႐ုပ္ရွင္ေလာကသားေတြအတြက္ သိန္း(၆၀)လွဴဒါန္းခဲ့ၿပီး ပရိသတ္အေယာက္(၁၀၀၀)အတြက္ ဖုန္းေဘ(၃၆)သိန္းဖိုးလွဴဒါန္းမယ္ဆိုတဲ့ စမိုင္းလ္

စမိုင္းလ္ကေတာ့ သူမရဲ႕ အသက္(၃၆)ႏွစ္ျပည့္ ေမြးေန႔မေရာက္ခင္ ရက္ပိုင္းအလိုကတည္းက အလႉအတန္းေတြ ဆက္တိုက္ျပဳလုပ္ေနတာပါ။ဒီေန႔ (ဇြန္လ၂၀ရက္) မွာလည္း ႐ုပ္ရွင္အစည္းအ႐ုံးမွာ ႐ုပ္ရွင္ေလာကသား ေတြအတြက္ သိန္း (၆၀) တိတိကို လႉဒါန္းခဲ့ပါေသးတယ္။ သူမအေနနဲ႔ ႐ုပ္ရွင္ေလာကသားေတြကို တစ္စုတစ္ေပါင္းတည္း မလႉရေသးတာေၾကာင့္ ဒီႏွစ္မွာ အခုလိုမ်ိဳး လႉဒါန္းျဖစ္တာလို႔ ဆိုပါတယ္။ “ ျမန္မာႏိုင္ငံ ျပန္လာကတည္းက စီးပြားေရးကို အဓိက လုပ္မိတယ္။ၿပီးေတာ့ အၿမဲတမ္းလႉျဖစ္တယ္ ေတာ္ေတာ္မ်ားမ်ား

လႉတယ္ေပ့ါ။ ေသခ်ာျပန္စဥ္းစားၾကည့္လိုက္ေတာ့ ႐ုပ္ရွင္ကို မလႉေသးဘူးျဖစ္ေနတယ္။ စုၿပီးေတာ့ အမ်ားႀကီး မလႉဖူးေသးဘူးေပ့ါေနာ္။ဒါေၾကာင့္မွတ္မွတ္ရရေလးျဖစ္ေအာင္ ႐ုပ္ရွင္ေလာကသား ေတြကိုလည္းကူညီတဲ့အေနနဲ႔ အမ်ားႀကီး လႉျဖစ္တာပါ။တစ္ခါတည္း အမ်ားႀကီးစုၿပီး လႉျဖစ္တာ ဒီတစ္ခါ ပထမဆုံးေပ့ါတစ္ဖြဲ႕ကို (၁၀)သိန္းနဲ႔ သိန္း(၆၀)လႉခဲ့တာပါ” လို႔ သူမက ဆိုပါတယ္။ေမြးေန႔အမွတ္တရအျဖစ္ ဒီေန႔လႉဒါန္းတဲ့အလႉမွာ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးကို ေငြက်ပ္ (၁၀)သိန္းက်ပ္၊ အေမမ်ားအဖြဲ႕အတြက္ ေငြက်ပ္(၁၀)သိန္း၊ မမမ်ားအဖြဲ႕အတြက္ ေငြက်ပ္(၁၀)သိန္း၊ စက္မႈအလႊာအဖြဲ႕အတြက္ ေငြက်ပ္(၁၀)သိန္း၊ ဇာတ္ပို႔ဇာတ္ရံအလႊာအဖြဲ႕အတြက္

ေငြက်ပ္(၁၀)သိန္းက်ပ္နဲ႔ ကိုလူေခ်ာအဖြဲ႕အတြက္ ေငြက်ပ္(၁၀) စုစုေပါင္း သိန္း(၆၀) တိတိကို လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဇြန္လ(၂၁)ရက္ေန႔မွာလည္း ပရိသတ္အေယာက္ (၁၀၀၀)အတြက္ ဖုန္းေဘလ္မ်ား လႉဒါန္းသြားမွာ ျဖစ္သလို ဇြန္လ(၂၁) ရက္ေန႔ တစ္ေန႔လုံးကိုလည္း အလႉအတန္းေတြ ဆက္တိုက္ျပဳလုပ္သြားမယ္လို႔ ဆိုပါတယ္။ “မနက္ျဖန္ ညေန(၄)နာရီကေန စၿပီး လႉဒါန္းမႈေတြ စမယ္ေပ့ါ၊အသက္ရႈစက္လည္းလႉမယ္ ။ ‌ေဒၚခင္ၾကည္ေဖာင္‌ေဒးရွင္းကိုလည္းလႈမယ္ပရိသတ္ေတြကိုလည္း လႉမယ္ၿပီးေတာ့ လူတစ္ေထာင္အတြက္ ဖုန္းေဘလ္ ၃၆၀၀စီ စုစုေပါင္း ၃၆သိန္းဖိုးလႉမယ္။ၿပီးသြားရင္ အမမနက္ျဖန္ေတာက္ေလွ်ာက္ကို

သိန္း၃၀၀ဖိုးကို တစ္ေန႔လုံးလႉေနမွာ”လို႔ သူမက ေျပာပါတယ္။ သ႐ုပ္ေဆာင္ စမိုင္းလ္ ဟာ အခုခ်ိန္မွာ ကိုယ္ပိုင္စီးပြားေရးေတြလည္း အမ်ားႀကီးပိုင္ဆိုင္ထားသ လိုကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရး ကိုလည္း စီစဥ္ေဆာင္႐ြက္ေနသူတစ္ဦးပါ။ ဒီလိုပိုင္ဆိုင္မႈေတြရွိလာႏိုင္ေအာင္လည္း ခင္ပြန္းျဖစ္သူက အလုပ္ႀကိဳးစားသလို သူကိုယ္တိုင္ကလည္း အိမ္ေထာင္မႈကိုထိန္းသိမ္း ရ တယ္လို႔ အင္တာဗ်ဴးမွာေျဖဆိုခဲ့ဖူးပါတယ္။ အခုဆိုရင္ စမိုင္းလ္႐ုပ္ရွင္ထုတ္လုပ္ေရးကိုပါ ဦးေဆာင္ေနသလို ပရိသတ္နဲ႔ အဆက္အသြယ္မျပတ္ဖို႔ သ႐ုပ္ေဆာင္ အလုပ္ေတြပါ ျပန္လုပ္ေနၿပီလို႔ သိရပါတယ္။ လက္ရွိမွာေတာ့ အဘြားျဖစ္သူ ဝါရင့္သ႐ုပ္ေဆာင္ႀကီး ေဒၚခင္ေလးေဆြရယ္၊ သူခ်စ္ရတဲ့ ခင္ပြန္းရယ္၊ သမီးေလး ႏွစ္ေယာက္ရယ္ နဲ႔ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

Read in UNICODE

စမိုင်းလ်ကတော့ သူမရဲ့ အသက်(၃၆)နှစ်ပြည့် မွေးနေ့မရောက်ခင် ရက်ပိုင်းအလိုကတည်းက အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ဒီနေ့ (ဇွန်လ၂၀ရက်) မှာလည်း ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်လောကသား တွေအတွက် သိန်း (၆၀) တိတိကို လှူဒါန်းခဲ့ပါသေးတယ်။ သူမအနေနဲ့ ရုပ်ရှင်လောကသားတွေကို တစ်စုတစ်ပေါင်းတည်း မလှူရသေးတာကြောင့် ဒီနှစ်မှာ အခုလိုမျိုး လှူဒါန်းဖြစ်တာလို့ ဆိုပါတယ်။ “ မြန်မာနိုင်ငံ ပြန်လာကတည်းက စီးပွားရေးကို အဓိက လုပ်မိတယ်။ပြီးတော့ အမြဲတမ်းလှူဖြစ်တယ် တော်တော်များများ

လှူတယ်ပေ့ါ။ သေချာပြန်စဉ်းစားကြည့်လိုက်တော့ ရုပ်ရှင်ကို မလှူသေးဘူးဖြစ်နေတယ်။ စုပြီးတော့ အများကြီး မလှူဖူးသေးဘူးပေ့ါနော်။ဒါကြောင့်မှတ်မှတ်ရရလေးဖြစ်အောင် ရုပ်ရှင်လောကသား တွေကိုလည်းကူညီတဲ့အနေနဲ့ အများကြီး လှူဖြစ်တာပါ။တစ်ခါတည်း အများကြီးစုပြီး လှူဖြစ်တာ ဒီတစ်ခါ ပထမဆုံးပေ့ါတစ်ဖွဲ့ကို (၁၀)သိန်းနဲ့ သိန်း(၆၀)လှူခဲ့တာပါ” လို့ သူမက ဆိုပါတယ်။မွေးနေ့အမှတ်တရအဖြစ် ဒီနေ့လှူဒါန်းတဲ့အလှူမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ငွေကျပ် (၁၀)သိန်းကျပ်၊ အမေများအဖွဲ့အတွက် ငွေကျပ်(၁၀)သိန်း၊ မမများအဖွဲ့အတွက် ငွေကျပ်(၁၀)သိန်း၊ စက်မှုအလွှာအဖွဲ့အတွက် ငွေကျပ်(၁၀)သိန်း၊ ဇာတ်ပို့ဇာတ်ရံအလွှာအဖွဲ့အတွက်

ငွေကျပ်(၁၀)သိန်းကျပ်နဲ့ ကိုလူချောအဖွဲ့အတွက် ငွေကျပ်(၁၀) စုစုပေါင်း သိန်း(၆၀) တိတိကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇွန်လ(၂၁)ရက်နေ့မှာလည်း ပရိသတ်အယောက် (၁၀၀၀)အတွက် ဖုန်းဘေလ်များ လှူဒါန်းသွားမှာ ဖြစ်သလို ဇွန်လ(၂၁) ရက်နေ့ တစ်နေ့လုံးကိုလည်း အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ “မနက်ဖြန် ညနေ(၄)နာရီကနေ စပြီး လှူဒါန်းမှုတွေ စမယ်ပေ့ါ၊အသက်ရှုစက်လည်းလှူမယ် ။ ‌ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းကိုလည်းလှုမယ်ပရိသတ်တွေကိုလည်း လှူမယ်ပြီးတော့ လူတစ်ထောင်အတွက် ဖုန်းဘေလ် ၃၆၀၀စီ စုစုပေါင်း ၃၆သိန်းဖိုးလှူမယ်။ပြီးသွားရင် အမမနက်ဖြန်တောက်လျှောက်ကို

သိန်း၃၀၀ဖိုးကို တစ်နေ့လုံးလှူနေမှာ”လို့ သူမက ပြောပါတယ်။ သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသ လိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကိုထိန်းသိမ်း ရ တယ်လို့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *