ယုန္ေလးရဲ႕ သီခ်င္းဗီဒီယိုကိုၾကည့္ၿပီး ေက်ာင္းမတက္ခဲ့ရတာေၾကာင့္ မ်က္ရည္လည္ခဲ့တယ္ဆိုတဲ့ ေက်ာ္စြာ

A4ေက်ာ္စြာကေတာ့ ယုန္ေလးရဲ႕ေဖးမကူညီမႈနဲ႔ ပရိသတ္အသိမွတ္ျပဳအားေပးမႈရရွိခဲ့သူတစ္ေယာက္ပါ။ မိဘမဲ့တစ္ေယာက္ျဖစ္သလို ငယ္႐ြယ္စဥ္အခ်ိန္ကတည္းက ဆိုးမိုက္ေပေတမႈနဲ႔ အသားက်ခဲ့တဲ့ A4ေက်ာ္စြာကေတာ့ အခုဆိုရင္ သူယုံၾကည္ရာဂီတခရီးလမ္းကို ေလွ်ာက္လွမ္းရင္း ဘဝကို အေကာင္းဆုံးျဖတ္သန္းႏိုင္ဖို႔ ႀကိဳးစားေနသူတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ ယုန္ေလးရဲ႕ လက္ကမ္းေခၚမႈနဲ႔အတူ

” ဝမ္းစာ” ဆိုတဲ့သီခ်င္းေလးကို ယုန္ေလး၊ A4 ေက်ာ္စြာနဲ႔ မင္းZ တို႔သုံးေယာက္ ဖန္တီးခဲ့ၾကၿပီး အခုေနာက္ထပ္တစ္ပုဒ္အေနနဲ႔ ” စိတ္ကူး” ဆိုတဲ့သီခ်င္းေလး ခ်ျပႏိုင္ဖို႔ ႀကိဳးစားေနၾကပါတယ္။ ယုန္ေလးကေတာ့ မေန႔က “စိတ္ကူး” သီခ်င္းရဲ႕ဗြီဒီယိုေလးကို ႐ိုက္ကူးရင္း အျဖဴအစိမ္းဝတ္နဲ႔ A4 ေက်ာ္စြာရဲ႕ပုံရိပ္ေလးနဲ႔အတူ “ဒီ ျမင္ကြင္းေလးက က်က္သေရ ေတာ္ေတာ္ရွိပါတယ္… ခ်စ္စရာ ကေလးေလး

ႏွစ္ေယာက္နဲ႔ A4 ေက်ာ္စြာ.. ဒီအေၾကာင္းေလး ႐ိုက္မယ္ဆိုေတာ့ ေက်ာ္စြာ ခ်က္ခ်င္းမ်က္ရည္ဝဲတက္လာတယ္ . ကြၽန္ေတာ္ အျဖဴနဲ႔အစိမ္း တစ္ခါမွ မဝတ္ဖူးဘူး.. တကယ္ဝတ္ရေတာ့မွာလား ကိုႀကီးတဲ့ (မျဖစ္ႏိုင္တဲ့ အရာေတြ ျဖစ္ခ်င္တဲ့ အခါက်ရင္ စိတ္ကူးေလး ယဥ္ေနတာပဲ ေကာင္းတယ္)” ဆိုၿပီး ေရးသားမွ်ေဝခဲ့ပါတယ္။ေက်ာင္းမတက္ခဲ့ရတဲ့

A4 ေက်ာ္စြာတစ္ေယာက္ကေတာ့ “စိတ္ကူး” သီခ်င္းဗြီဒီယိုထဲမွာ ေက်ာင္းသားဘဝေလးကို ရလိုက္သလို ခံစားခဲ့ရမွာအမွန္ပါပဲ… ယုန္ေလးေျပာသလို မျဖစ္ႏိုင္တဲ့အရာေတြ ျဖစ္ခ်င္တဲ့အခါက်ရင္ စိတ္ကူးယဥ္လိုက္တာပဲ ေကာင္းမယ္ဆိုတဲ့အတိုင္း ေက်ာင္းသားဘဝမရခဲ့ဖူးတဲ့ A4 ေက်ာ္စြာတစ္ေယာက္ ေက်ာင္းစိမ္းေလးနဲ႔သ႐ုပ္ေဆာင္ထားတဲ့ “စိတ္ကူး” သီခ်င္းဗြီဒီယိုေလး ထြက္လာရင္ အားေပးလိုက္ၾကပါဦးေနာ္။

Read in UNICODE

A4ကျော်စွာကတော့ ယုန်လေးရဲ့ဖေးမကူညီမှုနဲ့ ပရိသတ်အသိမှတ်ပြုအားပေးမှုရရှိခဲ့သူတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဖြစ်သလို ငယ်ရွယ်စဉ်အချိန်ကတည်းက ဆိုးမိုက်ပေတေမှုနဲ့ အသားကျခဲ့တဲ့ A4ကျော်စွာကတော့ အခုဆိုရင် သူယုံကြည်ရာဂီတခရီးလမ်းကို လျှောက်လှမ်းရင်း ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ယုန်လေးရဲ့ လက်ကမ်းခေါ်မှုနဲ့အတူ

” ဝမ်းစာ” ဆိုတဲ့သီချင်းလေးကို ယုန်လေး၊ A4 ကျော်စွာနဲ့ မင်းZ တို့သုံးယောက် ဖန်တီးခဲ့ကြပြီး အခုနောက်ထပ်တစ်ပုဒ်အနေနဲ့ ” စိတ်ကူး” ဆိုတဲ့သီချင်းလေး ချပြနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ယုန်လေးကတော့ မနေ့က “စိတ်ကူး” သီချင်းရဲ့ဗွီဒီယိုလေးကို ရိုက်ကူးရင်း အဖြူအစိမ်းဝတ်နဲ့ A4 ကျော်စွာရဲ့ပုံရိပ်လေးနဲ့အတူ “ဒီ မြင်ကွင်းလေးက ကျက်သရေ တော်တော်ရှိပါတယ်… ချစ်စရာ ကလေးလေး

နှစ်ယောက်နဲ့ A4 ကျော်စွာ.. ဒီအကြောင်းလေး ရိုက်မယ်ဆိုတော့ ကျော်စွာ ချက်ချင်းမျက်ရည်ဝဲတက်လာတယ် . ကျွန်တော် အဖြူနဲ့အစိမ်း တစ်ခါမှ မဝတ်ဖူးဘူး.. တကယ်ဝတ်ရတော့မှာလား ကိုကြီးတဲ့ (မဖြစ်နိုင်တဲ့ အရာတွေ ဖြစ်ချင်တဲ့ အခါကျရင် စိတ်ကူးလေး ယဉ်နေတာပဲ ကောင်းတယ်)” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။ကျောင်းမတက်ခဲ့ရတဲ့

A4 ကျော်စွာတစ်ယောက်ကတော့ “စိတ်ကူး” သီချင်းဗွီဒီယိုထဲမှာ ကျောင်းသားဘဝလေးကို ရလိုက်သလို ခံစားခဲ့ရမှာအမှန်ပါပဲ… ယုန်လေးပြောသလို မဖြစ်နိုင်တဲ့အရာတွေ ဖြစ်ချင်တဲ့အခါကျရင် စိတ်ကူးယဉ်လိုက်တာပဲ ကောင်းမယ်ဆိုတဲ့အတိုင်း ကျောင်းသားဘဝမရခဲ့ဖူးတဲ့ A4 ကျော်စွာတစ်ယောက် ကျောင်းစိမ်းလေးနဲ့သရုပ်ဆောင်ထားတဲ့ “စိတ်ကူး” သီချင်းဗွီဒီယိုလေး ထွက်လာရင် အားပေးလိုက်ကြပါဦးနော်။

Source : Yone Lay’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *