အေဖျဖစ္သူနဲ႔ စိတ္ႀကီးတာခ်င္းတူလို႔ အေတာ္ညႇိခဲ့ရေပမယ့္ အေဖ့ေမတၱာေၾကာင့္ အားအရမ္းရွိရတယ္ဆိုတဲ့ ေဖြးေဖြး

နိုင္ငံေက်ာ္ မင္းသမီးေလးျဖစ္တဲ့ ေဖြးေဖြးက ဆယ္္စုနွစ္တစ္စုေက်ာ္တိုင္ အကယ္ဒမီဆုေပါင္းမ်ားစြာနဲ့ အနုပညာေလာကမွာ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ ေဖြးေဖြးက အနုပညာအလုပ္ေတြလုပ္ကိုင္ေနျပီး အသက္သံုးဆယ္ေက်ာ္သည့္တိုင္ အိမ္ေထာင္မျပဳေသးပဲ မိသားစုေတြနဲ့အတူတူ

ေနထိုင္ေနဆဲ ျဖစ္ပါတယ္။ ဒီကေန့ အေဖမ်ားေန့မွာေတာ့ ေဖြးေဖြးက သူမရဲ့ တုနႈိင္းမရတဲ့ ေဖေဖ့ကိုခ်စ္ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။ “ဘယ္ပုံမွာသားပုံျဖစ္ၿပီး ညာပုံသည္ ဖခင္ပုံျဖစ္​ေလသည္ ။😁 အ​ေဖက ရွည္ရွည္​ေဝး​​ေဝး ကဗ်ာဆန္ဆန္​ေတြမႀကိဳက္လို႔ လိုရင္းတိုရွင္းပဲ​ေရးသည္။ဒါ​ေတာင္ရွည္​ေန​ေသးသည္။ ဖခင္မ်ား​ေန႔မွမဟုတ္

အၿမဲတမ္းနီးပါး အ​ေဖ့ကိုခ်စ္သည္။ 🤫😋😁🙊စတာ… Always Love You Dad! အ​ေဖ နဲ႔ သမီး က စိတ္ႀကီးတာျခင္းတူ​ေတာ့ (အ​ေဖက​ေတာ့ပိုႀကီးတာ​ေပါ့​ေလ ငယ္ငယ္က အ​ေဖက မိုးကုတ္က ဆိုင္ကယ္တျဗင္းျဗင္းနဲ႔လမ္းသရဲ တဲ့😛​ေဂၚ…!😎)​ေတာ္​ေတာ္​ေတာ့ညႇိယူခဲ့ၾကရ​ေပမယ့္ အခု အခ်ိန္မွာ​ေတာ့ အ​ေဖ​ေပးတဲ့ေမတၱာ​ေတြ နားလည္မႈ​ေတြ​ေၾကာင့္ သမီး အားအရမ္းပိုရွိရတယ္။ ေက်းဇူးပါ အ​ေဖ…❤💪💪💪​ေဖခ်စ္မ်ားအားလုံး နဲ႔

အ​ေဖမ်ားအားလုံးလဲ ခ်စ္ျခင္း​ေမတၱာပို႔သပါတယ္ရွင္..” ဆိုျပီး အေဖမ်ားေန့အမွတ္တရေလးကို ေျပာထားပါတယ္။ ေဖြးေဖြးကေတာ့ အနုပညာအလုပ္ေတြကို ဒီအခ်ိန္ထိ ေကာင္းစြာလုပ္ကိုင္နိုင္တာ သူမရဲ့ ေနာက္ကြယ္က လိုေလေသးမရိွ ေထာက္ပံ့ေပးေနတဲ့ မိဘနွစ္ေယာက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အေဖမ်ားေန့မွာ အေဖ့ရဲ့ေမတၱာေတြကို နားလည္ျပီး ေပ်ာ္ရႊင္နိုင္ၾကပါေစေနာ္။

Read in UNICODE

နိုင်ငံကျော် မင်းသမီးလေးဖြစ်တဲ့ ဖွေးဖွေးက ဆယ်စုနှစ်တစ်စုကျော်တိုင် အကယ်ဒမီဆုပေါင်းများစွာနဲ့ အနုပညာလောကမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက အနုပညာအလုပ်တွေလုပ်ကိုင်နေပြီး အသက်သုံးဆယ်ကျော်သည့်တိုင် အိမ်ထောင်မပြုသေးပဲ မိသားစုတွေနဲ့အတူတူ

နေထိုင်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ အဖေများနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ တုနှိုင်းမရတဲ့ ဖေဖေ့ကိုချစ်ကြောင်း အခုလိုပဲ ပြောလာပါတယ်။ “ဘယ်ပုံမှာသားပုံဖြစ်ပြီး ညာပုံသည် ဖခင်ပုံဖြစ်လေသည် ။😁 အဖေက ရှည်ရှည်ဝေးဝေး ကဗျာဆန်ဆန်တွေမကြိုက်လို့ လိုရင်းတိုရှင်းပဲရေးသည်။ဒါတောင်ရှည်နေသေးသည်။ ဖခင်များနေ့မှမဟုတ်

အမြဲတမ်းနီးပါး အဖေ့ကိုချစ်သည်။ 🤫😋😁🙊စတာ… Always Love You Dad! အဖေ နဲ့ သမီး က စိတ်ကြီးတာခြင်းတူတော့ (အဖေကတော့ပိုကြီးတာပေါ့လေ ငယ်ငယ်က အဖေက မိုးကုတ်က ဆိုင်ကယ်တဗြင်းဗြင်းနဲ့လမ်းသရဲ တဲ့😛ဂေါ်…!😎)တော်တော်တော့ညှိယူခဲ့ကြရပေမယ့် အခု အချိန်မှာတော့ အဖေပေးတဲ့မေတ္တာတွေ နားလည်မှုတွေကြောင့် သမီး အားအရမ်းပိုရှိရတယ်။ ကျေးဇူးပါ အဖေ…❤💪💪💪ဖေချစ်များအားလုံး နဲ့

အဖေများအားလုံးလဲ ချစ်ခြင်းမေတ္တာပို့သပါတယ်ရှင်..” ဆိုပြီး အဖေများနေ့အမှတ်တရလေးကို ပြောထားပါတယ်။ ဖွေးဖွေးကတော့ အနုပညာအလုပ်တွေကို ဒီအချိန်ထိ ကောင်းစွာလုပ်ကိုင်နိုင်တာ သူမရဲ့ နောက်ကွယ်က လိုလေသေးမရှိ ထောက်ပံ့ပေးနေတဲ့ မိဘနှစ်ယောက်ကြောင့်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အဖေများနေ့မှာ အဖေ့ရဲ့မေတ္တာတွေကို နားလည်ပြီး ပျော်ရွှင်နိုင်ကြပါစေနော်။

Source : Phway Phway’s Facebook

Add a Comment

Your email address will not be published. Required fields are marked *