ကိုယ္ပိုင္လုပ္အားခနဲ႔ မိဘကို လုပ္ေကြၽးျပဳစုရတာဟာ ဂုဏ္ယူစရာေကာင္းတယ္ဆိုတဲ့ ပိုင္တံခြန္

ပိုင္တံခြန္ကေတာ့ သူခ်စ္ရတဲ့ လူငယ္ပရိသတ္ေတြအတြက္ တန္ဖိုးရွိလွတဲ့ အေတြးအေခၚေလးေတြကို အခုလို မွ်ေဝလာပါတယ္။ ကိုယ္ပိုင္အရည္အခ်င္းနဲ႔ ခ်မ္းသာတဲ့သူေတြကို အတုယူေစခ်င္တယ္လို႔ သူကဆိုပါတယ္။ ” အရည္အခ်င္းနဲ႔ခ်မ္းသာတဲ့လူေတြကိုအတုယူပါ။ ခ်မ္းသာမႈကိုလိုက္စားတဲ့လူေတြကိုအားမက်ပါနဲ႔ ။ ကိုယ္က မျပည့္စုံတဲ့ အသိုင္းဝိုင္းက ဆင္းသက္လာၿပီး ကိုယ့္လုပ္အားခေလးနဲ႔ မိဘကို ရွာေကြၽးေနတဲ့ ညီ၊ ညီမေလး ေတြအတြက္‌ပါ။ လူငယ္ေတာ္ေတာ္မ်ားမ်ားက အ႐ြယ္ေရာက္လာတဲ့အခါ ဝတ္ခ်င္၊ စားခ်င္၊ သြားခ်င္၊ လာခ်င္ၾကတယ္ ။ ကိုယ့္ဘဝက မျပည့္စုံဘူး ဆင္းရဲတယ္။ အလုပ္လုပ္ေပမယ့္လည္း ရတဲ့ေငြေလးနဲ႔ မိဘ ေဆြမ်ိဳးေတြကို

ျပန္ေထာက္ပံ့ရတဲ့အခါ ကိုယ့္ အတြက္ သုံးဖို႔ေတာင္ အႏိုင္ႏိုင္ ျဖစ္လာၾကတယ္။ အဲဒါ နဲ႔ပဲ စိတ္ညစ္စရာေတြႀကဳံလာတဲ့အခါ ကိုယ့္ ဘဝကို ကိုယ္တိုင္စိတ္ကုန္မိၿပီး ကိုယ္နဲ႔ ႐ြယ္တူ ခ်မ္းသာတဲ့ သူငယ္ခ်င္းေတြကို သိပ္အားက်ရတဲ့ အခ်ိန္ေတြရွိလာတတ္တယ္။ သိမ္ငယ္စိတ္ေတြလည္း ဝင္လာတတ္တယ္ ၊တခ်ိဳ႕ ဆို မိသားစု အေပၚေတာင္ အျပစ္ျမင္လာတတ္ၾကတယ္။ငါက ဘာလို႔ ခ်မ္းသာတဲ့ မိသားစုမွာ မေမြးဖြားခဲ့တာလည္းဆိုတဲ့ အေတြးက အစေပါ့…” ဆိုၿပီးေတာ့ ဇြန္လ ၁၅ ရက္ေန႔ ည ၁၀ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ကိုယ္ပိုင္လုပ္အားခနဲ႔ မိဘကို လုပ္ေကြၽးျပဳစုရတာဟာ ဂုဏ္ယူစရာေကာင္းတယ္လို႔ ပိုင္တံခြန္က

ဆိုပါတယ္။ ကိုယ့္ဘဝကိုယ္ သိမ္ငယ္စရာမလိုတဲ့အေၾကာင္းကိုလည္း အခုလို ေျပာျပခဲ့ပါေသးတယ္။ “ကိုယ္နဲ႔ ႐ြယ္တူ ခ်မ္းသာတဲ့ သူငယ္ခ်င္းေတြ၊ မိဘဝယ္ေပးတဲ့ အေကာင္းဆုံး အရာေတြၾကား ႂကြားလုံးထုတ္ ေပ်ာ္ပါးေနခ်ိန္မွာ ကိုယ္က ကိုယ္ရတဲ့ ေငြေလးနဲ႔ မိဘကို အေကာင္းဆုံးျဖစ္ေအာင္ ဖန္တီးေပးေနတယ္ ဆိုတာ ပို ဝင့္ႂကြားဖို႔ေကာင္းတဲ့အရာပါ ။တန္ဖိုးႀကီးတယ္ဆိုတဲ့ အရာေတြထက္ ပို တန္ဖိုးႀကီးမားတဲ့အရာေပါ့။ တကယ္လို႔ ငါ့ မိဘက ၿပီးျပည့္စုံေအာင္ ခ်မ္းသာေနရင္ ငါ ေရာ ဘာလုပ္ျဖစ္ေနမလဲ ဆိုၿပီး ကိုယ္တိုင္လဲ ေမးၾကည့္ပါ။ တခါတေလ အရာရာျပည့္စုံေနေတာ့ မိဘရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးဖို႔ေမ့ေနတတ္တယ္။ ခ်မ္းသာၿပီးေတာ္တဲ့ မိဘ‌ေက်းဇူး

သိတတ္တဲ့ကေလးေတြလည္း အမ်ားႀကီးရွိပါတယ္။ ကိုယ့္ရဲ႕ ဘဝကို မသိမ္ငယ္ေစဖို႔နဲ႔ ကိုယ့္ဆီမွာ မိဘအေပၚေကြၽးေမြးျပဳစုခြင့္ရတဲ့ သိပ္ကို ေကာင္းတဲ့ ကံကို ပိုင္ဆိုင္ထားတယ္ဆိုတာ မွတ္ထားေပးပါလို႔ ဒီစာေလးကို အဆုံးသတ္ရင္း ………ပိုင္တံခြန္” ဆိုၿပီးေတာ့ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ပိုင္တံခြန္ဟာ ငယ္စဥ္က ခေမာက္ႀကီး ေတာ႐ြာေလးမွာ ႀကီးျပင္းခဲ့ရသူ တစ္ေယာက္ျဖစ္တယ္လို႔ သူ႔ရဲ႕ ငယ္ဘဝ အေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီး ေဖ့စ္ဘြတ္စာမ်က္ႏွာထက္မွာ ေျပာျပခဲ့ဖူးပါတယ္။ သူကိုယ္တိုင္ကလည္း ျပည့္စုံတဲ့ မိသားစုဘဝမွာ ႀကီးျပင္းခဲ့ရသူ မဟုတ္ပါဘူးတဲ့။ ဒါေၾကာင့္ ေတာသားလို႔ အေခၚခံရတိုင္း ငယ္ဘဝေလးကို အၿမဲ သတိရေနတတ္တယ္လို႔လည္း သူက ဆိုပါတယ္။ လက္ရွိမွာေတာ့ ပိုင္တံခြန္က

ေအာင္ျမင္မႈအခိုင္အမာရရွိထားတဲ့ လူငယ္အႏုပညာရွင္တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။ သူ႔ကိုေတာ့ ျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ ပရိသတ္ေတြသာမက ထိုင္းႏိုင္ငံ က ပရိသတ္ေတြကလည္း သည္းသည္းလႈပ္အားေပးခဲ့ၾကတာေတြ႕ရပါတယ္။ အဲဒီေနာက္ ကေမာၻဒီးယားႏိုင္ငံမွာလည္း သူ႔ကို ခ်စ္တဲ့ ပရိသတ္အမ်ားႀကီး ရွိလာၿပီလို႔လည္း သိရပါတယ္။ ပိုင္တံခြန္အေနနဲ႔ ၂၀၁၉ ခုႏွစ္အတြင္းက ထိုင္းႏိုင္ငံမွာရွိတဲ့ ျမန္မာလူမ်ိဳး၊ ထိုင္းလူမ်ိဳး ပရိသတ္ေတြနဲ႔လည္း သြားေရာက္ေတြ႕ဆုံခဲ့ပါေသးတယ္။ ပိုင္တံခြန္ဟာ အႏုပညာေလာကထဲကို ေမာ္ဒယ္လ္ တစ္ေယာက္အေနနဲ႔ စတင္ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူဟာ ႏိုင္ငံတကာမွာရွိတဲ့ အႏုပညာရွင္ေတြနဲ႔လည္း လက္တြဲအလုပ္လုပ္ေနရသူ တစ္ေယာက္ျဖစ္ပါတယ္။ သူက ေမာ္ဒယ္လ္အလုပ္သာမက သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ႐ုပ္ရွင္ကားႀကီးေတြလည္း ႐ိုက္ကူးေနရၿပီျဖစ္သလို ဂီတဘက္ ကိုလည္း ဝါသနာပါတာေၾကာင့္ သူ႔ရဲ႕ တစ္ကိုယ္ေတာ္ Mini Album ေလးျဖစ္တဲ့ “ခ်စ္သူ” ဆိုတဲ့ ေတးစီးရီးကိုလည္း ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ ၁၆ ရက္ေန႔ က ထြက္ရွိခဲ့ပါေသးတယ္။

Read in UNICODE

ပိုင်တံခွန်ကတော့ သူချစ်ရတဲ့ လူငယ်ပရိသတ်တွေအတွက် တန်ဖိုးရှိလှတဲ့ အတွေးအခေါ်လေးတွေကို အခုလို မျှဝေလာပါတယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့ ချမ်းသာတဲ့သူတွေကို အတုယူစေချင်တယ်လို့ သူကဆိုပါတယ်။ ” အရည်အချင်းနဲ့ချမ်းသာတဲ့လူတွေကိုအတုယူပါ။ ချမ်းသာမှုကိုလိုက်စားတဲ့လူတွေကိုအားမကျပါနဲ့ ။ ကိုယ်က မပြည့်စုံတဲ့ အသိုင်းဝိုင်းက ဆင်းသက်လာပြီး ကိုယ့်လုပ်အားခလေးနဲ့ မိဘကို ရှာကျွေးနေတဲ့ ညီ၊ ညီမလေး တွေအတွက်‌ပါ။ လူငယ်တော်တော်များများက အရွယ်ရောက်လာတဲ့အခါ ဝတ်ချင်၊ စားချင်၊ သွားချင်၊ လာချင်ကြတယ် ။ ကိုယ့်ဘဝက မပြည့်စုံဘူး ဆင်းရဲတယ်။ အလုပ်လုပ်ပေမယ့်လည်း ရတဲ့ငွေလေးနဲ့ မိဘ ဆွေမျိုးတွေကို

ပြန်ထောက်ပံ့ရတဲ့အခါ ကိုယ့် အတွက် သုံးဖို့တောင် အနိုင်နိုင် ဖြစ်လာကြတယ်။ အဲဒါ နဲ့ပဲ စိတ်ညစ်စရာတွေကြုံလာတဲ့အခါ ကိုယ့် ဘဝကို ကိုယ်တိုင်စိတ်ကုန်မိပြီး ကိုယ်နဲ့ ရွယ်တူ ချမ်းသာတဲ့ သူငယ်ချင်းတွေကို သိပ်အားကျရတဲ့ အချိန်တွေရှိလာတတ်တယ်။ သိမ်ငယ်စိတ်တွေလည်း ဝင်လာတတ်တယ် ၊တချို့ ဆို မိသားစု အပေါ်တောင် အပြစ်မြင်လာတတ်ကြတယ်။ငါက ဘာလို့ ချမ်းသာတဲ့ မိသားစုမှာ မမွေးဖွားခဲ့တာလည်းဆိုတဲ့ အတွေးက အစပေါ့…” ဆိုပြီးတော့ ဇွန်လ ၁၅ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ကိုယ်ပိုင်လုပ်အားခနဲ့ မိဘကို လုပ်ကျွေးပြုစုရတာဟာ ဂုဏ်ယူစရာကောင်းတယ်လို့ ပိုင်တံခွန်က

ဆိုပါတယ်။ ကိုယ့်ဘဝကိုယ် သိမ်ငယ်စရာမလိုတဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ “ကိုယ်နဲ့ ရွယ်တူ ချမ်းသာတဲ့ သူငယ်ချင်းတွေ၊ မိဘဝယ်ပေးတဲ့ အကောင်းဆုံး အရာတွေကြား ကြွားလုံးထုတ် ပျော်ပါးနေချိန်မှာ ကိုယ်က ကိုယ်ရတဲ့ ငွေလေးနဲ့ မိဘကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနေတယ် ဆိုတာ ပို ဝင့်ကြွားဖို့ကောင်းတဲ့အရာပါ ။တန်ဖိုးကြီးတယ်ဆိုတဲ့ အရာတွေထက် ပို တန်ဖိုးကြီးမားတဲ့အရာပေါ့။ တကယ်လို့ ငါ့ မိဘက ပြီးပြည့်စုံအောင် ချမ်းသာနေရင် ငါ ရော ဘာလုပ်ဖြစ်နေမလဲ ဆိုပြီး ကိုယ်တိုင်လဲ မေးကြည့်ပါ။ တခါတလေ အရာရာပြည့်စုံနေတော့ မိဘရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့မေ့နေတတ်တယ်။ ချမ်းသာပြီးတော်တဲ့ မိဘ‌ကျေးဇူး

သိတတ်တဲ့ကလေးတွေလည်း အများကြီးရှိပါတယ်။ ကိုယ့်ရဲ့ ဘဝကို မသိမ်ငယ်စေဖို့နဲ့ ကိုယ့်ဆီမှာ မိဘအပေါ်ကျွေးမွေးပြုစုခွင့်ရတဲ့ သိပ်ကို ကောင်းတဲ့ ကံကို ပိုင်ဆိုင်ထားတယ်ဆိုတာ မှတ်ထားပေးပါလို့ ဒီစာလေးကို အဆုံးသတ်ရင်း ………ပိုင်တံခွန်” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ ပိုင်တံခွန်ဟာ ငယ်စဉ်က ခမောက်ကြီး တောရွာလေးမှာ ကြီးပြင်းခဲ့ရသူ တစ်ယောက်ဖြစ်တယ်လို့ သူ့ရဲ့ ငယ်ဘဝ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ ပြောပြခဲ့ဖူးပါတယ်။ သူကိုယ်တိုင်ကလည်း ပြည့်စုံတဲ့ မိသားစုဘဝမှာ ကြီးပြင်းခဲ့ရသူ မဟုတ်ပါဘူးတဲ့။ ဒါကြောင့် တောသားလို့ အခေါ်ခံရတိုင်း ငယ်ဘဝလေးကို အမြဲ သတိရနေတတ်တယ်လို့လည်း သူက ဆိုပါတယ်။ လက်ရှိမှာတော့ ပိုင်တံခွန်က

အောင်မြင်မှုအခိုင်အမာရရှိထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ကိုတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပရိသတ်တွေသာမက ထိုင်းနိုင်ငံ က ပရိသတ်တွေကလည်း သည်းသည်းလှုပ်အားပေးခဲ့ကြတာတွေ့ရပါတယ်။ အဲဒီနောက် ကမ္ဘောဒီးယားနိုင်ငံမှာလည်း သူ့ကို ချစ်တဲ့ ပရိသတ်အများကြီး ရှိလာပြီလို့လည်း သိရပါတယ်။ ပိုင်တံခွန်အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး၊ ထိုင်းလူမျိုး ပရိသတ်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ “ချစ်သူ” ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *