မကြာခင် ပထမဆုံး သီချင်းလေးထွက်လာတော့မယ်ဆိုတဲ့ တန်ခွန်ကျော်
|တန်ခွန်ကျော်ကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပါ။ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်နေစဉ်ကတည်း ပရိသတ်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ဖြစ်ခဲ့သလို အောင်မြင်တဲ့အဆိုတော် တစ်ယောက်အနေနဲ့

ရပ်တည်ဖို့ကြိုးစားနေချိန်မှာလည်း ပရိသတ် အခိုင်အမာရရှိထားပါသေးတယ်။ လတ်တလောမှာတော့ တန်ခွန်ကျော်က သူ့ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ အဲ့ဒီသတင်းကောင်းလေးကတော့ မကြာခင်အချိန်မှာ

တန်ခွန်ကျော်ရဲ့ ပထမဆုံး ကိုယ်ပိုင်သီချင်းလေးကထွက်ရှိလာတော့မယ့် သတင်းကောင်းလေးပဲဖြစ်ပါတယ်။တန်ခွန်ကျော်က ဒီသတင်းကောင်းလေးနဲ့ အတူ သီချင်းလေးကိုလည်း အမြည်းအနေနဲ့ ဖွင့်ပြခဲ့ပါသေးတယ်။ ပရိသတ်တွေကတော့ တန်ခွန်ကျော်ရဲ့ သီချင်းအမြည့်လေးကို နားထောင်ပြီး သီချင်းလေးကို

အပြည့်နားထောင်ချင်နေပြီဖြစ်ကြောင်းမှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။ တန်ခွန်ကျော်ကလည်း သီချင်းလေးကို အချောဆိုပြီးပြီဖြစ်ကြောင်း မကြညခင်အချိန်မှာ ချစ်ရတဲ့ ပရိသတ်တွေဆီကို တင်ဆက်ပေးမှာဖြစ်တဲ့ အကြောင်းပြန်လည်ပြောထားပါသေးတယ်။ ပရိသတ်ကြီးတွေထဲက တန်ခွန်ကျော်ရဲ့ ပရိသတ်တွေအတွက် ဒီသတင်းလေးနဲ့ အတူ သီချင်းအမြည့်လေးကိုလည်း မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source : Tan Khun Kyaw | Reference & Credit : Cele Gabar