အလုပ်ရှားပါးနေတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေကို ကြော်ငြာရိုက်ဖို့ လက်တွဲခေါ်ပြီး ထမင်းကျွေးကာ ကန်တော့ခဲ့တဲ့ ဖြူဖြူထွေး





Read in UNICODE

သရုပ်ဆောင်ဖြူဖြူထွေးကတော့ သရုပ်ဆောင်ကောင်းသလို ဖြူစင်ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ သိတ်ထားလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါ..။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရင်ထဲ တစ်စတစ်စရောက်ရှိလာတဲ့ ဖြူဖြူထွေးလေးကတော့ အခုဆိုရင်

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ် ရပ်တည်လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်နော်..။ ပရိသတ်တွေရဲ့အသည်းကျော်လေး ဖြူဖြူထွေးကတော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးကာ အနုပညာအလုပ်တွေ အဆက်မပြတ်လုပ်ဆောင်နေပြီး လှူဒါန်းမှုလေးတွေကို

လည်း မကြာခဏပြုလုပ်လေ့ရှိသူလေးပါပဲနော်..။ကြုံရင်ကြုံသလို လှူဒါန်းကုသိုလ်ယူတတ်တဲ့ ဖြူဖြူထွေးလေးကတော့ အခုတစ်ခါမှာလည်း ဟာသဇာတ်ပို့သရုပ်ဆောင် အနုပညာရှင်ကြီးတွေကိုလည်း လှူဒါန်းကန်တော့ခဲ့ပြန်ပါတယ်နော်..။ အလုပ်ပါးနေကြတဲ့ ဝါရင့်အနုပညာရှင် သရုပ်ဆောင်ကြီးတွေကို ကြော်ငြာအတူရိုက်ဖို့ခေါ်ကာ

အလုပ်ပေးတဲ့အပြင် အစားအသောက်များကျွေးမွေး ဧည့်ခံကာ ကန်တော့ခဲ့တာ ဖြစ်ပါတယ်နော်..။ အခုလို သူမရဲ့ ကြည်နူးပီတိဖြစ်စရာ အမှတ်တရလေးတွေကိုလည်း “ဖြူဖြူ ပြောမပြတက်အောင် ပီတိဖြစ်မိပါတယ်..” ဆိုပြီး ကြည်နူးစရာ အမှတ်လေးတွေကို အပျော်လေးတွေနဲ့အတူ ချစ်အတွက်တွေကိုလည်း ဝေမျှထားတာ ဖြစ်ပါတယ်နော်..။

Source : Phyu Phyu Htwe’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *