ျပတိုက္မွာ အႏုပညာရွင္အျဖစ္ ေဖာ္ျပျခင္းခံရၿပီး ႐ုပ္ရွင္ႏွစ္(၁၀၀)ျပည့္ ႐ိုက္ကူးေရးမွာ ပါဝင္ခြင့္ရေနလို႔ ဝမ္းသာေနတဲ့ ဟိန္းေဝယံ

ဟိန္းေဝယံကေတာ့ ႐ုပ္ရွင္ႏွစ္(၁၀၀) ျပည့္အတြက္ ႐ိုက္ကူးေရးေတြလုပ္ေနတယ္လို႔ သိရပါတယ္။ အဲဒီေနာက္ ႐ုပ္ရွင္သမိုင္းျပတိုက္မွာလည္း အႏုပညာသမားတစ္ေယာက္အေနနဲ႔ ေဖာ္ျပထားၾကတဲ့အေပၚ သူ႔ရင္ထဲက ပီတိစကားကို ေျပာလာပါတယ္။ “ ႐ုပ္ရွင္သမိုင္းျပတိုက္အတြင္းက ဓာတ္ပုံမွာ ပါဝင္ခြင့္ရတဲ့အတြက္ အရမ္းလည္း ဝမ္းသာပါ တယ္။ ေပ်ာ္လည္းေပ်ာ္တယ္၊ ဂုဏ္ယူတယ္။ အခုလည္း ႏွစ္(၁၀၀) ျပည့္အတြက္

႐ိုက္ကူးေရးေတြ လုပ္ေနပါတယ္။ ႐ုပ္ရွင္ျပတိုက္ အထဲမွာလည္း စုံစုံလင္လင္ ေလ့လာခြင့္ရတဲ့ အတြက္ေၾကာင့္ တကယ္ကို သေဘာက်စရာေကာင္းတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း ကိုယ္လုပ္တဲ့ အလုပ္တိုင္းကို အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားမယ္။ အမ်ားႀကီး ေမွ်ာ္လင့္ၿပီး ႀကိဳးစားတာမ်ိဳးလည္း မရွိပါဘူး” ဆိုၿပီးေတာ့ ဇြန္လ ၁၅ ရက္ေန႔က ႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္အတြက္ ႐ိုက္ကူးေရးမွာ ေျဖဆိုခဲ့တာပါ။ ဟိန္းေဝယံဟာ COVID-19

ကာလျဖစ္တာေၾကာင့္ ႐ုပ္ရွင္႐ိုက္ကူးေရးေတြ နားထားရတယ္လို႔ သိရပါတယ္။ အိမ္မွာ ေနရတာ အခ်ိန္ၾကာလာတာနဲ႔အမွ် အႏုပညာအလုပ္နဲ႔ ပတ္သက္ၿပီး လိုအပ္တာေတြကို ေလ့လာျဖစ္တယ္လို႔ သူကဆိုပါတယ္။ “ အခုခ်ိန္မွာ အဓိက ကေတာ့ စာေတြ ဖတ္ျဖစ္တယ္။ ႐ုပ္ရွင္ေတြ ၾကည့္တယ္။ ကိုယ္ေလ့လာသင့္တဲ့ အရာေတြကို ေလ့လာေနတယ္။ ကိုယ့္အတြက္ ခြန္အားျဖစ္ေစမယ့္ အရာေလးေတြကို

ၾကည့္တယ္။ အေတြးအေခၚပိုင္းဆိုင္ရာေတြကို ေလ့လာတာမ်ိဳးေတြ လုပ္ေနတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ဟိန္းေဝယံကိုေတာ့ ဗီဒီယိုဇာတ္ကားေတြကေနတဆင့္ ပရိသတ္အားေပးမႈမ်ားစြာ ရရွိခဲ့သူျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူ႔ရဲ႕ အႏုပညာသက္တမ္းဟာ ႏွစ္ ၂၀ ေက်ာ္ကို ေရာက္ရွိလို႔ေနပါၿပီ။ အဲဒီေနာက္ သူကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးထားတဲ့ ‘’မာယာကႀကိဳး’’႐ုပ္ရွင္ဇာတ္ကားႀကီးကိုလည္း ပရိသတ္အေရွ႕အေရာက္ပို႔ေဆာင္ေပးႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ဖူးပါတယ္။

Read in UNICODE

ဟိန်းဝေယံကတော့ ရုပ်ရှင်နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးတွေလုပ်နေတယ်လို့ သိရပါတယ်။ အဲဒီနောက် ရုပ်ရှင်သမိုင်းပြတိုက်မှာလည်း အနုပညာသမားတစ်ယောက်အနေနဲ့ ဖော်ပြထားကြတဲ့အပေါ် သူ့ရင်ထဲက ပီတိစကားကို ပြောလာပါတယ်။ “ ရုပ်ရှင်သမိုင်းပြတိုက်အတွင်းက ဓာတ်ပုံမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းလည်း ဝမ်းသာပါ တယ်။ ပျော်လည်းပျော်တယ်၊ ဂုဏ်ယူတယ်။ အခုလည်း နှစ်(၁၀၀) ပြည့်အတွက်

ရိုက်ကူးရေးတွေ လုပ်နေပါတယ်။ ရုပ်ရှင်ပြတိုက် အထဲမှာလည်း စုံစုံလင်လင် လေ့လာခွင့်ရတဲ့ အတွက်ကြောင့် တကယ်ကို သဘောကျစရာကောင်းတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ်လုပ်တဲ့ အလုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်။ အများကြီး မျှော်လင့်ပြီး ကြိုးစားတာမျိုးလည်း မရှိပါဘူး” ဆိုပြီးတော့ ဇွန်လ ၁၅ ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။ ဟိန်းဝေယံဟာ COVID-19

ကာလဖြစ်တာကြောင့် ရုပ်ရှင်ရိုက်ကူးရေးတွေ နားထားရတယ်လို့ သိရပါတယ်။ အိမ်မှာ နေရတာ အချိန်ကြာလာတာနဲ့အမျှ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို လေ့လာဖြစ်တယ်လို့ သူကဆိုပါတယ်။ “ အခုချိန်မှာ အဓိက ကတော့ စာတွေ ဖတ်ဖြစ်တယ်။ ရုပ်ရှင်တွေ ကြည့်တယ်။ ကိုယ်လေ့လာသင့်တဲ့ အရာတွေကို လေ့လာနေတယ်။ ကိုယ့်အတွက် ခွန်အားဖြစ်စေမယ့် အရာလေးတွေကို

ကြည့်တယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာတွေကို လေ့လာတာမျိုးတွေ လုပ်နေတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၂၀ ကျော်ကို ရောက်ရှိလို့နေပါပြီ။ အဲဒီနောက် သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ‘’မာယာကကြိုး’’ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အရှေ့အရောက်ပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *