အဖွားဖြစ်သူရဲ့ နာရေးကို ကူညီပေးခဲ့ကြတဲ့ ထွန်းကိုကို နဲ့ ဦးကျော်သူကို ကျေးဇူးတင်စကားပြောခဲ့တဲ့ မေကဗျာ
Read in UNICODE
မေကဗျာဟာဆိုရင် အသားညိုညိုညက်ညက်လေးနဲ့ ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့သူလေးပဲဖြစ်ပါတယ်နော်။မေကဗျာက ဗီဒီယိုခေတ်ကတည်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်ခဲ့လို့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိလာပြီး
အခုချိန်ထိတိုင် အနုပညာလောကမှာအောင်မြင်မှုတွေနဲ့ရပ်တည်နေဆဲဖြစ်ပါတယ်။မေကဗျာရဲ့အနုပညာအရည်အသွေးတွေကိုလည်း ပရိသတ်တွေကကြိုက်နှစ်သက်ကြလို့ ယနေ့အချိန်ထိတိုင်အားပေးလာကြတာပါနော်။မေကဗျာက အခုချိန်ထိလည်း လှပနုပျိုနေဆဲဖြစ်လို့
ကလေးတစ်ယောက်မွေးဖွားထားတဲ့မိခင်လို့တောင်ထင်ရက်စရာမရှိပါဘူးနော်။မေကဗျာရဲ့သမီးချောချောလေးကလည်း ဆယ်ကျော်သက်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး မေကဗျာကတော့ သမီးလေးကို အကောင်းဆုံးပြုစုပျိုးထောင်ပေးလာကာ မိခင်ကောင်းပီသပါတယ်နော်။လတ်တလောမှာ
ဆိုရင်တော့ မေကဗျာရဲ့ အဖွားဖြစ်သူက ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။မေကဗျာအဖွားရဲ့ နာရေးကို ဦးကျော်သူတို့ရဲ့ နားရေကူညီမှုအသင်းက အစစအရာရာကူညီပေးခဲ့တာကြောင့် မေကဗျာကတော့”ဖွားဖွားကြီးဆရာလေး
ဒေါ်သီရိ၏နောက်ဆုံးခရီး ကျေးဇူးပါ ဦးမောင် ထွန်းကိုကို ချက်ချင်းအစစအဆင်ပြေအောင်ကူညီပေးတာမနက် ၁၀ နာရီ မီးသဂြိုလ်ပါမည် ဖြစ်၍ ၈:၃၀ အိမ်မှထွက်ပါမည်”ဆိုပြီး ကျေးဇူးတင်စကားဆိုထားကာ နောက်ဆုံးမြင်ကွင်းပုံရိပ်လေးတွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။
Source : May Kabyar’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *