နေတိုးတို့ နှင်းဆီအဖွဲ့သားတွေ ပို့ပေးတဲ့ နှင်းဆီမွေးနေ့ကိတ်လေးကို ကိုယ်တိုင်ခွဲနေတဲ့ အမေစု
Read in UNICODE
နှင်းဆီအဖွဲ့သားတွေကိုတော့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား မင်းမော်ကွန်း ၊ ကျော်ကျော်ဗိုလ်၊ နေတိုး ၊ ထွန်းထွန်း ၊ ရဲလေးနဲ့ မင်းသမီးတွေဖြစ်ကြတဲ့ မေကဗျာ ၊ မိုးယုစံနဲ့ ဖူးစုံတို့နဲ့အတူ ဖွဲ့ထားကြတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ တစ်နှစ်တစ်ခါ ရန်ပုံငွေဖျော်ဖြေပွဲတွေကို
ကျင်းပပြုလုပ်လေ့ရှိတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ ပွဲတိုင်းကိုလည်း ပရိသတ်တွေအားလုံးက စောင့်မျှော်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားများဟာ လိုအပ်တဲ့နေရာတိုင်းကိုလည်း နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်းအမည်နဲ့
အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်လေ့ရှိတာပဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့လေးဟာ ဒီနေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅) နှစ်ပြည့် မွေးနေ့ကို နှင်းဆီပုံစံကိတ်လေးနဲ့ ဒေါင်းပုံစံ နာရီကို လက်ဆောင်ပို့ပေးခဲ့တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့
နာရီပိုင်းလောက်က လည်း သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ” နှင်းဆီအဖွဲ့ ရဲ့ ကိတ်လေး ခွဲပေးနေသော အမေစု ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားတွေ အားလုံးဟာ အမေစုကိတ်ခွဲနေတဲ့
ပုံလေးကို ကြည့်ပြီး ကြည်နူးပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ အမေစုလည်း နောင်နှစ်ပေါင်းများစွာတိုင်အောင် ကျန်းမာပျော်ရွှင်ပြီး ဆန္ဒနဲ့ဘ၀ ထပ်တူအမြဲကျနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက် ရပါတယ်နော်။
Source : နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *