ကရင်ရိုးရာဝတ်စုံလေးနဲ့အတူ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့အတူ ဓာတ်ဖမ်းခဲ့တဲ့ ကျော်ထက်ဇော်
Read in UNICODE
အကယ်ဒမီများရှင် မို့မို့မြင့်အောင်ရဲ့ တပည့်သားအရင်းဖြစ်တဲ့ တက်သစ်စ သရုပ်ဆောင် မင်းသားချော ကျော်ထက်ဇော်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်.။ ကျော်ထက်ဇော်က အခုလက်ရှိမှာတော့
အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ” အချစ်ဖွဲ့လေညင်း ” ဇာတ်လမ်းတွဲလေးကလည်း ဇာတ်သိမ်းသွားပြီဖြစ်ပေမယ့် ပရိသတ်တွေ အကြိုက်တွေ့နေကြတာပဲဖြစ်ပါတယ်…..။ကျော်ထက်ဇော်က သူ့ရဲ့ လှုပ်ရှားမှုမှန်သမျှကို လူမှုကွန်ယက်စာမျက်နှာထက်မှာ
တင်ပေးလေ့ရှိပြီး ပရိသတ်တွေကလည်း စောင့်မျှော် အားပေးချစ်ခင်နေကြတာပါနော်.။ ဒါ့အပြင် ကျော်ထက်ဇော်က ဇာတ်လမ်းတွဲလေးထဲက အမှတ်တရပုံရိပ်လေးတွေနဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကို မကြာခဏဆိုသလိုလည်း တင်ပေးလေ့ရှိနေတာလည်း
ဖြစ်ပါတယ်။ ယနေ့မှာတော့ ကျော်ထက်ဇော်က သူရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ပိုစ့်တစ်ခုတင်ပေးလါတာပဲ ဖြစ်ပါတယ်…..။ကျော်ထက်ဇော်က ” ကိုယ့်နှလုံးသားရင်ခုန်တယ် ပိုးကရင်မလေးရယ်” ဆိုတဲ့ စာသားလေးအပြင် ကရင်ရိုးရာဝတ်စုံလေးနဲ့ ဓာတ်ဖမ်းထားတဲ့
ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေ မင်းသားချောလေး ကျော်ထက်ဇော်ရဲ့ ကရင်ဝတ်စုံလေးနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်….. ။
Source : Kyaw Htet Zaw’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *