မနက်ဖန်ကျရောက်မယ့် အမေစုရဲ့ မွေးနေ့အတွက် အိမ်တိုင်ရာရောက် မွေးနေ့ကိတ်လေး သွားပို့ပေးခဲ့တဲ့ စမိုင်းလ်





Read in UNICODE

စမိုင်းလ်ကတော့ အလှူအတန်း ဘာသာရေးကို လိုက်စားသူတစ်ယောက်ဖြစ်သလို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကိုလည်း အရမ်းချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပါတယ်။ စမိုင်းလ်က ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် ဒီဇင်ဘာလအတွင်းက တစ်နိုင်ငံလုံးစိတ်ဝင်စားခဲ့ကြတဲ့ ICJ

ကြားနာမှုအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ထိသွားရောက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice) အရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်အားပေးဝန်းရံခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း စမိုင်းလ်က

မနက်ဖြန် ဇွန်လ (၁၉)ရက်နေ့မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက် အမေစုရဲ့အိမ်ထိသွားပြီး မွေးနေ့ကိတ်လေးလက်ဆောင်ပို့ပေးခဲ့ကြောင်းကို “ICJ သို့သွားခဲ့ကြတဲ့မောင်နှမတွေကိုယ်စားမနက်ဖြန်မှာကျရောက်မဲ့အမေစုရဲ့မွေးနေ့အတွက်ကိတ်မုန့်သွားပို့”

ဆိုပြီး အမှတ်တရ ဓာတ်ပုံလေးတွေကို မျှဝေထားပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူတွေပီပီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက်လည်း ဝိုင်းဝန်းဆင်နွှဲနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

Source : စမိုင်းလ် Smile’s Facebook

Add a Comment

Your email address will not be published. Required fields are marked *