(၈)တန်းအရွယ်ထဲကဆုံးပါးသွားပြီး ဘုရားတောင်အတူမသွားခဲ့ရတဲ့ အဖေဖြစ်သူရဲ့ ပုံလေးကို ချပြခဲ့တဲ့ ပိုပို






Read in Unicode

အဆိုတော်ပိုပိုကတော့ သီချင်းကောင်းလေးတွေများစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်နေရာရယူထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ အဆွေးသီချင်းလေးတွေ အချစ်သီချင်းလေးတွေကို သီဆိုတတ်သူလေးပဲဖြစ်ပြီး

ယခုမှာ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေကာသီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေရဲ့ရှေ့ကို ချပြထားသူလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိနေတဲ့ သူမကတော့ ပွင့်လင်းပြောဆိုတတ်သူလေးဖြစ်ပြီး

အမိုက်စားဖက်ရှင်လေးတွေ ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့လေးကတော့ Happy Father’s Day ဖြစ်ပြီးသူမကတော့ အဖေများနေ့မှာ ၈တန်းနှစ်ကတည်းက ဆုံးသွားပြီး ငယ်ငယ်ကတည်းက ဘုရားတောင်အတူမသွားဖူးခဲ့တဲ့

အဖေရဲ့ ပုံရိပ်လေးကို ချပြလာခဲ့ပါတယ်။သူမကတော့ ” အဖေများနေ့တဲ့လား?၈တန်းနှစ်ကတည်းက ဆုံးသွားတာ အခုဆို ၁၇ နှစ် ငယ်ငယ်ကတည်းက ဘုရားတောင်အတူမသွားဖူးဘူးနောင်ဘဝ များ ကြုံလာရင် သားသမီးကို ဂရုစိုက်နိုင်တဲ့ ချစ်တတ်တဲ့

အဖေ တာဝန်ကျေတဲ့ အဖေ ဖြစ်ပါစေ But I love you Dad..I forgive you dad..” ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ပိုပိုတို့သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : ဝတ္ရည္မိုး’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *