သမီးေလးရဲ႕ေမြးေန႔ကို မျပည့္စံုတဲ့ ဘုန္းေတာ္ႀကီးသင္ မိဘမဲ့ေက်ာင္းမွာ အလွဴလုပ္ခ်င္တယ္ဆိုတဲ့ အိအိတုန္

အိတုန္ကေတာ့ ဇြန္လ (၂၇) ရက္ေန႔မွာ က်ေရာက္မယ့္ သူမရဲ႕ တစ္ဦးတည္းေသာ သမီးေလး ႏႈိင္းတုနဒီ(ခ)ထက္ထက္ ရဲ႕ ေမြးေန႔ကို အလႉအတန္းေတြ လုပ္ေပးသြားမယ္လို႔ ဆိုပါတယ္။ သမီးေလးအတြက္ ကုသိုလ္ရေအာင္ အလႉလုပ္တာလို႔ ေျပာျပလာပါတယ္။ “ အခုခ်ိန္မွာ ေရာဂါေတြနဲ႔ဆိုေတာ့ ဆိုင္မွာသြားလုပ္တာ၊ အိမ္မွာ လုပ္တာေတြနဲ႔ အဆင္မေျပဘူးေလ။ ဒါေၾကာင့္ ကုန္မယ့္ပိုက္ဆံကို

ဒီလိုေလး လႉလိုက္တဲ့အတြက္ သမီးေလးအတြက္လည္း အက်ိဴူးရွိတယ္၊ ကုသိုလ္လည္းရတာေပါ့ေနာ္။ အစ္မ သမီးကိုယ္တိုင္ကလည္း ကေလးျဖစ္တဲ့အတြက္ ကေလးေလးေတြကို လႉခ်င္တယ္။ျပည့္စုံတဲ့ေနရာထက္ မျပည့္စုံတဲ့ ေနရာေလးကို ပိုလႉခ်င္တယ္။ ဒါေၾကာင့္ ေနရာေလးကို စုံစမ္းေနတုန္းပါပဲ။ အဲဒီေက်ာင္းေတြဆိုရင္ တစ္ေန႔တာ ဒါနေပါ့ေနာ္။ ဆြမ္းထမင္း၊ ဘုန္းဘုန္းေတြလည္းပါမယ္၊ မိဘမဲ့ ကေလးေလးေတြ အတြက္ေရာ

တစ္ေန႔တာလုံးအတြက္ အစားအေသာက္လႉမယ္။ ကေလးငယ္ေလးေတြအတြက္ ဒိုက္ဘာေလးေတြလည္း လႉျဖစ္မယ္” လို႔သူကဆိုပါတယ္။ အိတုန္ဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ အ႐ြယ္ႀကီးလာၿပီျဖစ္တဲ့ သမီးေလးအတြက္ သူမျဖစ္ေစခ်င္တဲ့ ဆႏၵေလးေတြကို အခုလို ဖြင့္ေျပာျပလာပါတယ္။ “ သမီးေလးကို ကိုယ္ျဖစ္ေစခ်င္တာထက္ ဘာျဖစ္သင့္တယ္ဆိုတာကို ေကာင္းတာ ဆိုးတာေလးေတြ

ေဝဖန္ေပးၿပီးေတာ့ လမ္းေၾကာင္းမွန္ေလးအေပၚေရာက္ေအာင္ပို႔ေပးမယ္။ ဆရာဝန္ႀကီးျဖစ္ရမယ္ ဆိုတာမ်ိဳးေတြ မရွိဘူး။ ကေလးဆိုတာ သူ႔ ဉာဥ္နဲ႔ သူလာတာဆိုေတာ့ ကိုယ္အတင္းတိုက္တြန္းလို႔ မရဘူး။ သူေလွ်ာက္မယ့္လမ္းေလးမွာ သူဝါသနာပါတဲ့အရာေလးေတြ ျဖစ္ဖို႔ ကိုယ္ကေတာ့ သူငယ္ခ်င္းေပါင္း ေပါင္းၿပီးေတာ့ ေဘးကေန အစ္မက ထိန္းေပးသြားမယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္

အိတုန္ေတာ့ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာပါ။ သူမရဲ႕ခင္ပြန္းျဖစ္သူ ကို ေနမ်ိဳးကလည္း တစ္ခ်ိန္က ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ ကိုေနမ်ိဳးဟာ အႏုပညာအလုပ္ေတြ လုပ္ကိုင္တာ မေတြ႕ရေတာ့ပါဘူူး။ အိတုံကေတာ့ လက္ရွိမွာ ဇာတ္ကား႐ိုက္ကူးမႈ နည္းေနတာေၾကာင့္ online shopping လုပ္ေနတာလည္း ေတြ႕ရပါတယ္။ သူမဟာ ဒုတိယေျမာက္ ရင္ေသြးေလးကိုလည္း ကိုယ္ဝန္လြယ္ထားရၿပီျဖစ္ပါတယ္။

Read in UNICODE

အိတုန်ကတော့ ဇွန်လ (၂၇) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ တစ်ဦးတည်းသော သမီးလေး နှိုင်းတုနဒီ(ခ)ထက်ထက် ရဲ့ မွေးနေ့ကို အလှူအတန်းတွေ လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ သမီးလေးအတွက် ကုသိုလ်ရအောင် အလှူလုပ်တာလို့ ပြောပြလာပါတယ်။ “ အခုချိန်မှာ ရောဂါတွေနဲ့ဆိုတော့ ဆိုင်မှာသွားလုပ်တာ၊ အိမ်မှာ လုပ်တာတွေနဲ့ အဆင်မပြေဘူးလေ။ ဒါကြောင့် ကုန်မယ့်ပိုက်ဆံကို

ဒီလိုလေး လှူလိုက်တဲ့အတွက် သမီးလေးအတွက်လည်း အကျိူူးရှိတယ်၊ ကုသိုလ်လည်းရတာပေါ့နော်။ အစ်မ သမီးကိုယ်တိုင်ကလည်း ကလေးဖြစ်တဲ့အတွက် ကလေးလေးတွေကို လှူချင်တယ်။ပြည့်စုံတဲ့နေရာထက် မပြည့်စုံတဲ့ နေရာလေးကို ပိုလှူချင်တယ်။ ဒါကြောင့် နေရာလေးကို စုံစမ်းနေတုန်းပါပဲ။ အဲဒီကျောင်းတွေဆိုရင် တစ်နေ့တာ ဒါနပေါ့နော်။ ဆွမ်းထမင်း၊ ဘုန်းဘုန်းတွေလည်းပါမယ်၊ မိဘမဲ့ ကလေးလေးတွေ အတွက်ရော

တစ်နေ့တာလုံးအတွက် အစားအသောက်လှူမယ်။ ကလေးငယ်လေးတွေအတွက် ဒိုက်ဘာလေးတွေလည်း လှူဖြစ်မယ်” လို့သူကဆိုပါတယ်။ အိတုန်ဟာ တစ်နှစ်ထက် တစ်နှစ် အရွယ်ကြီးလာပြီဖြစ်တဲ့ သမီးလေးအတွက် သူမဖြစ်စေချင်တဲ့ ဆန္ဒလေးတွေကို အခုလို ဖွင့်ပြောပြလာပါတယ်။ “ သမီးလေးကို ကိုယ်ဖြစ်စေချင်တာထက် ဘာဖြစ်သင့်တယ်ဆိုတာကို ကောင်းတာ ဆိုးတာလေးတွေ

ဝေဖန်ပေးပြီးတော့ လမ်းကြောင်းမှန်လေးအပေါ်ရောက်အောင်ပို့ပေးမယ်။ ဆရာဝန်ကြီးဖြစ်ရမယ် ဆိုတာမျိုးတွေ မရှိဘူး။ ကလေးဆိုတာ သူ့ ဉာဉ်နဲ့ သူလာတာဆိုတော့ ကိုယ်အတင်းတိုက်တွန်းလို့ မရဘူး။ သူလျှောက်မယ့်လမ်းလေးမှာ သူဝါသနာပါတဲ့အရာလေးတွေ ဖြစ်ဖို့ ကိုယ်ကတော့ သူငယ်ချင်းပေါင်း ပေါင်းပြီးတော့ ဘေးကနေ အစ်မက ထိန်းပေးသွားမယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်

အိတုန်တော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမရဲ့ခင်ပွန်းဖြစ်သူ ကို နေမျိုးကလည်း တစ်ချိန်က ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုနေမျိုးဟာ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူူး။ အိတုံကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု နည်းနေတာကြောင့် online shopping လုပ်နေတာလည်း တွေ့ရပါတယ်။ သူမဟာ ဒုတိယမြောက် ရင်သွေးလေးကိုလည်း ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *