ရုပ်ရှင်အစည်းအရုံးရဲ့ မင်းသားစာရင်းမှာ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် မပါဝင်ခဲ့တဲ့အကြောင်း ပြောပြခဲ့တဲ့ ရဲလေး
Read in UNICODE
ရဲလေးဟာ သီချင်းဆိုကောင်းပြီး သရုပ်ဆောင်တဲ့နေရာမှာပါ ထူးချွန်တာကြောင့် ပရိသတ်တွေ အားပေးမှုကို ရရှိထားသူတစ်ဦးပါ။ ရဲလေးဟာ ရုပ်ရည်ချောမောတာကြောင့် မိန်းကလေးပရိသတ်တွေ အတော်များများရဲ့ အားပေးခြင်းကို ခံရသလို ရုပ်ရှင်ဇာတ်ကားတွေ
တော်တော်များများမှာလည်း သရုပ်ဆောင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရဲလေးက အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ
ရပ်တည်ခဲ့တဲ့ ရဲလေးက ရုပ်ရှင်အစည်းအရုံးရဲ့ မင်းသားစာရင်းမှာမပါဝင်ခဲ့တဲ့အပေါ် သူ့ရဲ့ခံစားချက်ကို အခုလိုပဲ ပြောလာပါတယ်။ ရဲလေးက “ကျွန်တော်အများကြီးထပ်ကြိ ုးစားအုံးမယ်ဗျာ💪💪💪” ဆိုပြီး အကောင်းဘက်ကနေပဲ ပြောခဲ့ပါတယ်။ ရုပ်ရှင်အစည်းအရုံးက
မင်းသားစာရင်းပိုစတာမှာ နောက်တက်မင်းသားအများအပြားပါဝင်ပေမယ့် ရဲလေးနဲ့အတူ အခြားသော ဝါရင့်သရုပ်ဆောင်တွေပါ မပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ ရဲလေးကို ဒီနေ့ဒီအချိန်ထိ စွဲစွဲမြဲမြဲအားပေးနေကြဆဲပါပဲနော်။
Source : Ye Min Tun’s Facebook
Add a Comment
Your email address will not be published. Required fields are marked *