ကြယ္လြန္သြားၿပီျဖစ္တဲ့ ဖခင္ႀကီးကို မိန္းမယူဖို႔ တိုက္တြန္းခဲ့တဲ့အေၾကာင္းေတြ ျပန္ေျပာျပရင္း လြမ္းဆြတ္ သတိရေနတဲ့ စိုင္းစိုင္း

ျမန္မာနိုင္ငံရဲ႕ နုိင္ငံေက်ာ္ အဆုိေတာ္ သရုပ္ေဆာင္ စိုင္းစိုင္းခမ္းလိႈင္ကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ စိုင္းစိုင္းကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္နဲ႕ အားေပးမႈေတြကို ရင္ထဲထိေရာက္ေစတဲ့ ေတးသီခ်င္းမ်ားနဲ႕ သိမ္းပိုက္ထားသူျဖစ္ၿပီး အနုပညာနဲ႕ပတ္သက္ရင္ ရူးသြပ္ကာ ႏွစ္သက္ျမတ္နိုးသူတစ္ဦးပဲျဖစ္ပါတယ္။ အနုပညာအလုပ္တင္မကပဲ သူ႕ရဲ႕ ကိုယ္ပိုင္ စီးပြားေရးမွာလည္း

ကၽြမ္းက်င္ၿပီး ေတာ္တဲ့သူတစ္ေယာက္လို႕ ေျပာရင္မွားမယ္ မထင္ပါဘူး.။ အနုပညာေတြကို မလုပ္ျဖစ္တဲ့ အခ်ိန္ေလးေတြမွာ သူ႕ရဲ႕ စိတ္အပ်င္းေျပစရာအေနနဲက ခ်စ္ခင္တဲ့ ပရိသတ္ေတြနဲ႕အတူ အတိတ္က အမွတ္တရေလးေတြ အေၾကာင္းကို လူမႈကြန္ရက္စာမ်က္နွာေပၚမွာ ေရးတင္ကာ မွွ်ေဝေလ့ရွိသူပါ. ။ ဒီေန႕ ဇြန္လ (၁၆)ရက္ေန႕မွာ စိုင္းစိုင္းက ဖခင္ျဖစ္သူရဲ႕ ေျပာစကားေလးကို ျပန္သတိရမိတဲ့ အေၾကာင္းေလး

“အေဖနဲ႔ကၽြန္ေတာ္ ဘုရင့္ေနာင္ ပြဲ႐ုံတန္းမွာ အတူေနၾကတုန္းကေပါ့။ သားအဖႏွစ္ေယာက္တည္းဆိုေတာ့ ေျခာက္ကပ္ကပ္နဲ႔ ပ်င္းစရာ၊ ေနေရး စားေရး ေလွ်ာ္ဖြတ္ေရးကအစ စီမံေပးမယ့္သူမရွိေတာ္ေတာ္ကို ကသီလင္တျဖစ္ပါတယ္။ မိသားစုေတြမွာ အိမ္မႈကိစၥ အရာရာကို အေမေတြက ဦးေဆာင္တာမ်ားတယ္မလား။ ေနာက္ၿပီး ေဆးေပးမီးယူတို႔ စီးတဲ့ေရ ဆည္တဲ့ကန္သင္းတို႔ဆိုတာလည္း လိုေသးတယ္။ အဲဒါနဲ႔

ကၽြန္ေတာ္လည္း အိမ္ကို အုပ္ခ်ဳပ္ဖို႔ဆိုတာ အိမ္ရွင္မ ရွိမွေကာင္းမွာဆိုၿပီး အေဖ့ကို မိန္းမယူဖို႔ တိုက္တြန္းေတာ့ – “ေဟ့ေကာင္ မင္းဟာမင္းယူ ငါေတာ့ ႏွစ္ခါမမိုက္ဘူး” တဲ့။ လြမ္းတယ္ အ ေဖ ရာ။” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္။ စိုင္းစိုင္းကေတာ့ ဖခင္ျဖစ္သူနဲ႕အတူ ရွိစဥ္က ရွိခဲ့ဖူးတဲ့ အမွတ္တရေလးေတြကို ေျပာကာ သတိရၿပီး လြမ္းတဲ့စိတ္ေတြကို ေျဖေဖ်ာက္ေနတဲ့ ပံုပါပဲေနာ္..ပရိသတ္ႀကီး.။ ပရိသတ္ႀကီးလည္း ဖခင္ျဖစ္သူကို သတိရလြမ္းဆြတ္ေနတဲ့ စုိငး္စိုင္းခမ္းလိႈင္အတြက္ အားေပးစကားေလးေတြ ေျပာေပးသြားပါဦးေနာ္.။

Read in UNICODE

မြန်မာနိုင်ငံရဲ့ နိုင်ငံကျော် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ စိုင်းစိုင်းကတော့ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရင်ထဲထိရောက်စေတဲ့ တေးသီချင်းများနဲ့ သိမ်းပိုက်ထားသူဖြစ်ပြီး အနုပညာနဲ့ပတ်သက်ရင် ရူးသွပ်ကာ နှစ်သက်မြတ်နိုးသူတစ်ဦးပဲဖြစ်ပါတယ်။ အနုပညာအလုပ်တင်မကပဲ သူ့ရဲ့ ကိုယ်ပိုင် စီးပွားရေးမှာလည်း

ကျွမ်းကျင်ပြီး တော်တဲ့သူတစ်ယောက်လို့ ပြောရင်မှားမယ် မထင်ပါဘူး.။ အနုပညာတွေကို မလုပ်ဖြစ်တဲ့ အချိန်လေးတွေမှာ သူ့ရဲ့ စိတ်အပျင်းပြေစရာအနေနဲက ချစ်ခင်တဲ့ ပရိသတ်တွေနဲ့အတူ အတိတ်က အမှတ်တရလေးတွေ အကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ကာ မျှဝေလေ့ရှိသူပါ. ။ ဒီနေ့ ဇွန်လ (၁၆)ရက်နေ့မှာ စိုင်းစိုင်းက ဖခင်ဖြစ်သူရဲ့ ပြောစကားလေးကို ပြန်သတိရမိတဲ့ အကြောင်းလေး

“အဖေနဲ့ကျွန်တော် ဘုရင့်နောင် ပွဲရုံတန်းမှာ အတူနေကြတုန်းကပေါ့။ သားအဖနှစ်ယောက်တည်းဆိုတော့ ခြောက်ကပ်ကပ်နဲ့ ပျင်းစရာ၊ နေရေး စားရေး လျှော်ဖွတ်ရေးကအစ စီမံပေးမယ့်သူမရှိတော်တော်ကို ကသီလင်တဖြစ်ပါတယ်။ မိသားစုတွေမှာ အိမ်မှုကိစ္စ အရာရာကို အမေတွေက ဦးဆောင်တာများတယ်မလား။ နောက်ပြီး ဆေးပေးမီးယူတို့ စီးတဲ့ရေ ဆည်တဲ့ကန်သင်းတို့ဆိုတာလည်း လိုသေးတယ်။ အဲဒါနဲ့

ကျွန်တော်လည်း အိမ်ကို အုပ်ချုပ်ဖို့ဆိုတာ အိမ်ရှင်မ ရှိမှကောင်းမှာဆိုပြီး အဖေ့ကို မိန်းမယူဖို့ တိုက်တွန်းတော့ – “ဟေ့ကောင် မင်းဟာမင်းယူ ငါတော့ နှစ်ခါမမိုက်ဘူး” တဲ့။ လွမ်းတယ် အ ဖေ ရာ။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်။ စိုင်းစိုင်းကတော့ ဖခင်ဖြစ်သူနဲ့အတူ ရှိစဉ်က ရှိခဲ့ဖူးတဲ့ အမှတ်တရလေးတွေကို ပြောကာ သတိရပြီး လွမ်းတဲ့စိတ်တွေကို ဖြေဖျောက်နေတဲ့ ပုံပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ဖခင်ဖြစ်သူကို သတိရလွမ်းဆွတ်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်အတွက် အားပေးစကားလေးတွေ ပြောပေးသွားပါဦးနော်.။

Source : Sai Sai Khem Leng’s Facebook

Add a Comment

Your email address will not be published. Required fields are marked *