ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတဲ့ ဦးမန်းဝင်းအတွက် အလှူငွေ(၂)သိန်း လှူဒါန်းခဲ့တဲ့ မိုးဟေကို
Read in UNICODE
လူရွှင်တော် ဦးမန်းဝင်းတစ်ယောက်ကတော့ ကျန်းမာရေးအခြေနေ ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်ခဲ့ရပြီး (၁၀) ရက်တိတိပြန်လည် မနိုးထလာတော့ပဲ ကိုမာ ဖြစ်တယ်လို့မိသားစုဝင်တွေက ယူဆခဲ့ကြပါတယ် ။ အနုပညာရှင်
အသိုင်းအဝိုင်းကလည်း ဦးမန်းဝင်းအတွက် စိုးရိမ်ပြီး ဆေးဖိုးဝါးခ အတွက် အလှူငွေတွေ ထည့်ဝင်ခဲ့ကြပါတယ် ။ ဟာသ သရုပ်ဆောာင်လူရွှင်တော်တွေဖြစ်တဲ့ ငြိမ်းချမ်းနဲ့
ဒိန်းဒေါင်တို့ကတော့ မိသားစုဝင်တွေအတွက် အလှူငွေရရှိဖို့ အတွက်ကူညီပေးနေကြပါတယ် ။ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး မိုးဟေကိုကတော့ ဦးမန်းဝင်းအတွက် အလှူငွေ (၂) သိန်းတိတိလှူဒါန်းကုသိုလ်ယူခဲ့ပါတယ် ။ မိုးဟေကိုရဲ့
အလှူအတွက် ကျေးဇူးတင်ရှိကြောင်း ကို ဦးမန်းဝင်းရဲ့ သားဖြစ်သူ ချမ်းသာမန်းဝင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ ဘဘဦးမန်းဝင်းရဲ့ ဆေးကုသစရိတ်အတွက်
အခက်ခဲဖြစ်နေကြတဲ့ မိသားစုဝင်တွေ အတွက် အလှူငွေတွေများများရပြီး ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေနေ အမြန်ဆုံးပြန်ကောင်းလာဖို့ ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးကလည်း ဘဘ ဦးမန်းဝင်းအတွက် ဆုတောင်းပေးကြပါဦးနော် ။
Source : Chan Thar Mann Win’s Facebook | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *