ခရီးသြားတဲ့သူေတြ တိုးပြားလာဖို႔ မေကြးတိုင္းက တိမ္ေတြထူတဲ့ေနရာေလးနဲ႔ မိတ္ဆက္ေပးခဲ့တဲ့ ေနထူးႏိုင္

ေနထူးႏိုင္ကေတာ့ ဗြီဒီယိုေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့မင္းသားတစ္လက္အျဖစ္ ရပ္တည္ေနသူတစ္ေယာက္ပါ။ ကိုယ္ယုံၾကည္ရာအႏုပညာခရီးလမ္းကို တစ္စိုက္မတ္မတ္ေလွ်ာက္လွမ္းေနရင္း အမ်ားအက်ိဳးကိုလည္း သယ္ပိုးေဆာင္႐ြက္တတ္သူတစ္ေယာက္မို႔

ပရိသတ္ေတြက ေလးစားခ်စ္ခင္ေနၾကရတာလည္း ျဖစ္ပါတယ္။ ေနထူးႏိုင္ကေတာ့ ေရနံေခ်ာင္းသားတစ္ေယာက္ျဖစ္ၿပီး ရပ္႐ြာအက်ိဳးကိုလည္း ၾကည့္တတ္သူတစ္ေယာက္ပါ။ ေရနံေခ်ာင္းက Quarantine ဝင္မယ့္သူေတြအတြက္ သူ႔ရဲ႕႐ုပ္ရွင္ၿခံကို အသုံးျပဳခြင့္ေပးထားသလို

မေကြးတိုင္းအပူပိုင္းေဒသေတြမွာ အပူခ်ိန္ေလ်ာ့ခ်ႏိုင္ဖို႔ ေဒသခံေတြနဲ႔ ပူးေပါင္းၿပီး သစ္ပင္စိုက္ပ်ိဳးေရးျပဳလုပ္ေနသူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီတစ္ေခါက္မွာေတာ့ ဘုရား၊ေစတီပုထိုး ေပါမ်ားတဲ့မေကြးတိုင္းရဲ႕လည္ပတ္စရာေနရာေတြကို ခ်ျပဖို႔ႀကိဳးစားေနသလို စႏၵကူးေက်ာင္းေတာ္ရာလည္း

ရွိတာေၾကာင့္ ျမတ္စြာဘုရားေနထိုင္ခဲ့ရာ ဒုတိယဗုဒၶဂါယာအျဖစ္ မွတ္တမ္းမွတ္ရာေတြနဲ႔ တကြ အမ်ားသိႏိုင္ေအာင္ ႀကိဳးပမ္းေနတယ္လို႔လည္း သိရပါတယ္ ပရိသတ္ႀကီးေရ… မေကြးတိုင္းရဲ႕အထင္ကရေနရာေတြကို မွတ္တမ္းတင္ရင္း ဒီေန႔မွာေတာ့ မေကြးတိုင္းအတြင္းက ေအးခ်မ္းသာယာတဲ့

ေနရာေလးတစ္ခုကို မိတ္ဆက္ေပးခဲ့ပါတယ္။ တိမ္ပင္လယ္ေတြကို ခ်စ္တဲ့ခရီးသြားအတြက္ အဲ့ဒီတိမ္ေတြရစ္သိုင္းေနတဲ့ေနရာေလးကေတာ့ ေ႐ႊစက္ေတာ္နဲ႔ (၁၇)မိုင္သာေဝးၿပီး အဲ့ဒီေနရာမွာေတာ့ အရႈိခ်င္းလူမ်ိဳးတို႔ေနထိုင္ပါတယ္တဲ့ ပရိသတ္ႀကီးေရ.. ေနထူးႏိုင္လမ္းၫႊန္ထားတဲ့ေနရာေလး ဘယ္ေလာက္သာယာသလဲသိရဖို႔ သူ႔ရဲ႕ဗြီဒီယိုေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

နေထူးနိုင်ကတော့ ဗွီဒီယိုလောကမှာ အောင်မြင်ကျော်ကြားတဲ့မင်းသားတစ်လက်အဖြစ် ရပ်တည်နေသူတစ်ယောက်ပါ။ ကိုယ်ယုံကြည်ရာအနုပညာခရီးလမ်းကို တစ်စိုက်မတ်မတ်လျှောက်လှမ်းနေရင်း အများအကျိုးကိုလည်း သယ်ပိုးဆောင်ရွက်တတ်သူတစ်ယောက်မို့

ပရိသတ်တွေက လေးစားချစ်ခင်နေကြရတာလည်း ဖြစ်ပါတယ်။ နေထူးနိုင်ကတော့ ရေနံချောင်းသားတစ်ယောက်ဖြစ်ပြီး ရပ်ရွာအကျိုးကိုလည်း ကြည့်တတ်သူတစ်ယောက်ပါ။ ရေနံချောင်းက Quarantine ဝင်မယ့်သူတွေအတွက် သူ့ရဲ့ရုပ်ရှင်ခြံကို အသုံးပြုခွင့်ပေးထားသလို

မကွေးတိုင်းအပူပိုင်းဒေသတွေမှာ အပူချိန်လျော့ချနိုင်ဖို့ ဒေသခံတွေနဲ့ ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးရေးပြုလုပ်နေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီတစ်ခေါက်မှာတော့ ဘုရား၊စေတီပုထိုး ပေါများတဲ့မကွေးတိုင်းရဲ့လည်ပတ်စရာနေရာတွေကို ချပြဖို့ကြိုးစားနေသလို စန္ဒကူးကျောင်းတော်ရာလည်း

ရှိတာကြောင့် မြတ်စွာဘုရားနေထိုင်ခဲ့ရာ ဒုတိယဗုဒ္ဓဂါယာအဖြစ် မှတ်တမ်းမှတ်ရာတွေနဲ့ တကွ အများသိနိုင်အောင် ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ် ပရိသတ်ကြီးရေ… မကွေးတိုင်းရဲ့အထင်ကရနေရာတွေကို မှတ်တမ်းတင်ရင်း ဒီနေ့မှာတော့ မကွေးတိုင်းအတွင်းက အေးချမ်းသာယာတဲ့

နေရာလေးတစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ တိမ်ပင်လယ်တွေကို ချစ်တဲ့ခရီးသွားအတွက် အဲ့ဒီတိမ်တွေရစ်သိုင်းနေတဲ့နေရာလေးကတော့ ရွှေစက်တော်နဲ့ (၁၇)မိုင်သာဝေးပြီး အဲ့ဒီနေရာမှာတော့ အရှိုချင်းလူမျိုးတို့နေထိုင်ပါတယ်တဲ့ ပရိသတ်ကြီးရေ.. နေထူးနိုင်လမ်းညွှန်ထားတဲ့နေရာလေး ဘယ်လောက်သာယာသလဲသိရဖို့ သူ့ရဲ့ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Nay Htoo Naing’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *