တိုက္ခန္းနဲ႔ပဲေနႏိုင္တဲ့အျပင္ ဝတ္ႏိုင္စားႏိုင္ရံုပဲရွိၿပီး ခ်မ္းသာတဲ့မင္းသမီးထဲမပါဘူးဆိုတဲ့ ေအးျမတ္သူ

တိုက္ခန္းေလးနဲ႔ ေနၿပီး မိသားစုကို ေထာက္ပံ့ေနတဲ့ မင္းသမီးေခ်ာေလး ေအးျမတ္သူက သူမဟာ အရမ္းခ်မ္းသာတဲ့ မင္းသမီးေတြထဲမွာ မပါဘူးလို႔ ဆိုပါတယ္။ အခုလို ကိုဗစ္ကာလအတြင္းမွာဆိုရင္ ဝင္ေငြမရွိတာေၾကာင့္ ပိုက္ဆံကို ေသခ်ာသုံးၿပီး ေနထိုင္ရသလို ဘာပစၥည္းမွေတာင္ မဝယ္ျဖစ္ဘူးလို႔ ဆိုပါတယ္။ “ေအးျမတ္သူက အရမ္းေပါမ်ားေနတဲ့ သူမဟုတ္ပါဘူး။ေအးျမတ္သူရဲ႕ live ကို

ၾကည့္ရင္သိႏိုင္ပါတယ္။ အရမ္းႀကီး စုမိေဆာင္းမိၿပီး အရမ္းႀကီး ရတဲ့မင္းသမီးထဲမွာ မပါဘူး။ေၾကာ္ျငာေတြလည္းအမ်ားႀကီး ႐ိုက္ရတဲ့ မင္းသမီးလည္း မဟုတ္ဘူး။ ကိုယ္လည္း က်စ္က်စ္လစ္လစ္ေလး ဆုထားရတာ ဒီလေတြထဲမွာဆိုရင္ ဘာမွလည္း မဝယ္ျဖစ္ဘူး။ ေအးျမတ္သူက ေနႏိုင္စားႏိုင္တယ္ လူျမင္တင့္ေအာင္ေတာ့ ဝတ္ႏိုင္တယ္ လုပ္ငန္းႀကီး တစ္ခုလုပ္ရေအာင္ တစ္ခုခု ရင္းႏွီးရေအာင္ေတာ့

ပိုလွ်ံေနတာမ်ိဳး ပိုက္ဆံအမ်ားႀကီး ရွိတဲ့ထဲမွာေတာ့ ေအးျမတ္သူ မပါပါဘူး”လို႔ ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမနဲ႔အတူတူ အလုပ္တြဲလုပ္ဖူးတဲ့ ဇာတ္ပို႔၊ဇာတ္ရံသမားေတြနဲ႔ စက္အဖြဲ႕သမားေတြအတြက္ သူမတိုက္ႏိုင္သ‌ေလာက္ လႉဒါန္းခဲ့ပါ‌ေသးတယ္။ ဒီအလႉေငြကိုေတာ့ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးက တဆင့္ လႉဒါန္းခဲ့တာလည္း ျဖစ္ပါတယ္။ “ လက္ရွိ စက္အဖြဲ႕ပဲျဖစ္ေစ၊ ဇာတ္ပို႔

ဇာတ္ရံပဲျဖစ္ေစ အားလုံးက ကိုယ္နဲ႔ အလုပ္လုပ္ဖူးတဲ့သူေတြခ်ည္းပဲ။ သူတို႔လည္း အခက္အခဲ အၾကပ္အတည္းျဖစ္တယ္၊ ကိုယ္လည္း အတူတူပဲ အရမ္းေပါမ်ားေနတဲ့သူေတာ့ မဟုတ္ပါဘူး။ ေမြးေန႔ မလုပ္လိုက္တဲ့ ပိုက္ဆံေတြကို သိမ္းထားမယ္ဆိုေပမယ့္ ကိုယ့္ထပ္ အၾကပ္အတည္းျဖစ္ေနတဲ့ ေမာင္ႏွမေတြကို ကူညီေပးမယ္လို႔ ရည္႐ြယ္ၿပီးလႉခဲ့တာပါ။” လို႔ ဇြန္လ(၁၉) ရက္ေန႔က မီဒီယာအင္တာဗ်ဴးမွာ ေျပာျပခဲ့ပါတယ္။ေ အးျမတ္သူဟာ

အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးသူတစ္ေယာက္လည္းျဖစ္ပါတယ္။ သူမက အႏုပညာအလုပ္ကို အသက္ ၁၉ ႏွစ္အ႐ြယ္ကတည္းက စတင္လုပ္ကိုင္ခဲ့တာပါ။ အခုခ်ိန္မွာေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြ၊ ဗီဒီယို ဇာတ္ကားေတြ၊ တီဗီေၾကာ္ျငာေပါင္း မ်ားစြာတို႔ကို ႐ိုက္ကူးခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ လက္ရွိမွာလည္း ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္ေနတဲ့ သ႐ုပ္ေဆာင္ျဖစ္ၿပီး အႏုပညာအလုပ္ေတြကို တစိုက္မတ္မတ္ ေဆာင္႐ြက္ေနတာကိုလည္း ေတြ႕ရပါတယ္။

Read in UNICODE

တိုက်ခန်းလေးနဲ့ နေပြီး မိသားစုကို ထောက်ပံ့နေတဲ့ မင်းသမီးချောလေး အေးမြတ်သူက သူမဟာ အရမ်းချမ်းသာတဲ့ မင်းသမီးတွေထဲမှာ မပါဘူးလို့ ဆိုပါတယ်။ အခုလို ကိုဗစ်ကာလအတွင်းမှာဆိုရင် ဝင်ငွေမရှိတာကြောင့် ပိုက်ဆံကို သေချာသုံးပြီး နေထိုင်ရသလို ဘာပစ္စည်းမှတောင် မဝယ်ဖြစ်ဘူးလို့ ဆိုပါတယ်။ “အေးမြတ်သူက အရမ်းပေါများနေတဲ့ သူမဟုတ်ပါဘူး။အေးမြတ်သူရဲ့ live ကို

ကြည့်ရင်သိနိုင်ပါတယ်။ အရမ်းကြီး စုမိဆောင်းမိပြီး အရမ်းကြီး ရတဲ့မင်းသမီးထဲမှာ မပါဘူး။ကြော်ငြာတွေလည်းအများကြီး ရိုက်ရတဲ့ မင်းသမီးလည်း မဟုတ်ဘူး။ ကိုယ်လည်း ကျစ်ကျစ်လစ်လစ်လေး ဆုထားရတာ ဒီလတွေထဲမှာဆိုရင် ဘာမှလည်း မဝယ်ဖြစ်ဘူး။ အေးမြတ်သူက နေနိုင်စားနိုင်တယ် လူမြင်တင့်အောင်တော့ ဝတ်နိုင်တယ် လုပ်ငန်းကြီး တစ်ခုလုပ်ရအောင် တစ်ခုခု ရင်းနှီးရအောင်တော့

ပိုလျှံနေတာမျိုး ပိုက်ဆံအများကြီး ရှိတဲ့ထဲမှာတော့ အေးမြတ်သူ မပါပါဘူး”လို့ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမနဲ့အတူတူ အလုပ်တွဲလုပ်ဖူးတဲ့ ဇာတ်ပို့၊ဇာတ်ရံသမားတွေနဲ့ စက်အဖွဲ့သမားတွေအတွက် သူမတိုက်နိုင်သ‌လောက် လှူဒါန်းခဲ့ပါ‌သေးတယ်။ ဒီအလှူငွေကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တဆင့် လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ “ လက်ရှိ စက်အဖွဲ့ပဲဖြစ်စေ၊ ဇာတ်ပို့

ဇာတ်ရံပဲဖြစ်စေ အားလုံးက ကိုယ်နဲ့ အလုပ်လုပ်ဖူးတဲ့သူတွေချည်းပဲ။ သူတို့လည်း အခက်အခဲ အကြပ်အတည်းဖြစ်တယ်၊ ကိုယ်လည်း အတူတူပဲ အရမ်းပေါများနေတဲ့သူတော့ မဟုတ်ပါဘူး။ မွေးနေ့ မလုပ်လိုက်တဲ့ ပိုက်ဆံတွေကို သိမ်းထားမယ်ဆိုပေမယ့် ကိုယ့်ထပ် အကြပ်အတည်းဖြစ်နေတဲ့ မောင်နှမတွေကို ကူညီပေးမယ်လို့ ရည်ရွယ်ပြီးလှူခဲ့တာပါ။” လို့ ဇွန်လ(၁၉) ရက်နေ့က မီဒီယာအင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ေ အးမြတ်သူဟာ

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *