မိဘႏွစ္ပါးကို အႏုပညာေၾကးရတဲ့ ပိုက္ဆံ သိန္း(၃၀၀)နဲ႔ ကန္ေတာ့ခဲ့တဲ့ ေနဆန္း

ေနဆန္းကေတာ့ လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ Tik Tok အခြီ ဗီဒီယိုေလးေတြ႐ိုက္ကူးရင္းကေန ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို ရရွိလာတဲ့ သူတစ္ေယာက္ပါ။ ေနာက္ပိုင္းမွာေတာ့ ပညာေပးဗီဒီယိုေလးေတြကိုပါ႐ိုက္ကူးခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ေနဆန္းက ေၾကာ္ျငာဗီဒီယိုေလးေတြကိုပါ႐ိုက္ကူးေနရတဲ့

အထိကိုလည္း ေအာင္ျမင္မႈေတြရရွိေနၿပီလည္းျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ေနဆန္းက သူ႔ရဲ႕ အႏုပညာအလုပ္ေတြကိုလုပ္ကိုင္ရာကေန ရရွိလာတဲ့ အႏုပညာေၾကးေလးေတြနဲ႔ မိဘေတြကို ကန္ေတာ့ျဖစ္ခဲ့တဲ့ အေၾကာင္းကို “ပရိသတ္ေတြအားေပးၿပီး ရလာတဲ့အႏုပညာေၾကး သိန္း ( ၃၀၀ ) ကို

အေဖနဲ႔အေမကို ကန္ေတာ့ခဲ့ပါတယ္”လို႔ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပလာခဲ့ပါတယ္။ေနဆန္းကေတာ့ မိဘေတြအေပၚမွာ သိတတ္လိမၼာလြန္းတဲ့ သားလိမၼာေလးတစ္ေယာက္ပါပဲ။ မိဘေတြကိုကန္ေတာ့ခဲ့တဲ့ အျပင္ ေနအိမ္မွာ သံဃာေတာ္ (၉)ပါးကိုလည္း

ပင့္ဖိတ္ၿပီး အာ႐ုံဆြမ္းနဲ႔ ဝတၳဳေငြတို႔ကိုကပ္လႉခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ေနဆန္းကေတာ့ မိဘႏွစ္ပါးအေပၚမွာလည္း သိတတ္လိမၼာတဲ့ သားလိမၼာတစ္ေယာက္ျဖစ္တဲ့ အျပင္ ဘာသာတရားကိုလည္း ကိုင္းရႈိင္းတဲ့ သူတစ္ေယာက္ပါပဲေနာ္။

Read in UNICODE

နေဆန်းကတော့ လူမှုကွန်ရက်စာမျက်နှာထက်မှာ Tik Tok အခွီ ဗီဒီယိုလေးတွေရိုက်ကူးရင်းကနေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိလာတဲ့ သူတစ်ယောက်ပါ။ နောက်ပိုင်းမှာတော့ ပညာပေးဗီဒီယိုလေးတွေကိုပါရိုက်ကူးခဲ့ပြီး လက်ရှိအချိန်မှာတော့ နေဆန်းက ကြော်ငြာဗီဒီယိုလေးတွေကိုပါရိုက်ကူးနေရတဲ့

အထိကိုလည်း အောင်မြင်မှုတွေရရှိနေပြီလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေဆန်းက သူ့ရဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရာကနေ ရရှိလာတဲ့ အနုပညာကြေးလေးတွေနဲ့ မိဘတွေကို ကန်တော့ဖြစ်ခဲ့တဲ့ အကြောင်းကို “ပရိသတ်တွေအားပေးပြီး ရလာတဲ့အနုပညာကြေး သိန်း ( ၃၀၀ ) ကို

အဖေနဲ့အမေကို ကန်တော့ခဲ့ပါတယ်”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။နေဆန်းကတော့ မိဘတွေအပေါ်မှာ သိတတ်လိမ္မာလွန်းတဲ့ သားလိမ္မာလေးတစ်ယောက်ပါပဲ။ မိဘတွေကိုကန်တော့ခဲ့တဲ့ အပြင် နေအိမ်မှာ သံဃာတော် (၉)ပါးကိုလည်း

ပင့်ဖိတ်ပြီး အာရုံဆွမ်းနဲ့ ဝတ္ထုငွေတို့ကိုကပ်လှူခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ နေဆန်းကတော့ မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သားလိမ္မာတစ်ယောက်ဖြစ်တဲ့ အပြင် ဘာသာတရားကိုလည်း ကိုင်းရှိုင်းတဲ့ သူတစ်ယောက်ပါပဲနော်။

Source : Nay Sann | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *