မင်္ဂလာနှစ်ပတ်လည်(၃၅)နှစ်ပြည့်သွားပြီဖြစ်တဲ့ မိဘနှစ်ပါးအတွက် ဆုတောင်းပေးခဲ့တဲ့ ကျော်ကျော်
Read in UNICODE
ဒီနေ့ ဇွန်လ (၁၆)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော ကျော်ကျော်ရဲ့ မိဘတွေ အတွက် (၃၅)နှစ်ပြည့်မြောက်တဲ့ မင်္ဂလာနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ကျော်ကျော်ကတော့ ဒီနေ့မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက်ကို
မိဘတွေအတွက် အခုလိုပဲ ဆုတောင်းစကားဆိုလာပါတယ်။ “ဒီနေ့ကတော့ ဖေဖေနဲ့မေမေရဲ့ ပျော်ရွှင်စရာ (၃၅) နှစ်ပြည့်မဂ်လာရက်မြတ်လေးပဲဖြစ်ပါတယ်။ ချစ်ရတဲ့သားသမီးမြေးမြစ်များနဲ့အတူ နောင်နှစ်တစ်ရာတိုင် ကျန်းမာ ပျော်ရွှင်စွာနေနိုင်ပါစေလို့ သားဆုတောင်းပေးပါတယ်ခင်ဗျာ။”ဆိုပြီ း
ကျော်ကျော်က သူရဲ့မိဘတွေနဲ့အတူရိုက်ကူးထားတဲ့ ပုံလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေပြီးတော့ ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ကျော်ကျော်ရဲ့ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်
ညီကိုမောင်မနှမတွေကလည်း ကျော်ကျော့်မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက်ကို ဆုတောင်းစကားတွေဆိုပေးထားကြပါသေးတယ်။ ပရိသတ်ကြီးတွေလည်း ကျော်ကျော်ရဲ့ မိဘတွေအတွက် မင်္ဂလာနှစ်ပတ်လည်ဆုတောင်းစကားလေးတွေပြောခဲ့ပေးပါဦး။
Source : Kyaw Naing Oo’s Facebook | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *