လမ်းသွားရင်း တွေ့ခဲ့တဲ့ ကြော်ငြာ ပိုစတာမှာ သူ့ပုံတွေပါနေလို့ ပျော်ရွှင်ကြည်နူးနေတဲ့ တိုင်ရွန်
Read in UNICODE
တိုင်ရွန်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ အနုပညာမျိုးရိုးမရှိပေမဲ့လည်း ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ကိုယ်ဒူးကိုယ်ချွန်ကြိုးစားလုပ်ကိုင်နေခဲ့တာကြောင့်လည်း အနုပညာလောကမှာ အောင်မြင်မှုတွေစတင်ရရှိနေပြီလည်း ဖြစ်ပါတယ်။ တိုင်ရွန်ကတော့
အခုလို အောင်မြင်မှုတွေရရှိအောင် ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားခဲ့ရတာကြောင့် အခုလို အချိန် ကြော်ငြာဘုတ်တွေမှာ သူ့ရဲ့ပုံလေးတွေကိုမြင်နေရရင် ကျေနပ်နေမိတဲ့ အကြောင်းသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။လမ်းသွားရင်းနဲ့ တိုင်ရွန်ရိုက်ကူးခဲ့တဲ့
ကြော်ငြာတစ်ခုကပုံတွေကို ကုန်ကားမှာ ကပ်ထားတာကိုမြင်တွေခဲ့ရတဲ့ သူငယ်ချင်းဖြစ်သူ ပိုင်တံခွန်က ဗီဒီယိုရိုက်ပြီးပို့ပေခဲ့တာကြောင့် တိုင်ရွန်က ဒီဗီဒီယိုလေးထဲက သူ့ရဲ့ ပုံတွေကိုကြည့်ပြီး သဘောကျနေခဲ့တာပါ။ တိုင်ရွန်ကတော့ အခုလို ကြော်ငြာပုံတွေကို မြင်ချိန်မှာ သတိတရနဲ့ ပိုပေးတဲ့
သူငယ်ချင်းဖြစ်သူ ပိုင်တံခွန်ကိုလည်း ကျေးဇူးတင်ကြောင်းပြောထားပါသေးတယ်။ ပရိသတ်ကြီးရေ အနုပညာကို ဝါသနာပါပြီးကြိုးစားလွန်းတဲ့ တိုင်ရွန်အတွက်တော့ ဒီလို ကြော်ငြာပုံတွေကိုတွေ့ရတာဟာ သူ့ရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုခံရခြင်းတစ်မျိုးကိုဖြစ်စေပါတယ်နော်။
Source : Tyron Bejay | Reference & Credit : CeleGabar
Add a Comment
Your email address will not be published. Required fields are marked *