ဘီပိုးကာကြယ္ေဆးကို မိဘမဲ့ကေလး အေယာက္(၅၀)အတြက္ ထိုးေပးခဲ့တဲ့ ခန္႔စည္သူ

ဟိုးအရင္အခ်ိန္ေတြကတည္းက အခုထိ ခန္႔စည္သူကေတာ့ ႐ုပ္ရွင္၊ဗြီဒီယိုေတြမွာ အမ်ားဆုံးေနရာယူထားႏိုင္တဲ့ မင္းသားတစ္လက္ပါ။ တစ္ကိုယ္တည္း လူပ်ိဳႀကီးအျဖစ္နဲ႔ပဲ အႏုပညာအလုပ္ေတြကို ဦးစားေပးလုပ္ကိုင္ေနတဲ့အျပင္ အလႉအတန္းရက္ေရာသူတစ္ေယာက္ျဖစ္တာမို႔လည္း

ပရိသတ္ေတြက ေလးစားခ်စ္ခင္ေနရသူပါ။ျမန္မာႏိုင္ငံမွာ Covid-19 ကာကြယ္ေရးလုပ္ငန္းစဥ္ေတြစတင္ကတည္းက ေန႔စဥ္ရက္ဆက္လႉဒါန္းေပးဖို႔ႀကိဳးစားေနတဲ့ ခန္႔စည္သူကေတာ့ မၾကာခင္ရက္ပိုင္းအတြင္းကပဲ ေမြးေန႔အလႉအျဖစ္ အလႉႀကီးအတန္းႀကီးျပဳလုပ္ေပးခဲ့ပါေသးတယ္။ ဒီတစ္ေခါက္မွာလည္း

တကယ္လိုအပ္ၿပီး အက်ိဳးမ်ားတဲ့အလႉေလးတစ္ခုအျဖစ္ စြန္႔ပစ္ခံမိဘမဲ့ကေလးအေယာက္(၅၀)အတြက္ ဘီပိုးကာကြယ္ေဆးထိုးေပးခဲ့အေၾကာင္း သူ႔ရဲ႕အလႉေလးကို မွ်ေဝေဖာ္ျပခဲ့ပါတယ္။ကေလးအေယာက္(၅၀) ဘီပိုးကာကြယ္ေဆးထိုးဖို႔အတြက္ ကုန္က်ေငြ(၁၅) သိန္းကို

လႉဒါန္းေပးခဲ့ၿပီး မိတ္ေဆြအေပါင္းအသင္းေတြကိုပါ လႉဒါန္းၾကဖို႔တိုက္တြန္းခဲ့ပါေသးတယ္ပရိသတ္ႀကီးေရ… ဘာသာ၊သာသနာေရးအတြက္သာမက ဘက္ေပါင္းစုံကေန ေထာင့္စိေအာင္ လႉဒါန္းေပးဖို႔ ႀကိဳးစားေနတဲ့ ခန္႔စည္သူကေတာ့ တကယ္ကိုေလးစားစရာ စံျပအႏုပညာရွင္တစ္ေယာက္ပါပဲေနာ္။

Read in UNICODE

ဟိုးအရင်အချိန်တွေကတည်းက အခုထိ ခန့်စည်သူကတော့ ရုပ်ရှင်၊ဗွီဒီယိုတွေမှာ အများဆုံးနေရာယူထားနိုင်တဲ့ မင်းသားတစ်လက်ပါ။ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ်နဲ့ပဲ အနုပညာအလုပ်တွေကို ဦးစားပေးလုပ်ကိုင်နေတဲ့အပြင် အလှူအတန်းရက်ရောသူတစ်ယောက်ဖြစ်တာမို့လည်း

ပရိသတ်တွေက လေးစားချစ်ခင်နေရသူပါ။မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ရေးလုပ်ငန်းစဉ်တွေစတင်ကတည်းက နေ့စဉ်ရက်ဆက်လှူဒါန်းပေးဖို့ကြိုးစားနေတဲ့ ခန့်စည်သူကတော့ မကြာခင်ရက်ပိုင်းအတွင်းကပဲ မွေးနေ့အလှူအဖြစ် အလှူကြီးအတန်းကြီးပြုလုပ်ပေးခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မှာလည်း

တကယ်လိုအပ်ပြီး အကျိုးများတဲ့အလှူလေးတစ်ခုအဖြစ် စွန့်ပစ်ခံမိဘမဲ့ကလေးအယောက်(၅၀)အတွက် ဘီပိုးကာကွယ်ဆေးထိုးပေးခဲ့အကြောင်း သူ့ရဲ့အလှူလေးကို မျှဝေဖော်ပြခဲ့ပါတယ်။ကလေးအယောက်(၅၀) ဘီပိုးကာကွယ်ဆေးထိုးဖို့အတွက် ကုန်ကျငွေ(၁၅) သိန်းကို

လှူဒါန်းပေးခဲ့ပြီး မိတ်ဆွေအပေါင်းအသင်းတွေကိုပါ လှူဒါန်းကြဖို့တိုက်တွန်းခဲ့ပါသေးတယ်ပရိသတ်ကြီးရေ… ဘာသာ၊သာသနာရေးအတွက်သာမက ဘက်ပေါင်းစုံကနေ ထောင့်စိအောင် လှူဒါန်းပေးဖို့ ကြိုးစားနေတဲ့ ခန့်စည်သူကတော့ တကယ်ကိုလေးစားစရာ စံပြအနုပညာရှင်တစ်ယောက်ပါပဲနော်။

Source : Khant Si Thu’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *