ချစ်ဖို့ကောင်းလွန်းတဲ့ သမီးငယ်လေးကို ကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ အာဇာနည်





Read in UNICODE

နာမည်ကြီး နိုင်ငံကျော် အဆိုတော်ဖြစ်သူ အာဇာနည်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အာဇာနည်ကတော့ သူ့ရဲ့ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်သူ ပဲဖြစ်ပါတယ်.။အာဇာနည်ရဲ့ သီချင်းတွေကို မကြိုက်တဲ့သူဆိုတာ မရှိလောက်အောင် သီချင်းတိုင်းက

နာမည်ကြီးပြီး လူကြိုက်များ အားပေးမှုတွေကို ရရှိထားသူပါ.။ အာဇာနည်ကတော့ မော်ဒယ် ဝမ်းနဲ့ အိမ်ထောင်ကျပြီး သားနှစ်ယောက်နဲ့ ချစ်စရာသမီးငယ်လေးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။ မကြာသေးမီကမှ ချုစ်စရာကောင်းတဲ့ သမီးငယ်လေးကို မွေးဖွားခဲ့တာဖြစ်ပြီး အာဇာနည်ကတော့ ချစ်စရာကောင်းလွန်းတဲ့

သမီးလေးကို ချစ်မဝဖြစ်နေသူလို့ ဆိုရမှာပါ.။ ကိုယ်ဝန်ဆောင်ရစဉ်ကတည်းက သမီးလေးလို့ သိရစဉ်အချိန်တည်းက ပျော်ရွှင်နေသူ အာဇာနည်ကတော့ သမီးလေးကို မြင်ပြီး စောင့်ရှောက်နေရတဲ့ အချိန်မှာတော့ ချစ်မဝဖြစ်ကာ ပျော်နေတဲ့ ပုံလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်လေ့ရှိသူပါ.။ ဇွန်လ(၁၆)ရက်နေ့မှာတော့

အာဇာနည်က ချစ်ဖို့ကောင်းတဲ့ သမီးငယ်လေးနဲ့ ရိုက်ထားတဲ့ ပုံလေးကို “ချစ်တယ်နော်”ဆိုပြီး သူ့ရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်.။ ချစ်စရာကောင်းလွန်းတဲ့ သမီးငယ်လေးကို ဖေဖေအာဇာနည်တစ်ယောက် ချစ်မဝဖြစ်နေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း ချစ်စရာကောင်းလွန်းနေတဲ့ အာဇာနည်တို့သားအဖရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။

Source : Zarni Myo Nyunt’s Facebook

Add a Comment

Your email address will not be published. Required fields are marked *