ယနေ့ မွေးနေ့ကျရောက်တဲ့ ခင်ပိုးပန်းချီအတွက် မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးခဲ့တဲ့ ဖြိုးမြတ်အောင်





Read in UNICODE

အဆိုတော် ဖြိုးမြတ်အောင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ဖြိုးမြတ်အောင်ကတော့ မြန်မာနိုင်ငံရဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar Idol Season (3)ရဲ့ Winner ဆုရှင်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့

နာမည်ကြီး အောင်မြင်တဲ့ အနုပညာရှင် အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။ သီချင်းတွေ သီဆိုရတာကို နှစ်သက်ပြီး ထွက်ရှိလာတဲ့ ဖြိုးမြတ်အောင်ရဲ့ သီချင်းတိုင်းဟာ ပရိသတ်တွေရဲ့ ကြားထဲမှာ ရေပန်းစားလူကြိုက်များတဲ့

သီချင်းဖြစ်နေတော့တာပဲဖြစ်ပါတယ်.။ အနုပညာတိုင်းကို လေးစားပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေသူ ဖြိုးမြတ်အောင်ကတော့ ဒီကနေ့ ဇွန်လ (၁၈)ရက်နေ့မှာ ကျရောက်တဲ့ ခင်ပိုးပန်းချီရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းလေးကို “Happy Birthday ပါ ညီမလေး Khin Poe Panchi..။ မွေးနေ့မှစပြီး ကျန်းမာချမ်းသာ လိုရာ ပြည့်စုံပါစေ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်

စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ဖြိုးမြတ်အောင်ကတော့ ညီမလေးတစ်ယောက်လို ချစ်ခင်ရင်းနှီးသူ ခင်ပိုးပန်းချီအတွက် မွေးနေ့ဆုတောင်းလေးကို မပျက်မကွက်လေး ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ပိုင်ရှင် ခင်ပိုးပန်းချီအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်.။

Source : Phyo Myat Aung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *