ယေန႔မနက္ မ်က္လံုးခဏျပန္ပြင့္လာၿပီဆိုတဲ့ ဦးမန္းဝင္းရဲ႕ က်န္းမာေရး အေျခအေန

ဇြန္လ(၁၅) ရက္ေန႔က က်န္းမာေရး အေျခအေန စိုးရိမ္ေနရတဲ့ ဟာသလူ႐ႊင္ေတာ္ႀကီး သ႐ုပ္ေဆာင္ မန္းဝင္းဟာ ဒီေန႔(ဇြန္လ ၁၆) ရက္မွာ မ်က္လုံးေလး ျပန္ပြင့္ၿပီး ပုံမွန္အတိုင္းအသိေလးရွိေနေသးတယ္လို႔ သမီးျဖစ္သူ ေဟမာ မန္းဝင္းက ေျပာပါတယ္။ “ အခုအေဖက

မ်က္လုံးေလး ျပန္ပြင့္လာၿပီ။ စကားေတာ့ မေျပာႏိုင္ေသးဘူး။ သတိကေတာ့ ရွိတယ္။ ဒီအေျခအေနက နည္းနည္းေကာင္းလာၿပီဆိုတဲ့ သေဘာေပါ့ေနာ္။ တစ္မိသားစုလုံး အရမ္းဝမ္းသာေနပါတယ္” ဆိုၿပီးေတာ့ သမီးျဖစ္သူ ေဟမာ မန္းဝင္းက ဆိုပါတယ္။ ဦးမန္းဝင္းဟာ ဇြန္လ (၁) ရက္ေန႔က ဦးေႏွာက္ေသြးယိုစိမ့္ခဲ့တာေၾကာင့္ ပင္လုံေဆး႐ုံႀကီးမွာ ခ်က္ခ်င္း ခြဲစိတ္မႈ

ခံယူခဲ့ရတာျဖစ္ပါတယ္။ ဇြန္လ(၁၄) ရက္ေန႔မွာေတာ့ ေနအိမ္ကို ျပန္လည္ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး က်န္းမာေရးအေျခအေန စိုးရိမ္ရတယ္လို႔ ေဟမာမန္းဝင္းက ေျပာျပခဲ့ပါတယ္။ ဦးေႏွာက္ေသသြားခဲ့ တာေၾကာင့္ ႏွလုံးခုန္သံေလးကိုသာ ေစာင့္ၾကည့္ေနခဲ့ရတာျဖစ္ၿပီး ႏွလုံးခုန္သံ ရပ္သြားပါက အသက္ပါ ဆုံးရႈံးသြားမွာျဖစ္တယ္လို႔လည္း ေဟမာ မန္းဝင္းက ေျပာျပခဲ့ပါတယ္။ေဖေဖာ္ဝါရီလအတြင္းက

ႏွလုံးေရာဂါေၾကာင့္ ဦးမန္းဝင္းဟာ ႐ုတ္တရက္ ေဆး႐ုံတင္ခဲ့ရတယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ က်န္းမာေရး အေျခအေနဟာ ေစာင့္ၾကည့္ရမယ့္ အေနအထားျဖစ္တယ္လို႔လည္း ဇနီးျဖစ္သူက ေျဖဆိုခဲ့ဖူးပါတယ္။ လူ႐ႊင္ေတာ္ႀကီး မန္းဝင္းကေတာ့ ေက်ာက္ကပ္ေဝဒနာခံစားေနရတာ ႏွစ္နဲ႔ခ်ီရွိေနပါၿပီ။ ေက်ာက္ကပ္ တစ္ခါေဆးရင္

၁ သိန္းကုန္က် စားရိတ္ရွိတယ္လို႔ သိရပါတယ္။ မန္းဝင္းကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္နဲ႔ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာပါ။ သူဟာ အၿငိမ့္၊ ဇာတ္ပြဲေပါင္း မ်ားစြာတို႔မွာ လူ႐ႊင္ေတာ္အျဖစ္ ကျပေဖ်ာ္ေျဖခဲ့သူျဖစ္ပါတယ္။ အဲဒီေနာက္ သ႐ုပ္ေဆာင္နဲ႔ ပတ္သက္ၿပီး ဗီဒီယို ဇာတ္ကားေပါင္းမ်ားစြာတို႔မွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားတာ ေတြ႕ရပါတယ္။

Read in UNICODE

ဇွန်လ(၁၅) ရက်နေ့က ကျန်းမာရေး အခြေအနေ စိုးရိမ်နေရတဲ့ ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းဟာ ဒီနေ့(ဇွန်လ ၁၆) ရက်မှာ မျက်လုံးလေး ပြန်ပွင့်ပြီး ပုံမှန်အတိုင်းအသိလေးရှိနေသေးတယ်လို့ သမီးဖြစ်သူ ဟေမာ မန်းဝင်းက ပြောပါတယ်။ “ အခုအဖေက

မျက်လုံးလေး ပြန်ပွင့်လာပြီ။ စကားတော့ မပြောနိုင်သေးဘူး။ သတိကတော့ ရှိတယ်။ ဒီအခြေအနေက နည်းနည်းကောင်းလာပြီဆိုတဲ့ သဘောပေါ့နော်။ တစ်မိသားစုလုံး အရမ်းဝမ်းသာနေပါတယ်” ဆိုပြီးတော့ သမီးဖြစ်သူ ဟေမာ မန်းဝင်းက ဆိုပါတယ်။ ဦးမန်းဝင်းဟာ ဇွန်လ (၁) ရက်နေ့က ဦးနှောက်သွေးယိုစိမ့်ခဲ့တာကြောင့် ပင်လုံဆေးရုံကြီးမှာ ချက်ချင်း ခွဲစိတ်မှု

ခံယူခဲ့ရတာဖြစ်ပါတယ်။ ဇွန်လ(၁၄) ရက်နေ့မှာတော့ နေအိမ်ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ ဟေမာမန်းဝင်းက ပြောပြခဲ့ပါတယ်။ ဦးနှောက်သေသွားခဲ့ တာကြောင့် နှလုံးခုန်သံလေးကိုသာ စောင့်ကြည့်နေခဲ့ရတာဖြစ်ပြီး နှလုံးခုန်သံ ရပ်သွားပါက အသက်ပါ ဆုံးရှုံးသွားမှာဖြစ်တယ်လို့လည်း ဟေမာ မန်းဝင်းက ပြောပြခဲ့ပါတယ်။ဖေဖော်ဝါရီလအတွင်းက

နှလုံးရောဂါကြောင့် ဦးမန်းဝင်းဟာ ရုတ်တရက် ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေဟာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့လည်း ဇနီးဖြစ်သူက ဖြေဆိုခဲ့ဖူးပါတယ်။ လူရွှင်တော်ကြီး မန်းဝင်းကတော့ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိနေပါပြီ။ ကျောက်ကပ် တစ်ခါဆေးရင်

၁ သိန်းကုန်ကျ စားရိတ်ရှိတယ်လို့ သိရပါတယ်။ မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *