အနုပညာလောကထဲရောက်တာ (၁၇)နှစ်လောက်ရှိပေမယ့် နောက်တက်တဲ့ မင်းသားတွေလောက်တောင် နေရာပေးမခံရဘူးဆိုတဲ့ စည်သူမောင်
Read in UNICODE
မိန်းကလေးတွေရဲ့ အသည်းနှလုံးကို သွားတက်ကလေးနဲ့ ဖမ်းစားထားနိုင်ခဲ့တဲ့ မင်းသားချော စည်သူမောင်က လက်ရှိအချိန်ထိတိုင် သူမြတ်နိုးတဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ စည်သူမောင်က အနုပညာလောကမှာ ကျင်လည်လာတာ
(၁၇)နှစ်ကြာရှိပြီဖြစ်ပေမယ့် ဒီနေ့မှာတော့ စည်သူမောင်က ဝမ်းနည်းစိတ်မကောင်းစရာကိစ္စနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ထိုအကြောင်းနဲ့ ပက်သတ်ပြီး စည်သူမောင်က အခုလိုပဲ ရင်ဖွင့်ပြောပြလာပါတယ်။ “အနုပညာလောကထဲကို စဝင်လာတာ ၂၀၀၃ ခုနှစ် ရှင်အရဟံဇာတ်ရုပ်နဲ့ “ချစ်သောအရိမဒ္ဓနပူရ ”
ရုပ်ရှင်ကား နဲ့ “ကျနော်ဆရာဝန်တယောက်ပါ”ဆိုတဲ့ ကြော်ငြာနဲ့ ပရိသတ်တွေစသိခဲ့ချိန်မှာ ၂၀၀၅/၀၆ ဇမ္ဗူတလူ ထုတ်လုပ်ရေး ဆု ထုတ်လုပ်ရေး ကျောက်စိမ်းနန်းတော်ထုတ်လုပ်ရေးတို့နဲ့ ခေါင်းဆောင်မင်းသားအနေနဲ့ စာချုပ်ချုပ်ပြီး ဗီဒီယိုတွေ ရိုက်ကူးခဲ့ပြီးချိန်မှာ ကိုယ့်ကိုကိုယ် အနုပညာရှင်ရယ်လို့ မရဲတရဲ သက်မှတ်ခဲ့ဖူးတာပဲ။ ညီအစ်ကိုတွေအတွက်
ဂုဏ်ယူပါတယ်။ ဟုတ်ကဲ့ ကျနော်လည်း ထပ်ကြိုးစားရပါဦးမယ်ခင်ဗျား 😊😊😊 ” ဆိုပြီး ပြောထားပါတယ်။ စည်သူမောင်ကတော့ အနုပညာရှင်တစ်ယောက်အဖြစ် ဆယ်စုနှစ် နှစ်စုနီးပါး ကြင်လည်ခဲ့ပေမယ့် နောက်တက်လူငယ်တွေလောက်တောင် နေရာမပေးခံရတဲ့အပေါ် ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source : Si Thu Maung’s Facebook
Add a Comment
Your email address will not be published. Required fields are marked *