အဆွေးသီချင်းလေးတစ်ပုဒ်ကို ဝေကြီးနဲ့ အတူ ဖန်တီးနေတဲ့ နန်းဆုရတီစိုး





Read in UNICODE

နန်းဆုရတီစိုးကတော့ သရုပ်ဆောင် အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ သူတစ်ယောက်ပါ။ နန်းဆုကတော့ နောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်တွေထက် အဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေကို

ပိုမိုဦးစားပေးဖန်တီးနေခဲ့ပါတယ်။ နန်းဆုကတော့ လတ်တလောမှာ အဆွေသီချင်းအသစ်လေးတစ်ပုဒ်ကို ထပ်မံဖန်တီးနေခဲ့တဲ့ အကြောင်းကို ပရိသတ်တွေအတွက် သတင်းကောင်းအနေနဲ့ သူ့ရဲ့ My Day ကနေ “အဆွေးလေးတစ်ပုဒ်ထပ်ပြီး”လို့ ဆိုကာ ဖော်ပြလာခဲ့ပါတယ်။ အဆွေးသီချင်းလေးထပ်ပြီး

ဖန်တီးနေတဲ့ အကြောင်းကို တေးရေးတေးဆို ဝေကြီးနဲ့အတူစတူရီယိုမှာတွဲရိုက်ထားတဲ့ ပုံလေးနဲ့ ဖော်ပြလာခဲ့တာဆိုတော့ သီချင်းလေးကို ဝေကြီးက ရေးစပ်ပေးထားတာများဖြစ်နေမလား။ဝေကြီးရဲ့ အဆွေးသီချင်းဖန်တီးမှုကတော့ ပရိသတ်တွေသိရှိထားတဲ့

အတိုင်းပဲ တစ်ပုဒ်ဆိုတစ်ပုဒ်ပရိသတ်ရင်ထဲရောက်အောင်ရေးစပ်နိုင်တဲ့ တေးရေးတစ်ယောက်ဖြစ်တာကြောင့် နန်းဆုရဲ့ အသစ်ထွက်လာမယ့် သီချင်းလေးကလည်း ပရိသတ်ရင်ထဲကို ရောက်တဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်လာမှာကတော့ အသေအချာပါပဲ။

Source : Nan Su Yati Soe | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *