ခိုင်နှင်းဝေရဲ့ ရင်သွေးငယ်များ ဂေဟာမှာ သမီးလေး ကလိုဝီရဲ့ (၁၂)နှစ်ပြည့်မွေးနေ့ အဖြစ် လှူဒါန်းသွားမယ်ဆိုတဲ့ စမိုင်းလ်





Read in UNICODE

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် စမိုင်းလ်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ စမိုင်းလ်ကတော့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့ ကင်းကွာခဲ့ပြီး အခုနောက်ပိုင်းမှ သာ အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်ခဲ့တာပဲဖြစ်ပါတယ်။ စမိုင်းလ်က သူမကိုယ်တိုင်လည်း ဘာသာရေးအလုပ်တွေကို

လုပ်ကိုင်သလို အများသူငှာအတွက်လည်း ဘာသာရေးအလုပ်တွေကို ဦးဆောင်ကာ လုပ်ဆောင်တတ်သူပါ.။ ခက်ခဲနေတဲ့ အခြေခံ လူတန်းစားတွေအတွက် လိုအပ်နေတဲ့ စားသောက်ကုန်နဲ့ လိုအပ်ချက်များကို လှူဒါန်းမှုတွေကို ပြုလုပ်ပြီး ဆေးရုံတွေရဲ့ လိုအပ်ချက်တွေအတွက်လည်း လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့ပါသေးတယ်။ ပရဟိတအလုပ်တွေကို လုပ်ကိုင်ပြီး ခင်ပွန်းဖြစ်သူနဲ့ သမီးနှစ်ယောက်တို့နဲ့အတူ

ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ. ။ ဒီနေ့ ဇွန်လ (၁၆)ရက်နေ့မှာတော့ စမိုင်းလ်က ဇွန်လ (၁၇)ရက်နေ့မှာ ကျရောက်မယ့် သမီးငယ်လေး ကလိုဝီရဲ့ အသက် (၁၂)နှစ်ပြည့် မွေးနေ့အတွက် လှူဒါန်းမှုပြုလုပ်မယ့်အကြောင်းလေးကို “မနက်ဖြန်မှာကျရောက်မဲ့ ကလိုဝီလေးရဲ့ (၁၂)နှစ်ပြည့်မွေးနေ့အတွက် မခိုင်နှင်းဝေရဲ့ဂေဟာသို့သွားပြီးမိဘမဲ့ကလေးတွေကိုလှူဒါန်းသွားမည်”

ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ စမိုင်းလ်ကတော့ သမီးဖြစ်သူ ကလိုဝီလေးရဲ့ အသက်(၁၂)နှစ်ပြည့် မွေးနေ့လေးကို ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာမှာ လှူဒါန်းမှုလေး ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း နေ့ထူးနေ့မြတ်နဲ့ လိုအပ်နေတဲ့ နေရာတိုင်းအတွက် အကျိုးရှိတဲ့ လှူဒါန်းမှုတွေကို ပြုလုပ်တတ်တဲ့ စမိုင်းလ်ကို အားပေးချစ်ခင်ရင် မှတ်ချက်လေးတွေ ရေးပြီး အားပေးသွားပါဦးနော်.။

Source : စမိုင်းလ် Smile’s Facebook

Add a Comment

Your email address will not be published. Required fields are marked *