အေမစုရဲ႕(၇၅)ႏွစ္ျပည့္ ေမြးေန႔မွာ လူေပါင္း(၇၅၀၀)ရဲ႕ဓာတ္ပံုေတြနဲ႔အတူ ပံုတူ႐ုပ္ပံုကားခ်ပ္ေလး ဖန္တီးေပးခဲ့တဲ့ ေမာင္ေမာင္ေအး

နာမည္ႀကီး အစီအစဥ္တင္ဆက္သူတစ္ေယာက္ျဖစ္တဲ့ ေမာင္ေမာင္ေအးကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ေမာင္ေမာင္ေအးကေတာ့ နာမည္ႀကီး အစီအစဥ္တင္ဆက္သူ တစ္ေယာက္ျဖစ္သလို လူမႈအက်ိဳးနဲ႕ ပရဟိတလုပ္ငန္းေတြမွာလည္း တစ္တပ္တစ္အား အျမဲကူညီလုပ္ေဆာင္တတ္သူပါ.။ ဒီကေန႕ ဇြန္လ (၁၉)ရက္ေန႕မွာ က်ေရာက္တဲ့ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အသက္ (၇၅)နွစ္ျပည့္ ေမြးေန႕အတြက္ လူစုလူေဝး လုပ္လုိ႕ မရတဲ့ အခ်ိန္မို႕ ကမၻာအနွံ႕က လူေပါင္း (၇၅၀၀)ရဲ႕ ဓာတ္ပံုေတြနဲ႕ ျပဳလုပ္ထားတဲ့ ရုပ္ပံုကားခ်ပ္ေလး လုပ္ဖို႕အတြက္ကို စတင္ အစီအစဥ္ဆြဲခဲ့ပါတယ္.။ ဒီေန႕မွာေတာ့ ေမာင္ေမာင္ေအးက သူ႕ရဲ႕အစီအစဥ္ေလးကို အေကာင္အထည္ေဖာ္ကာ ၿပီးစီးသြားၿပီး ရုပ္ပံုကားခ်ပ္ေလးနဲ႕အတူ အေမစုရဲ႕ စိန္ရတုေမြးေန႕အမွတ္တရ ေလး အျဖစ္ လုပ္နိုင္ခဲ့ၿပီျဖစ္ေၾကာင္းကို “ကမာၻအႏွံ႔က အေမ့သား သမီး (၇၅၀၀) ရဲ႕ ဆုေတာင္းေမတၱာစာသားေတြနဲ႔ပုံေပါင္း

၇၅၀၀ စုထားၿပီး အေမေဒၚေအာင္ဆန္းစုၾကည္ ပုံေဖာ္ထားတဲ့ (၇၅) ႏွစ္ျပည့္ စိန္ရတုေမြးေန႔အမွတ္တရ ႐ုပ္ပုံကားခ်ပ္ေလး ။ ကိုယ့္ပုံက ဘယ္ေနရာမွာပါသလဲဆိုတာ လက္ကေလးေတြနဲ႔ ၿဖဲၾကည့္ရင္းျဖစ္ေစ… ပုံရဲ႕တေနရာကို လက္ညႇိဳးနဲ႔ တစ္ခ်က္တို႔ေထာက္ရင္းျဖစ္ေစ ရွာေဖြၾကည့္ရႈရင္း ၾကည္ႏူးေပ်ာ္႐ႊင္ႏိုင္ၾကပါၿပီ။ ကိုယ့္ပုံက ဘယ္ေနရာမွာပါသလဲဆိုတာကို ဘယ္လိုပုံအေနနဲ႔ေပၚလာသလဲဆိုတာ နမူနာအေနနဲ႔သိလို႔ရေအာင္ http://amaysu.org/ မွာၾကည့္ႏိုင္ပါတယ္။ Facebook, Twitter, စတာေတြနဲ႔ Login လုပ္ၿပီးလည္း

Comment ေပးလို႔ ရပါၿပီခင္ဗ်ာ.။ ေန႔မအိပ္ ညမအိပ္ အပင္ပန္းခံကာ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားဖန္တီးေပးေသာ ကိုညီလင္းဆက္ Nyi Lynn Seck ကို ေလးစားစြာေက်းဇူး မွတ္တမ္းတင္ရပါတယ္ခင္ဗ်ာ” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။ေမာင္ေမာင္ေအးကေတာ့ နွစ္တိုင္းလိုလို က်င္းပျပဳလုပ္ကာ မေမ့နိုင္တဲ့ အမွတ္တရမ်ိဳးေတြကို ဖန္တီးေပးကာ ဒီနွစ္ေမြးေန႕ေလးကိုလည္း အေမစုကို ခ်စ္တဲ့ လူတိုင္းနဲ႕အတူ အေကာင္းဆံုး ေမြးေန႕ အမွတ္တရေလးကို ထပ္မံဖန္တီးေပးလုိက္ျပန္တာပါပဲေနာ္. ပရိသတ္ႀကီး.။

Read in UNICODE

နာမည်ကြီး အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ မောင်မောင်အေးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ မောင်မောင်အေးကတော့ နာမည်ကြီး အစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်သလို လူမှုအကျိုးနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း တစ်တပ်တစ်အား အမြဲကူညီလုပ်ဆောင်တတ်သူပါ.။ ဒီကနေ့ ဇွန်လ (၁၉)ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၅)နှစ်ပြည့် မွေးနေ့အတွက် လူစုလူဝေး လုပ်လို့ မရတဲ့ အချိန်မို့ ကမ္ဘာအနှံ့က လူပေါင်း (၇၅၀၀)ရဲ့ ဓာတ်ပုံတွေနဲ့ ပြုလုပ်ထားတဲ့ ရုပ်ပုံကားချပ်လေး လုပ်ဖို့အတွက်ကို စတင် အစီအစဉ်ဆွဲခဲ့ပါတယ်.။ ဒီနေ့မှာတော့ မောင်မောင်အေးက သူ့ရဲ့အစီအစဉ်လေးကို အကောင်အထည်ဖော်ကာ ပြီးစီးသွားပြီး ရုပ်ပုံကားချပ်လေးနဲ့အတူ အမေစုရဲ့ စိန်ရတုမွေးနေ့အမှတ်တရ လေး အဖြစ် လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းကို “ကမ္ဘာအနှံ့က အမေ့သား သမီး (၇၅၀၀) ရဲ့ ဆုတောင်းမေတ္တာစာသားတွေနဲ့ပုံပေါင်း

၇၅၀၀ စုထားပြီး အမေဒေါ်အောင်ဆန်းစုကြည် ပုံဖော်ထားတဲ့ (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့အမှတ်တရ ရုပ်ပုံကားချပ်လေး ။ ကိုယ့်ပုံက ဘယ်နေရာမှာပါသလဲဆိုတာ လက်ကလေးတွေနဲ့ ဖြဲကြည့်ရင်းဖြစ်စေ… ပုံရဲ့တနေရာကို လက်ညှိုးနဲ့ တစ်ချက်တို့ထောက်ရင်းဖြစ်စေ ရှာဖွေကြည့်ရှုရင်း ကြည်နူးပျော်ရွှင်နိုင်ကြပါပြီ။ ကိုယ့်ပုံက ဘယ်နေရာမှာပါသလဲဆိုတာကို ဘယ်လိုပုံအနေနဲ့ပေါ်လာသလဲဆိုတာ နမူနာအနေနဲ့သိလို့ရအောင် http://amaysu.org/ မှာကြည့်နိုင်ပါတယ်။ Facebook, Twitter, စတာတွေနဲ့ Login လုပ်ပြီးလည်း

Comment ပေးလို့ ရပါပြီခင်ဗျာ.။ နေ့မအိပ် ညမအိပ် အပင်ပန်းခံကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖန်တီးပေးသော ကိုညီလင်းဆက် Nyi Lynn Seck ကို လေးစားစွာကျေးဇူး မှတ်တမ်းတင်ရပါတယ်ခင်ဗျာ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။မောင်မောင်အေးကတော့ နှစ်တိုင်းလိုလို ကျင်းပပြုလုပ်ကာ မမေ့နိုင်တဲ့ အမှတ်တရမျိုးတွေကို ဖန်တီးပေးကာ ဒီနှစ်မွေးနေ့လေးကိုလည်း အမေစုကို ချစ်တဲ့ လူတိုင်းနဲ့အတူ အကောင်းဆုံး မွေးနေ့ အမှတ်တရလေးကို ထပ်မံဖန်တီးပေးလိုက်ပြန်တာပါပဲနော်..ပရိသတ်ကြီး.။

Source : Mg Mg Aye’s Facebook

Add a Comment

Your email address will not be published. Required fields are marked *