ယေန႔ အသက္(၃၂)ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ေအာင္ရဲလင္း

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ မင္းသားေခ်ာ ေအာင္ရဲလင္းကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ေအာင္ရဲလင္းကေတာ့ ေမာ္ဒယ္ဘဝကေန စတင္ကာ ကိုရီးယားမင္းသားတစ္ေယာက္လုိ ၾကည့္ေကာင္းလြန္းတာေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ မင္းသားတစ္လက္ျဖစ္လာခဲ့သူပဲျဖစ္ပါတယ္.။ ေအာင္ရဲလင္းက သူခ်စ္တဲ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတြနဲ႕အတူ

အနုပညာအလုပ္ေတြကို လုပ္ကိုင္ရတာ နွစ္သက္ရတဲ့သူပါ.။ ေအာင္ရဲလင္းကေတာ့ အနုပညာအလုပ္ေတြကို လုပ္ကိုင္ေနေပမယ့္ ပရိသတ္ေတြအတြက္ အက်ိဳးရွိၿပီး ရင္ထဲမွာ က်န္ေစမယ့္ အနုပညာမ်ိဳးကို ခ်ျပနိုင္ဖို႕အတြက္ ႀကိဳးစားေနၿပီး ရိုက္ဖုိ႕ကမ္းလွမ္းလာတဲ့ ကားတိုင္းကိုေတာ့ လက္ခံျခင္းမရွိဘဲ ပရိသတ္ေတြကို အေကာင္းဆံုး ခ်ျပနိုင္မယ့္ ကားမ်ိဳးကိုပဲ ရိုက္ခ်င္တဲ့သူပါ.။ ယခုအခ်ိန္ထိ Single

ဘဝနဲ႕ သူ႕ရဲ႕ ေန႕ရက္တိုင္းကို We Love အဖြဲ႕သားေတြရဲ႕ အခ်စ္နဲ႕အတူ ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနတာပဲျဖစ္ပါတယ္.။ ဒီကေန႕ ဇြန္လ (၁၉)ရက္ေန႕ကေတာ့ နိုင္ငံေက်ာ္မင္းသားေခ်ာ ေအာင္ရဲလင္းရဲ႕ အသက္ (၃၂)နွစ္ျပည့္ ေမြးေန႕ေလးပဲျဖစ္ပါတယ္.။ ေအာင္ရဲလင္းက နွစ္စဥ္နွစ္တိုင္းကို ခ်စ္ရတဲ့ We Love အဖြဲ႕သားမ်ားနဲ႕အတူ ေပ်ာ္ရႊင္ဖြယ္ ေမြးေန႕ေလးကို ကုန္ဆံုးေလ့ရွိၿပီး အလွဴအတန္းမ်ားကို ျပဳလုပ္ကာ ျဖတ္သန္းေလ့ရွိသူပါ.။ ဒီနွစ္ေမြးေန႕ကိုေတာ့

သူ႕ရဲ႕ မိဘနွစ္ပါးကို ကန္႔ေတာ့ကာ ဘုရားဖြင့္ရင္ ဘုရားသြားၿပီး ကုသုိလ္ျပဳကာ ျဖတ္သန္းမယ့္ အေၾကာင္းကိုေတာ့ မီဒီယာတစ္ခုရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာျပခဲ့ဖူးပါတယ္.။ ဒီကေန႕က်ေရာက္တဲ့ ေမြးေန႕မွ စတင္ကာ ေနာင္နွစ္ေပါင္းမ်ားစြာထိ ေပ်ာ္ရႊင္ျခင္း ၊ ေအးခ်မ္းျခင္းနဲ႕အတူ ဆႏၵနဲ႕ ဘဝထပ္တူက်ကာ ေအာင္ျမင္မႈမ်ားစြာကို သိမ္းပိုက္ရရိွိနိုင္ပါေစလို႕ မိသားစုမွ ေမြးေန႕ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္..။ ပရိသတ္ႀကီးလည္း ဒီေန႕ရဲ႕ ေမြးေန႕ပိုင္ရွင္ မင္းသားေခ်ာ ေအာင္ရဲလင္းအတြက္ ေမြးေန႕ ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါဦးေနာ္.။

Read in UNICODE

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချော အောင်ရဲလင်းကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အောင်ရဲလင်းကတော့ မော်ဒယ်ဘဝကနေ စတင်ကာ ကိုရီးယားမင်းသားတစ်ယောက်လို ကြည့်ကောင်းလွန်းတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားတစ်လက်ဖြစ်လာခဲ့သူပဲဖြစ်ပါတယ်.။ အောင်ရဲလင်းက သူချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့အတူ

အနုပညာအလုပ်တွေကို လုပ်ကိုင်ရတာ နှစ်သက်ရတဲ့သူပါ.။ အောင်ရဲလင်းကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပေမယ့် ပရိသတ်တွေအတွက် အကျိုးရှိပြီး ရင်ထဲမှာ ကျန်စေမယ့် အနုပညာမျိုးကို ချပြနိုင်ဖို့အတွက် ကြိုးစားနေပြီး ရိုက်ဖို့ကမ်းလှမ်းလာတဲ့ ကားတိုင်းကိုတော့ လက်ခံခြင်းမရှိဘဲ ပရိသတ်တွေကို အကောင်းဆုံး ချပြနိုင်မယ့် ကားမျိုးကိုပဲ ရိုက်ချင်တဲ့သူပါ.။ ယခုအချိန်ထိ Single

ဘဝနဲ့ သူ့ရဲ့ နေ့ရက်တိုင်းကို We Love အဖွဲ့သားတွေရဲ့ အချစ်နဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်.။ ဒီကနေ့ ဇွန်လ (၁၉)ရက်နေ့ကတော့ နိုင်ငံကျော်မင်းသားချော အောင်ရဲလင်းရဲ့ အသက် (၃၂)နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်.။ အောင်ရဲလင်းက နှစ်စဉ်နှစ်တိုင်းကို ချစ်ရတဲ့ We Love အဖွဲ့သားများနဲ့အတူ ပျော်ရွှင်ဖွယ် မွေးနေ့လေးကို ကုန်ဆုံးလေ့ရှိပြီး အလှူအတန်းများကို ပြုလုပ်ကာ ဖြတ်သန်းလေ့ရှိသူပါ.။ ဒီနှစ်မွေးနေ့ကိုတော့

သူ့ရဲ့ မိဘနှစ်ပါးကို ကန့်တော့ကာ ဘုရားဖွင့်ရင် ဘုရားသွားပြီး ကုသိုလ်ပြုကာ ဖြတ်သန်းမယ့် အကြောင်းကိုတော့ မီဒီယာတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ဖူးပါတယ်.။ ဒီကနေ့ကျရောက်တဲ့ မွေးနေ့မှ စတင်ကာ နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်ခြင်း ၊ အေးချမ်းခြင်းနဲ့အတူ ဆန္ဒနဲ့ ဘဝထပ်တူကျကာ အောင်မြင်မှုများစွာကို သိမ်းပိုက်ရရှိနိုင်ပါစေလို့ မိသားစုမှ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ဒီနေ့ရဲ့ မွေးနေ့ပိုင်ရှင် မင်းသားချော အောင်ရဲလင်းအတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်.။

Source : Aung Ye Lin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *