ခိုင္ႏွင္းေဝရဲ႕ ေဂဟာကိုသြားၿပီး ကေလးငယ္ေတြကို ေႏြးေထြးၾကင္နာမႈအျပည့္ေပးခဲ့ၾကတဲ့ စမိုင္းလ္တို႔ မိသားစု

မင္းသမီးေခ်ာေလး စမိုင္းလ္ကေတာ့ အႏုပညာေလာကမွာ ေအာင္ျမင္မႈတစ္ခုရရွိၿပီး နာမည္တစ္လုံးနဲ႔ရပ္တည္ေနတာ ျဖစ္ပါတယ္။ စမိုင္းလ္က VCD ေခတ္ကတည္းကေန သီခ်င္းဗီဒီယိုေတြနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ၿပီး အႏုပညာလႈပ္ရွားမႈေတြကို

လုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္။ စမိုင္းလ္က သမီးေခ်ာေလးႏွစ္ေယာက္ရဲ႕မိခင္ျဖစ္ၿပီး အခုခ်ိန္အထိ ငယ္႐ြယ္ႏုပ်ိဳကာ အလွတိုးေနဆဲ ျဖစ္ပါတယ္။ ဒီေန႔ ဇြန္လ (၁၇) ရက္ေန႔ကေတာ့ စမိုင္းလ္ရဲ႕အငယ္ဆုံးသမီးေလးျဖစ္တဲ့ ကလိုဝီရဲ႕ အသက္(၁၂) ႏွစ္ျပည့္ ေမြးေန႔ရက္ျမတ္ေလးပဲ

ျဖစ္ပါတယ္။ ဒါေၾကာင့္ မနက္ပိုင္းမွာ စမိုင္းလ္က သမီးေလးအတြက္ ေမြးေန႔ဆုေတာင္းစကားဆိုေပးခဲ့ၿပီး ေန႔လည္ပိုင္းမွာေတာ့ သမီးေလးနဲ႔အတူ မြန္ျမတ္တဲ့အလႉဒါနေလးတစ္ခု ျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ စမိုင္းလ္ကသမီးေလးေတြနဲ႔အတူ ခိုင္ႏွင္းေဝရဲ႕ရင္ေသြးေလးမ်ားေဂဟာကို

သြားေရာက္ၿပီး ကေလးငယ္ေလးေတြအတြက္ လႉဒါန္းမႈျပဳလုပ္ေပးေနတာ ျဖစ္ပါတယ္။ စမိုင္းလ္တို႔သားအမိေတြကေတာ့ ခ်စ္စရာေကာင္းတဲ့ရင္ေသြးငယ္ေလးေတြကို ကိတ္မုန႔္ေတြ ကိုယ္တိုင္ခြံ႕ေကြၽးေနၾကတာ ျဖစ္ပါတယ္။ စမိုင္းလ္တို႔သားအမိက ကေလးငယ္ေလးေတြကို

ရင္ခြင္ထဲမွာပိုက္ၿပီး မုန႔္ခြံေကြၽးေနတာကို Facebook မွာ Live လႊင့္ေပးခဲ့တာလည္း ျဖစ္ပါတယ္။ ကဲ ခိုင္ႏွင္းေဝရဲ႕ရင္ေသြးေလးမ်ားေဂဟာမွာ ကေလးငယ္ေလးေတြအတြက္ အလႉလုပ္ေနတဲ့ စမိုင္းလ္တို႔သားအမိရဲ႕Live ဗီဒီယိုေလးကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

မင်းသမီးချောလေး စမိုင်းလ်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတစ်ခုရရှိပြီး နာမည်တစ်လုံးနဲ့ရပ်တည်နေတာ ဖြစ်ပါတယ်။ စမိုင်းလ်က VCD ခေတ်ကတည်းကနေ သီချင်းဗီဒီယိုတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ပြီး အနုပညာလှုပ်ရှားမှုတွေကို

လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ စမိုင်းလ်က သမီးချောလေးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး အခုချိန်အထိ ငယ်ရွယ်နုပျိုကာ အလှတိုးနေဆဲ ဖြစ်ပါတယ်။ ဒီနေ့ ဇွန်လ (၁၇) ရက်နေ့ကတော့ စမိုင်းလ်ရဲ့အငယ်ဆုံးသမီးလေးဖြစ်တဲ့ ကလိုဝီရဲ့ အသက်(၁၂) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ

ဖြစ်ပါတယ်။ ဒါကြောင့် မနက်ပိုင်းမှာ စမိုင်းလ်က သမီးလေးအတွက် မွေးနေ့ဆုတောင်းစကားဆိုပေးခဲ့ပြီး နေ့လည်ပိုင်းမှာတော့ သမီးလေးနဲ့အတူ မွန်မြတ်တဲ့အလှူဒါနလေးတစ်ခု ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စမိုင်းလ်ကသမီးလေးတွေနဲ့အတူ ခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာကို

သွားရောက်ပြီး ကလေးငယ်လေးတွေအတွက် လှူဒါန်းမှုပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ စမိုင်းလ်တို့သားအမိတွေကတော့ ချစ်စရာကောင်းတဲ့ရင်သွေးငယ်လေးတွေကို ကိတ်မုန့်တွေ ကိုယ်တိုင်ခွံ့ကျွေးနေကြတာ ဖြစ်ပါတယ်။ စမိုင်းလ်တို့သားအမိက ကလေးငယ်လေးတွေကို

ရင်ခွင်ထဲမှာပိုက်ပြီး မုန့်ခွံကျွေးနေတာကို Facebook မှာ Live လွှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာမှာ ကလေးငယ်လေးတွေအတွက် အလှူလုပ်နေတဲ့ စမိုင်းလ်တို့သားအမိရဲ့Live ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : စမိုင္းလ္ Smile’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *