အၿမဲလို အနားမွာရွိတဲ့ ေခြးေလး ေသဆံုးသြားတာေၾကာင့္ ဝမ္းနည္းေနတဲ့ သဇင္ထူးျမင့္
|ပရိသတ္ေတြ ခ်စ္စႏိုးနဲ႔ သဲလို႔ ေခၚၾကတဲ့ သဇင္ထူးျမင့္ကေတာ့ ဦးခင္လႈိင္ရဲ႕အႏုပညာအေမြကို ဆက္ခံထားသူတစ္ေယာက္ပါ။ ဖခင္လိုပဲ ခ်စ္ျခင္းေမတၱာအျပည့္နဲ႔အားေပးဝန္းရံသူပရိသတ္မ်ားစြာရရွိထားတဲ့ မင္းသမီးေလးဆိုရင္လည္း မမွားပါဘူး ။ ေ႐ႊႀကိဳတစ္ေယာက္အျဖစ္နဲ႔ အႏုပညာေလာကထဲကို ဝင္ေရာက္ခဲ့ၿပီး

အခုဆိုရင္ေတာ့ ေၾကာ္ျငာေတြဆက္တိုက္႐ိုက္ကူးေနရၿပီလည္း ျဖစ္ပါတယ္။ သဲကေတာ့ သူ႔ရဲ႕တေန႔တာအေၾကာင္းအရာေလးေတြကို ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ အၿမဲမွ်ေဝေပးေလ့ရွိသူတစ္ေယာက္ပါ။ ဒီေန႔မွာေတာ့ စိတ္မေကာင္းစရာသတင္းေလးတစ္ခုကို မွ်ေဝခဲ့ပါတယ္။ သဲရဲ႕အနားမွာ

အၿမဲရွိေနတတ္တဲ့ အခ်စ္ရဆုံးေခြးေလး ဂိုဂိုးဆုံးပါးသြားခဲ့တဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး “အခ်ိန္ခဏေလးပဲ ဆုံခဲ့ရတဲ့ကေလးေလး တစ္အိမ္လုံးမွာသူအကဲဆုံး အၿမဲတက္ႂကြေနၿပီး လူမရွိရင္ အရမ္းေၾကာက္တတ္တဲ့ကေလးေလး… ႐ုတ္တရက္ႀကီး ကေလးေလးရယ္… အရင္က

ဆိုမ်က္စိေနာက္ေလာက္ေအာင္ေဆာ့လြန္းတာ… ေနမေကာင္းတဲ့သုံးေလးရက္မွာ အရမ္းၿငိမ္သြားလို႔ စိတ္မေကာင္းျဖစ္ေနတာ ….အရင္လိုျပန္ေဆာ့ေစခ်င္တာ သမီးေလးဂိုဂိုးရယ္… အၿမဲသတိရေနမွာပါ…. အခ်ိန္အၾကာႀကီးမေနလိုက္ရပါလား သမီးရယ္” ဆိုၿပီး စိတ္မေကာင္းစြာ

မွ်ေဝခဲ့ပါတယ္။ တိရစာၦန္ေလးေတြကို ခ်စ္တတ္လြန္းတဲ့ သဲအတြက္ေတာ့ ဂိုဂိုးေလးေသသြာတာက တကယ္ကို ႀကီးမားတဲ့ဆုံးရႈံးမႈတစ္ခု ျဖစ္ေနမွာအမွန္ပါပဲ။ လူမရွိရင္ေတာင္ အရမ္းေၾကာက္တတ္တဲ့ခ်စ္စရာေခြးေလးဂိုဂိုး ေကာင္းရာမြန္ရာေရာက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဝမ္းနည္းေနတဲ့ သဲအတြက္ အားေပးစကားေလး ေျပာေပးခဲ့ပါဦး ပရိသတ္ႀကီးေရ…
Read in UNICODE
ပရိသတ်တွေ ချစ်စနိုးနဲ့ သဲလို့ ခေါ်ကြတဲ့ သဇင်ထူးမြင့်ကတော့ ဦးခင်လှိုင်ရဲ့အနုပညာအမွေကို ဆက်ခံထားသူတစ်ယောက်ပါ။ ဖခင်လိုပဲ ချစ်ခြင်းမေတ္တာအပြည့်နဲ့အားပေးဝန်းရံသူပရိသတ်များစွာရရှိထားတဲ့ မင်းသမီးလေးဆိုရင်လည်း မမှားပါဘူး ။ ရွှေကြိုတစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီး

အခုဆိုရင်တော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရပြီလည်း ဖြစ်ပါတယ်။ သဲကတော့ သူ့ရဲ့တနေ့တာအကြောင်းအရာလေးတွေကို ဖေ့ဘွတ်ခ်စာမျက်နှာမှာ အမြဲမျှဝေပေးလေ့ရှိသူတစ်ယောက်ပါ။ ဒီနေ့မှာတော့ စိတ်မကောင်းစရာသတင်းလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ သဲရဲ့အနားမှာ

အမြဲရှိနေတတ်တဲ့ အချစ်ရဆုံးခွေးလေး ဂိုဂိုးဆုံးပါးသွားခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး “အချိန်ခဏလေးပဲ ဆုံခဲ့ရတဲ့ကလေးလေး တစ်အိမ်လုံးမှာသူအကဲဆုံး အမြဲတက်ကြွနေပြီး လူမရှိရင် အရမ်းကြောက်တတ်တဲ့ကလေးလေး… ရုတ်တရက်ကြီး ကလေးလေးရယ်… အရင်က

ဆိုမျက်စိနောက်လောက်အောင်ဆော့လွန်းတာ… နေမကောင်းတဲ့သုံးလေးရက်မှာ အရမ်းငြိမ်သွားလို့ စိတ်မကောင်းဖြစ်နေတာ ….အရင်လိုပြန်ဆော့စေချင်တာ သမီးလေးဂိုဂိုးရယ်… အမြဲသတိရနေမှာပါ…. အချိန်အကြာကြီးမနေလိုက်ရပါလား သမီးရယ်” ဆိုပြီး စိတ်မကောင်းစွာ

မျှဝေခဲ့ပါတယ်။ တိရစ္ဆာန်လေးတွေကို ချစ်တတ်လွန်းတဲ့ သဲအတွက်တော့ ဂိုဂိုးလေးသေသွာတာက တကယ်ကို ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်နေမှာအမှန်ပါပဲ။ လူမရှိရင်တောင် အရမ်းကြောက်တတ်တဲ့ချစ်စရာခွေးလေးဂိုဂိုး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဝမ်းနည်းနေတဲ့ သဲအတွက် အားပေးစကားလေး ပြောပေးခဲ့ပါဦး ပရိသတ်ကြီးရေ…
Source : Thazin Htoo Myint | Reference & Credit : Cele Gabar