အႏုပညာေလာကက နာမည္မႀကီးရင္ အာမခံခ်က္မရွိလို႔ ေျမးေလးကို ပညာေရးပဲ ဦးစားေပးေစခ်င္တယ္ဆိုတဲ့ ႏြဲ႕ႏြဲ႕စန္း

ဝါရင့္႐ုပ္ရွင္မင္းသမီးႀကီး ႏြဲ႕ႏြဲ႕စန္းကေတာ့ အႏုပညာအလုပ္ကို ဝါသနာပါတဲ့ ေျမးျဖစ္သူ ရာဇဝင္မင္း နဲ႔ ပရိသတ္ကို မိတ္ဆက္ေပးခဲ့ပါတယ္။ လက္ရွိမွာေတာ့ ေျမးေလးကို ပညာေရးကိုပဲ ဦးစားေပးေစခ်င္တယ္လို႔ ေျပာျပလာပါတယ္။ “ အႏုပညာအလုပ္ကို သူက ဝါသနာပါတယ္။ အေမတို႔က ခြင့္မျပဳႏိုင္ေသးတာ။ သူက စာလည္းေတာ္တယ္၊ အခုမွ အသက္(၁၆)ႏွစ္ဆိုေတာ့ အကယ္ဒမီ ေ႐ႊႀကိဳေတာင္မွ ပထမအေ႐ြးကို အေမထည့္ေပးတယ္၊ ဒုတိယအေ႐ြးကိုေတာ့ အေမ အပါမခံေတာ့ဘူး။ စာဘက္ကို

ေပါ့သြားမွာစိုးရိမ္တယ္။ အႏုပညာဆိုတာ နာမည္ႀကီးလာမွ အဆင္ေျပတာ နာမည္မႀကီးရင္ အာမခံခ်က္မရွိဘူး။ ဒါေၾကာင့္ ပညာေရးကိုပဲ ဦးစားေပးတယ္” ႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္႐ိုက္ကူးေရး မွာ ေျဖဆိုခဲ့တာပါ။ ရာဇဝင္မင္းဟာ လက္ရွိမွာ တကၠသိုလ္ဝင္တန္း တက္ေရာက္မွာျဖစ္ပါတယ္။ သူဟာ ႏြဲ႕ႏြဲ႕စန္းရဲ႕ ေျမး ၊ သ႐ုပ္ေဆာင္ ႀတီကို ရဲ႕ သားျဖစ္တယ္လို႔ ႏြဲ႕ႏြဲ႕စန္းက ေျပာပါတယ္။ သူကိုယ္တိုင္ကလည္း ေျမးေလး

ကို ဇာတ္ကားေတြ ႐ိုက္ကူးေပးဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။ “ အခုခ်ိန္မွာ သူ႔ကို အႏုပညာအလုပ္ေတြ မလုပ္ေစခ်င္ေပမယ့္ (၁၀) တန္းၿပီးသြားရင္ေတာ့ ဇာတ္ကား ေပး႐ိုက္မယ္လို႔ ေျပာထားတယ္။ သူ႔ကို ႐ိုက္ေပးမယ့္ ဇာတ္ကားေတြကိုေတာ့ ဥ ထားရတာေပါ့။ အႏုပညာသမားတိုင္းကလည္း လက္တြဲေခၚခ်င္တဲ့စိတ္မရွိၾကဘူး။ ဒါအမွန္ပဲ။ သူ႔အေဖ ႀတီကို တုန္းကဆိုရင္ သူက ေခ်ာလည္းေခ်ာတယ္၊ အသားလည္း တကယ္လွတယ္။ အဲဒီေတာ့ မင္းသားေတြနဲ႔တြဲရင္ ဘာေျပာလဲဆိုေတာ့ သူ႔ကို ေခၚ႐ိုက္ရင္ ကြၽန္ေတာ္တို႔က

အသက္ႀကီးမွန္း သိမွာေပါ့ဆိုၿပီးေတာ့ အေျပာခံရဖူးတယ္။ အသားက ဝင္းေတာ့ အနီေရာင္ဝတ္ထားရင္ ပိုေတာက္ပတယ္။ အဲဒီေတာ့ အက်ႌလဲေပးပါတို႔ အေျပာခံခဲ့ရဖူးတယ္” လို႔ သူက ဆိုပါတယ္။ေဒၚႏြဲ႕ႏြဲ႕စန္းကေတာ့ အျဖဴအမဲ ႐ုပ္ရွင္ေခတ္ကတည္းက အႏုပညာအလုပ္ေတြ လုပ္ေဆာင္လာတဲ့သူျဖစ္ပါတယ္။ သူမဟာ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္သာမက အၿငိမ့္မင္းသမီးတစ္ေယာက္အျဖစ္နဲ႔ပါ ေအာင္ျမင္ေက်ာ္ၾကားသူ တစ္ေယာက္ပါ။ ျပည္ပႏိုင္ငံမွာ ပထမဆုံး သြားေရာက္ကျပခဲ့ရတဲ့ အၿငိမ့္မင္းသမီးျဖစ္လို႔ ဘိလပ္ျပန္ ႏြဲ႕ႏြဲ႕စန္း လို႔ေတာင္ တင္စားေခၚေဝၚခဲ့ၾကပါတယ္။ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၆၀ ေက်ာ္ရွိပါၿပီ။ ဒီေန႔ ဒီအခ်ိန္ထိ အႏုပညာအလုပ္ေတြ လုပ္ေနတဲ့ ဝါရင့္ မင္းသမီးေခ်ာႀကီး တစ္ေယာက္ျဖစ္ပါတယ္။

Read in UNICODE

ဝါရင့်ရုပ်ရှင်မင်းသမီးကြီး နွဲ့နွဲ့စန်းကတော့ အနုပညာအလုပ်ကို ဝါသနာပါတဲ့ မြေးဖြစ်သူ ရာဇဝင်မင်း နဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ မြေးလေးကို ပညာရေးကိုပဲ ဦးစားပေးစေချင်တယ်လို့ ပြောပြလာပါတယ်။ “ အနုပညာအလုပ်ကို သူက ဝါသနာပါတယ်။ အမေတို့က ခွင့်မပြုနိုင်သေးတာ။ သူက စာလည်းတော်တယ်၊ အခုမှ အသက်(၁၆)နှစ်ဆိုတော့ အကယ်ဒမီ ရွှေကြိုတောင်မှ ပထမအရွေးကို အမေထည့်ပေးတယ်၊ ဒုတိယအရွေးကိုတော့ အမေ အပါမခံတော့ဘူး။ စာဘက်ကို

ပေါ့သွားမှာစိုးရိမ်တယ်။ အနုပညာဆိုတာ နာမည်ကြီးလာမှ အဆင်ပြေတာ နာမည်မကြီးရင် အာမခံချက်မရှိဘူး။ ဒါကြောင့် ပညာရေးကိုပဲ ဦးစားပေးတယ်” ရုပ်ရှင် နှစ်(၁၀၀) ပြည့်ရိုက်ကူးရေး မှာ ဖြေဆိုခဲ့တာပါ။ ရာဇဝင်မင်းဟာ လက်ရှိမှာ တက္ကသိုလ်ဝင်တန်း တက်ရောက်မှာဖြစ်ပါတယ်။ သူဟာ နွဲ့နွဲ့စန်းရဲ့ မြေး ၊ သရုပ်ဆောင် တြီကို ရဲ့ သားဖြစ်တယ်လို့ နွဲ့နွဲ့စန်းက ပြောပါတယ်။ သူကိုယ်တိုင်ကလည်း မြေးလေး

ကို ဇာတ်ကားတွေ ရိုက်ကူးပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ “ အခုချိန်မှာ သူ့ကို အနုပညာအလုပ်တွေ မလုပ်စေချင်ပေမယ့် (၁၀) တန်းပြီးသွားရင်တော့ ဇာတ်ကား ပေးရိုက်မယ်လို့ ပြောထားတယ်။ သူ့ကို ရိုက်ပေးမယ့် ဇာတ်ကားတွေကိုတော့ ဥ ထားရတာပေါ့။ အနုပညာသမားတိုင်းကလည်း လက်တွဲခေါ်ချင်တဲ့စိတ်မရှိကြဘူး။ ဒါအမှန်ပဲ။ သူ့အဖေ တြီကို တုန်းကဆိုရင် သူက ချောလည်းချောတယ်၊ အသားလည်း တကယ်လှတယ်။ အဲဒီတော့ မင်းသားတွေနဲ့တွဲရင် ဘာပြောလဲဆိုတော့ သူ့ကို ခေါ်ရိုက်ရင် ကျွန်တော်တို့က

အသက်ကြီးမှန်း သိမှာပေါ့ဆိုပြီးတော့ အပြောခံရဖူးတယ်။ အသားက ဝင်းတော့ အနီရောင်ဝတ်ထားရင် ပိုတောက်ပတယ်။ အဲဒီတော့ အင်္ကျီလဲပေးပါတို့ အပြောခံခဲ့ရဖူးတယ်” လို့ သူက ဆိုပါတယ်။ဒေါ်နွဲ့နွဲ့စန်းကတော့ အဖြူအမဲ ရုပ်ရှင်ခေတ်ကတည်းက အနုပညာအလုပ်တွေ လုပ်ဆောင်လာတဲ့သူဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အဖြစ်သာမက အငြိမ့်မင်းသမီးတစ်ယောက်အဖြစ်နဲ့ပါ အောင်မြင်ကျော်ကြားသူ တစ်ယောက်ပါ။ ပြည်ပနိုင်ငံမှာ ပထမဆုံး သွားရောက်ကပြခဲ့ရတဲ့ အငြိမ့်မင်းသမီးဖြစ်လို့ ဘိလပ်ပြန် နွဲ့နွဲ့စန်း လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၆၀ ကျော်ရှိပါပြီ။ ဒီနေ့ ဒီအချိန်ထိ အနုပညာအလုပ်တွေ လုပ်နေတဲ့ ဝါရင့် မင်းသမီးချောကြီး တစ်ယောက်ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *