သူကိုယ်တိုင်ချက်ထားတဲ့ အစားအစာတွေ အားရပါးရစားတော့မယ့် သမီးလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ လင်းဇာနည်ဇော်





Read in UNICODE

လင်းဇာနည်ဇော်ကတော့ Single Motherအဖြစ် ရဲရဲဝံ့ဝံ့ရပ်တည်ကာ အခုဆိုရင်အနုပညာအလုပ်အပြင် သူမရဲ့ကိုယ်ပိုင်စီးပွားရေးစားသောက်ကုန်တွေကိုလည်း လုပ်ကိုင်လျက်ရှိသူပါ။ ချစ်စရာကောင်းတဲ့သမီးချော အလိမ္မာလေး မြူလင်းကိုကို

ကိုလည်း ပိုင်ဆိုင်ထားကာ မြူလင်းလေးကိုပရိသတ်တွေကလည်း သဲသဲလှုပ်ချစ်ခင်အားပေးကြတာပါပဲနော်။ အမြဲပျော်ပျော်နေကာ အဆင့်အတန်းမခွဲ ခြားဘဲ ဟိတ်ဟန်မရှိတဲ့ ဝါရင့်မင်းသမီးကြီးဖြစ်တဲ့လင်းဇာနည်ဇော်ကတော့

ရွှေခေါက်ဆွဲလုပ်ငန်းကို ဦးစီးလုပ်ကိုင်လျက်ရှိပါတယ်နော်။ ဒီနေ့မှာတော့ ” လုပ်တာတော့မေမေ့အတွက်..ပီးတော့ကြွက်စာဖြစ်သွားတယ်”ဆိုတဲ့စာလေးနဲ့ သူမကိုယ်တိုင်လုပ်ထားတဲ့စားစရာကို သမီးလေးမြူလင်းကစားရလို့

ပျော်ရွှင်နေတဲ့ပုံလေးတင်လာခဲ့တာပါ။ ချစ်စရာကောင်းတဲ့ သူတို့သားအမိဆက်ဆံရေးလေးကိုမြင်သူတိုင်းက သဘောကျနေကြတာပါနော်။ ပရိသတ်ကြီးလည်း လင်းဇာနည်ဇော်တို့ သားအမိကို ချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Lin Zarni Zaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *