စီးပြားေရးပိုေကာင္းေအာင္လုပ္ၿပီး အေႂကြးမရွိတဲ့ မိသားစုဘဝေရာက္ေအာင္ ႀကိဳးစားမယ္ဆိုတဲ့ ညီနႏၵ

ညီနႏၵကေတာ့ လက္ရွိလုပ္ကိုင္ေနတဲ့ ေထာပတ္ထမင္းေရာင္းတဲ့ အလုပ္ဟာ ေအာင္ျမင္မႈရေနတာကို ေတြ႕ရပါတယ္။ သူဟာ စီးပြားေရး ပိုေကာင္းလာရင္ အေႂကြးေတြ အကုန္ဆပ္ခ်င္တယ္လို႔ မီဒီယာေတြကို ေျပာျပခဲ့ပါတယ္။ “ လုပ္ငန္းက နည္းနည္းႀကီးလာတာနဲ႔ အမွ် ေငြထပ္စိုက္လာရတယ္။ ဝယ္ရျခမ္းရတာေတြ အမ်ားႀကီးရွိတာေပါ့။ အဲဒီထက္ပိုၿပီး စုမိေဆာင္းမိလာၿပီဆိုရင္ ပထမဦးဆုံး နံပါတ္(၁) က အေႂကြးေတြ ဆပ္မယ္။ အႏုပညာအလုပ္ေတြ စလုပ္ကတည္းက ေျပာဖူးပါတယ္။ အစ္ကို ေပးရမယ့္သူေတြ အမ်ားႀကီးရွိတယ္။ အဆင္ေျပတဲ့သူေတြရွိသလို

မေျပတဲ့သူေတြလည္းရွိတယ္၊ သူတို႔ ေျပေျပ မေျပေျပ ေပါ့။ အစ္ကိုေန႔တိုင္းဆုေတာင္းတာ တစ္ခုရွိတယ္ အေႂကြးကင္းစင္တဲ့ မိသားစုဘဝေရာက္ဖို႔ဆုေတာင္းတယ္” ဆိုၿပီးေတာ့ ဇြန္လ ၁၈ ရက္ေန႔က ေထာပတ္ထမင္း နာမည္ေပးပြဲမွာ ေျဖဆိုခဲ့တာပါ။ ညီနႏၵဟာ ဇြန္လ ၁၈ ရက္ေန႔တုန္းက သူ႔ရဲ႕ ေထာပတ္ထမင္းကို “ကိုနႏၵ” ဆိုၿပီးေတာ့ နာမည္ေပးခဲ့ပါတယ္။ ဇြန္လ (၂၄) ရက္ေန႔မွာ ေထာပတ္ထမင္းေရာင္းတာ (၂) လျပည့္မယ္လို႔လည္း

သူက ေျပာပါတယ္။ “ နာမည္ကို ေထြေထြထူးထူး ေပးထားတာမ်ိဳးလည္း မဟုတ္တဲ့အတြက္ ေထာပတ္ထမင္းကို ကိုနႏၵ ေထာပတ္ ထမင္းဆိုၿပီးေတာ့ နာမည္ေပးထားပါတယ္။ ဒီနာမည္ေလးနဲ႔ပဲ အစ္ကိုတို႔ အခုလိုင္စင္ ေလွ်ာက္မယ္။ ေထာပတ္ထမင္းကို ဒီနာမည္ ဒီ Logo နဲ႔ပဲ ေရာင္းခ်သြားမွာပါ။ ေထာပတ္ထမင္းလုပ္ေရာင္းတဲ့ သက္တမ္းကလည္း (၂၄) ရက္ေန႔က်မွ သက္တမ္းက ၂ လျပည့္မွာပါ” ဆိုၿပီးေတာ့လည္း ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။ ညီနႏၵရဲ႕ ေထာပတ္ထမင္းကို စားသုံးဖူးၾကတဲ့ အႏုပညာေမာင္ႏွမေတြျဖစ္တဲ့

သ႐ုပ္ေဆာင္ အကယ္ဒမီ လြင္မိုး၊ ဒါ႐ိုက္တာ ကိုေပါက္၊ သ႐ုပ္ေဆာင္ ဆုပန္ထြာတို႔ကလည္း အြန္လိုင္း စာမ်က္ႏွာေပၚကေနတဆင့္ အရသာရွိတဲ့အေၾကာင္း၊ လုပ္ငန္း ေအာင္ျမင္ေစခ်င္တဲ့အေၾကာင္းေတြ ေျပာျပလာပါတယ္။ ညီနႏၵ ကိုယ္တိုင္ကလည္း ေထာပတ္ထမင္းလုပ္ငန္းကို ေရရွည္လုပ္ကိုင္သြားဖို႔ ရည္႐ြယ္ထားတယ္လို႔ ေျပာျပလာပါတယ္။ ညီနႏၵကိုေတာ့ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္

ပရိသတ္အားေပးမႈ ရရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ သူဟာ စီးပြားေရးဘက္ကို ဦးစားေပးလိုက္တဲ့ အခ်ိန္မွာ အႏုပညာေလာကနဲ႔ ၃ ႏွစ္ေက်ာ္ ေဝးကြာသြားတယ္လို႔လည္း သိရပါတယ္။ သူ႔ရဲ႕ အႏုပညာသက္တမ္းက အႏွစ္ ၂၀ ေက်ာ္ ရပ္တည္ လွ်က္ ရွိပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ႐ုပ္သံ ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနရတာကိုလည္း ေတြ႕ရပါတယ္။ အႏုပညာအလုပ္ေတြ ျပန္လည္ လုပ္ကိုင္လာခ်ိန္မွာ သူ႔ကို လက္တြဲေခၚယူခဲ့တဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ ခင္လႈိင္ကိုလည္း ေက်းဇူးတင္တဲ့အေၾကာင္းေတြကို သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ဖူးပါတယ္။

Read in UNICODE

ညီနန္ဒကတော့ လက်ရှိလုပ်ကိုင်နေတဲ့ ထောပတ်ထမင်းရောင်းတဲ့ အလုပ်ဟာ အောင်မြင်မှုရနေတာကို တွေ့ရပါတယ်။ သူဟာ စီးပွားရေး ပိုကောင်းလာရင် အကြွေးတွေ အကုန်ဆပ်ချင်တယ်လို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ “ လုပ်ငန်းက နည်းနည်းကြီးလာတာနဲ့ အမျှ ငွေထပ်စိုက်လာရတယ်။ ဝယ်ရခြမ်းရတာတွေ အများကြီးရှိတာပေါ့။ အဲဒီထက်ပိုပြီး စုမိဆောင်းမိလာပြီဆိုရင် ပထမဦးဆုံး နံပါတ်(၁) က အကြွေးတွေ ဆပ်မယ်။ အနုပညာအလုပ်တွေ စလုပ်ကတည်းက ပြောဖူးပါတယ်။ အစ်ကို ပေးရမယ့်သူတွေ အများကြီးရှိတယ်။ အဆင်ပြေတဲ့သူတွေရှိသလို

မပြေတဲ့သူတွေလည်းရှိတယ်၊ သူတို့ ပြေပြေ မပြေပြေ ပေါ့။ အစ်ကိုနေ့တိုင်းဆုတောင်းတာ တစ်ခုရှိတယ် အကြွေးကင်းစင်တဲ့ မိသားစုဘဝရောက်ဖို့ဆုတောင်းတယ်” ဆိုပြီးတော့ ဇွန်လ ၁၈ ရက်နေ့က ထောပတ်ထမင်း နာမည်ပေးပွဲမှာ ဖြေဆိုခဲ့တာပါ။ ညီနန္ဒဟာ ဇွန်လ ၁၈ ရက်နေ့တုန်းက သူ့ရဲ့ ထောပတ်ထမင်းကို “ကိုနန္ဒ” ဆိုပြီးတော့ နာမည်ပေးခဲ့ပါတယ်။ ဇွန်လ (၂၄) ရက်နေ့မှာ ထောပတ်ထမင်းရောင်းတာ (၂) လပြည့်မယ်လို့လည်း

သူက ပြောပါတယ်။ “ နာမည်ကို ထွေထွေထူးထူး ပေးထားတာမျိုးလည်း မဟုတ်တဲ့အတွက် ထောပတ်ထမင်းကို ကိုနန္ဒ ထောပတ် ထမင်းဆိုပြီးတော့ နာမည်ပေးထားပါတယ်။ ဒီနာမည်လေးနဲ့ပဲ အစ်ကိုတို့ အခုလိုင်စင် လျှောက်မယ်။ ထောပတ်ထမင်းကို ဒီနာမည် ဒီ Logo နဲ့ပဲ ရောင်းချသွားမှာပါ။ ထောပတ်ထမင်းလုပ်ရောင်းတဲ့ သက်တမ်းကလည်း (၂၄) ရက်နေ့ကျမှ သက်တမ်းက ၂ လပြည့်မှာပါ” ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ ညီနန္ဒရဲ့ ထောပတ်ထမင်းကို စားသုံးဖူးကြတဲ့ အနုပညာမောင်နှမတွေဖြစ်တဲ့

သရုပ်ဆောင် အကယ်ဒမီ လွင်မိုး၊ ဒါရိုက်တာ ကိုပေါက်၊ သရုပ်ဆောင် ဆုပန်ထွာတို့ကလည်း အွန်လိုင်း စာမျက်နှာပေါ်ကနေတဆင့် အရသာရှိတဲ့အကြောင်း၊ လုပ်ငန်း အောင်မြင်စေချင်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ ညီနန္ဒ ကိုယ်တိုင်ကလည်း ထောပတ်ထမင်းလုပ်ငန်းကို ရေရှည်လုပ်ကိုင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောပြလာပါတယ်။ ညီနန္ဒကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့်

ပရိသတ်အားပေးမှု ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကိုလည်း တွေ့ရပါတယ်။ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာချိန်မှာ သူ့ကို လက်တွဲခေါ်ယူခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ကိုလည်း ကျေးဇူးတင်တဲ့အကြောင်းတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *