်ကပ် ပြီးတော့ ရခိုင်စစ်ရှောင်ပြည်သူများအတွက် တဲအိမ်(၁၅)လုံးကို အလိုတော်ပြည့်ဆရာတော်ကြီးအား ဦးထိပ်ထားလျက် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်သို့လှူဒါန်းခဲ့ပါတယ်။ပရိသတ်များအားလုံးကုသိုလ်အမျှရပြပါစေခင်ဗျာ” ဆိုပြီးတော့

နေတိုးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇွန်လ ၂၁ ရက်နေ့က ရေးသားခဲ့တာ ဖြစ်ပါတယ်။ နေတိုးတို့မိသားစုဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မင်းသွေးအတွက် လစဉ်လတိုင်း အလှူအတန်းတွေ ပြုလုပ်ပေးခဲ့သလို မင်းသွေး ဖြစ်ချင်ခဲ့တဲ့ ဆန္ဒများကိုလည်း ဖြည့်ဆည့် လုပ်ကိုင်ပေးနေတာ တွေ့ရပါတယ်။ မင်းသွေးဟာ ၂၀၁၈ခုနှစ်၊ အောက်တိုဘာ(၃)

ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ပြီးတဲ့နောက်မှာလည်း ပရိသတ်တွေရော၊အနုပညာရှင်တွေကပါ ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ မင်းသွေးကွယ်လွန်ပြီးတဲ့နောက်မှ ရုံတင်ခဲ့တဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကား၊ သတ်ကွင်း ရုပ်ရှင်ဇာတ်ကား၊ မဟူရာ ရုပ်ရှင်ရုံ ဆိုတဲ့

ရုပ်ရှင်ဇာတ်ကားကြီးတွေ ကနေတဆင့်လည်း မင်းသွေးကို ပရိသတ်တွေက သတိရစေခဲ့ပြန်ပါတယ်။နေတိုးကလည်း မင်းသွေးရဲ့ ဆန္ဒအရ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ တည်ထား ကိုးကွယ်ခဲ့တဲ့ မာန်အောင်မြို့နယ် သံကျောက်တောင် မဟာဇေယျသိဒ္ဓိမဟာမုနိရှင် တော်မြတ်ဘုရာကြီး ဘုရားအနေကဇာတင်လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ မင်းသွေးရဲ့ တစ်ကိုယ်တော်အခွေကိုလည်း အစ်ကိုဖြစ်သူ နေတိုးက အပြီးသတ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့ဆိုရင်တော့ မင်းသွေးကွယ်လွန်တာ (၂) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *