သမီးလေးတွေ ဝိတ်ချချင်အောင် ဒေါ်လောတွေကို ဆုကြေးငွေအဖြစ်ပေးပြီး သေချာပြုပြင်ပေးနေတဲ့ နန္ဒာလှိုင်





Read in UNICODE

အပြစ်ဆိုစရာမရှိတဲ့ သဘာဝအလှလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော အကယ်ဒမီ နန္ဒာလှိုင်က တစ်ချိန်က အနုပညာလောကရဲ့ အတောက်ပဆုံး ကြယ်ပွင့်တစ်ပွင့်ပါပဲ။ နန္ဒာလှိုင်က အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေမလုပ်ကိုင်တော့ပဲ ခင်ပွန်းဖြစ်သူ

ကိုဇေသီဟနဲ့အတူတူ သမီးသုံးယောက်ဖြစ်တဲ့ ဇေရတီလှိုင်၊ ဇေဝတီလှိုင်၊ ဇေမဒီလှိုင်တို့ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ အိမ်ထောာင်ရှင်မတစ်ယောက်အဖြစ် သူမရဲ့ ဘဝလေးကို ကျေနပ်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့နန္ဒာလှိုင်က သမီးသုံးယောက်အတွက်

စီစဉ်ထားတဲ့ သူမရဲ့ အစီအစဉ်လေးကို ပြောပြလာပါတယ်။ “သမီးသုံး‌ယောက်ကိုနေ့တိုင်းလမ်းလျှောက်ခိုင်းပါတယ်။ လမ်းလျှောက်ရင် ဖေဖေကတစ်ရက် 1USD သတ်မှတ်ပါတယ်။ မေမေကတော့ 5 USD ပဲပေးမယ်လိ ေ့လျှော့လိုက်တဲ့အပြင်၊ မပြေးတဲ့နေ့အတွက် 1USD လျှော့မယ်လို့(ဒါကအခုမှစ) လကုန်လို့ပေါင်ချိန်ရင် တစ်ပေါင်ကျရင် 2 USD ပေးပါတယ်။ ပြီးခဲ့တဲ့လ တစ်ရက်နေ့ကနေ

ဒီလလယ်ထိ ဝတီ 7 ပေါင်ကျလို့ 14 USD မေမေက 1 ပေါင်း 15USD iTunes card ဝယ်ရလို့အရမ်းတက်ကြွ။ ရတီကရက်ပိုင်းလေးနဲ့ 2 ပေါင်ကျ။ မဒီကတော့ iTunes card လိုချင်တော့ပြေးမယ်ဆိုတာကြီးဘဲ နန္ဒာလှိုင်ကတော့ အိမ်ထောင်မှုကိစ္စနိုင်နင်းရုံသာမက သမီးတွေအကြိုက်ကိုသိပြီး စနစ်တကျ ပြုပြင်ပေးနေတဲ့ မိခင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : Nandar Hlaing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *